Wednesday, 11 April 2012

နာဂနဲ.အပစ်ခတ်ရပ်ပြီသို့သော်.....


နာဂလက်နက်ကိုင် NSCN(K) အဖွဲ့ နဲ့ ဒီလဆန်းကစပြီး အပစ်ရပ်ဖို့ သဘောတူလိုက်ပါပြီ တဲ့။ ဒီကနေ့ မြန်မာအစိုးရအာဘော် သတင်းစာများမှာ ဖော်ပြထားပါတယ်။

NSCN(K) ဆိုတာ The National Socialist Council of Nagaland – Khaplang နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ ဖြစ်ပါတယ်။

နာဂတိုင်းရင်းသားတွေက မြန်မာ နဲ့ အိန္ဒိယ နှစ်နိုင်ငံလုံးမှာ နေထိုင်ကြတာပါ။

နယ်စပ်က နာဂ လက်နက်ကိုင် အဖွဲ့တွေရဲ့ ရည်ရွယ်ချက်ထဲမှာ အိန္ဒိယ-မြန်မာ နာဂဒေသတွေပူးပေါင်းပြီး သီးခြား နာဂနိုင်ငံ ထူထောင်နိုင်ရေး ဆိုတာလည်း ပါပါတယ်။
NSCN(K) ရဲ့ အခမ်းအနားတခု (ဓာတ်ပုံ - ???)
နယ်စပ်ဒေသ တိုက်ပွဲတွေဟာ အဲဒီ နာဂတပ်တွေနဲ့ အိန္ဒိယတပ် သို့မဟုတ် မြန်မာတပ်တို့နဲ့ ဖြစ်ပွားကြတာ ရှိသလို နာဂတပ်တွေအချင်းချင်း အကြီးအကျယ် တိုက်ကြတာလည်း ရှိပါတယ်။
ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်း ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အရပ်သား အစိုးရ ပေါ်ပေါက်ချိန်မှာပဲ အခြေခံဥပဒေအရ စစ်ကိုင်းတိုင်းထဲက ဒေသတချို့ကို စုပေါင်းပြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အဖြစ် သတ်မှတ်ခဲ့ပါတယ်။
လေရှီး၊ လဟယ်၊ နန်းယိမ်း ၃ မြို့နယ် ပါဝင်ပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုတဲ့ အင်မတန် လှပတဲ့ စကားလုံးအကြောင်း ကြုံလို့ ပြောရရင် - နာဂစ်အခြေခံဥပဒေအရ ဒီဒေသများရဲ့ လုပ်ပိုင်ခွင့်
မှာ ထည့်သွင်းပြဋ္ဌာန်းထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာတော့
(၁) မြို့ပြနှင့် ကျေးရွာ စီမံကိန်းများ။
(၂) လမ်းတံတားများ ဖောက်လုပ်၊ တည်ဆောက်၊ ပြုပြင်ထိန်းသိမ်းရေး၊
(၃) ပြည်သူ့ ကျန်းမာရေး၊
(၄) စည်ပင်သာယာရေးလုပ်ငန်း၊
(၅) မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး၊
(၆) စားကျက်မြေများ ထိန်းသိမ်းရေး၊
(၇) သစ်တောများ ကာကွယ်ထိန်းသိမ်းရေး၊
(၈) ပြည်ထောင်စုက ပြဋ္ဌာန်းသည့် ဥပဒေနှင့်အညီ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး။
(၉) မြို့နှင့် ကျေးရွာများ အတွင်း ရေနှင့်လျှပ်စစ်မီး ဆိုင်ရာ ကိစ္စ၊
(၁၀) မြို့များနှင့် ကျေးရွာများ၏ ဈေးများဆိုင်ရာ ကိစ္စ
ဆိုတဲ့ ဥပဒေပြုစာရင်း (၁၀) ခုကိုပဲ တင်ပြခွင့်ရပါမယ် တဲ့။
လုံခြုံရေး၊ ကာကွယ်ရေး၊ စာပေ၊ ယဉ်ကျေးမှု၊ လူမျိုးစု အခွင့်အရေးတို့နဲ့ ပတ်သက်လို့ ဘယ်ပြဋ္ဌာန်းချက်ကိုမှ တင်ပြပိုင်ခွင့်မရှိပါဘူး တဲ့။

Read more!


Read more!


Read more!


Read more!


Read more!


Read more!


Read more!


Read more!


Read more!


Read more!


Read more!


Read more!


Read more!


Read more!

ရောင်စုံပန်းပွင့်ရဲ့ရနံ့





Read more!

အလှတရားများနဲ့နာဂပျိုမေလေး



Read more!
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် (အယ်ဒီတာ့ အာဘော်) မြန်မာနိုင်ငံက ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းတော့မည့် လမ်းကြောင်းပေါ် ရောက်ရှိနေပြီ ဖြစ်သော်လည်းစိန်ခေါ်နေသည့် ပြဿနာများက အများအပြား ရှေ့တလျှောက် ရှိနေသေးသည်။

အစိုးရက မျှော်လင့်မထားဘဲ နိုင်ငံရေး အကျဉ်းသားများကို အမြောက်အများ လွှတ်ပေးခဲ့သည်။ ဤသို့ လွတ်မြောက်လာသည့်အတွက် အောင်ပွဲခံနေကြသည့် မြင်ကွင်းများကို ယနေ့ တွေ့ရသည်မှာ အမှန်တကယ် အပြောင်းအလဲများ စတင်ဖြစ်ပေါ်နေပြီဟု ပြသနေသကဲ့သို့ ရှိစေသည်။

ဇန်န၀ါရီ ၁၃ ရက်နေ့က လွတ်မြောက်လာကြသူများတွင် လူသိများ ထင်ရှားသည့် ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ရွှေဝါရောင် တော်လှန်ရေး အတွင်းမှ ခေါင်းဆောင် အရှင်ဂမ္ဘီရတို့ကိုလည်း တွေ့ရှိရသည်။ ဤမျှသာမက ယခင် အာဏာ တန်ခိုးထွားခဲ့သည့် ၀န်ကြီးချုပ်ဟောင်း၊ စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး (ဟောင်း) ခင်ညွန့်လည်း အကျဉ်းချထားရာမှ ပြန်လည် လွတ်မြောက်လာနိုင်ခဲ့သည်။

ဤဖြစ်ရပ်များက အံ့သြမခမ်း ဖြစ်စေသလို မြန်မာနိုင်ငံတွင် ဖြစ်ရိုးဖြစ်စဉ် ကိစ္စများ မဟုတ်ပါ။ တရုတ်က ငွေကြေးစိုက်ထုတ်သော မြစ်ဆုံဆည် စီမံကိန်းလိုဟာမျိုးကို ဆိုင်းငံ့လိုက်ခြင်း၊ အီတာလျံ-ထိုင်း ကုမ္ဗဏီ၏ ထားဝယ် စီမံကိန်းမှ ၄,၀၀၀ မဂ္ဂါဝပ် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ကို ပယ်ဖျက်လိုက်ခြင်းတို့ ပြုလုပ်ခဲ့သော အစိုးရသစ်၏ ခိုင်မာသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အနက် နိုင်ငံရေး အကျဉ်းသား လွှတ်ပေးခြင်းလည်း ပါဝင်သည်။

ထောင်တံခါးများကို ဖွင့်ပေးလိုက်ခြင်းဖြင့် အစိုးရက အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းများတွင် ယုံကြည်မှု ရှိနေမှုနှင့်၊ ဒီမိုကရေစီ ပိုကျသည့် လူမှု အဖွဲ့အစည်းတခုသို့ ရှေးရှုသွားနေသည်ကို ပြသနေသည်။

မြန်မာနိုင်ငံတွင် ကိစ္စများစွာ အပြောင်းအလဲ လုပ်ဖို့ လိုအပ်နေသည်။ တရားဥပဒေစနစ်၊ တင်းကြပ် ချုပ်နှောင်ထားသည့် အစိုးရ ယန္တယား အုပ်ချုပ်ရေး စနစ်များကို ပြုပြင်ပြောင်းလဲရေး၊ ချွတ်ခြုံကျနေသည့် အခြေခံ အဆောက်အဦများ၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတို့ကို ဦးစားပေး အစီအစဉ်ဖြင့် ပြန်လည် တည်ဆောက်မွမ်းမံရေး၊ စသဖြင့် များစွာ ဆောင်ရွက်ရန် ရှိနေသည်။

သို့သော်လည်း နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး ကိစ္စ၌ ဤမျှ လေးမြင့် ကြာညောင်းနေသည်ကို ကြည့်ခြင်းအားဖြင့် နောက်ကွယ်တွင် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်လိုသူများနှင့် စနစ်ဟောင်းကို ထိန်းသိမ်း လိုသူများ အကြား အာဏာလွန်ဆွဲပွဲ ရှိနေကြောင်း သိသာနိုင်သည်။

ဤသို့ လွှတ်ပေးမည်၊ လွှတ်ပေးမည်ဟု လူအများ ပြောဆိုနေကြသည်မှာ ရှေးဦးမဆွကတည်းက ဖြစ်သည်။ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၊ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ယခင် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်၊ စသူတို့မှာ နိုင်ငံရေး လောကတွင် ထင်ရှားသည့် ခေါင်းဆောင်များဖြစ်ပြီး လမ်းပေါ်လူထု ဆွဲတင်လာခြင်းအားဖြင့် တည်ငြိမ်မှုကို ပျက်ပြားစေနိုင်သည်၊ သို့တည်းမဟုတ် အစိုးရ၏ လမ်းပြမြေပုံ ၇ ချက်ကို နှောင့်ယှက် ဖျက်ဆီးနိုင်သူများဟုလည်း အစိုးရဖက်က ယူဆထားဖွယ် ရှိသည်။ သို့သော်လည်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲတွင် ပါဝင်မည်ဟု သမိုင်းဝင်ဆုံးဖြတ်ချက် ပြုပြီးသည့် နောက်ပိုင်းတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာတော့သည်။ 

ဤအပြောင်းအလဲများ အပေါ် အနောက်တိုင်း အစိုးရများက အသိအမှတ်ပြုမှု၊ အတိုက်အခံ အင်အားစုများက ထောက်ခံမှုများကြောင့် အခြေခံကျကျ ပြောင်းလဲလိုသည့် သဘောထားပြင်းထန်သူ ကွန်မြူနစ်အုပ်စုကို ဟန့်တားနိုင်ဖွယ်ရှိပြီး သမ္မတ ဦးသိန်းစိန် အစိုးရအဖို့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များဖြင့် ရှေ့ဆက်ရန် ပိုမို ယုံကြည်မှု ရရှိလာသည်ဟု ယူဆရသည်။

ဤဖြစ်ရပ်များကို လွန်ခဲ့သည့် တနှစ်ခန့်က ပြောဆိုလျှင် မည်သူမျှ ယုံကြည်နိုင်ကြမည် မဟုတ်ပေ။ သမ္မတ ဦးသိန်းစိန် က အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ရဖို့ဆိုလျှင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရမည်ဟု နားလည် သဘောပေါက်ထားသည်။ ယခုဆုံးဖြတ်လိုက်သည့် ပြောင်မြောက်သည့် လုပ်ရပ်ကြောင့် ဤလုပ်ငန်းစဉ်များကို အရှိန်တိုးမြှင့် ဆောင်ရွက်နိုင်တော့မည် ဖြစ်သည်။

အတိုက်အခံ အင်အားစုများ ဖက်ကလည်း လမ်းမပေါ် နိုင်ငံရေး ဆန္ဒပြပွဲများကို ရှောင်ရှားကြမည်ဟု ဖွင့်ဟမပြောသော်လည်း အတွင်းကျိတ် နားလည်ထားကြပုံရသည်။ လက်ရှိအချိန်တွင် ဤသို့ လမ်းမပေါ် ဆန္ဒပြပွဲများအတွက် ပြင်ဆင်နေမှုများလည်း မတွေ့ရပါ။ သို့သော်လည်း ယခု အပြောင်းအလဲများက အောက်ခြေပြည်သူများ၏ ဘ၀အပေါ် မည်သို့ အကျိုး သက်ရောက်စေမည်ဟူသည့် ကိစ္စအပေါ် များစွာ တည်မှီနေသေးသည်။ သေချာသည်မှာ ရန်ကုန်မြို့ လမ်းများပေါ်တွင် ပို၍ လွတ်လပ် ပွင့်လင်းလာနေမှုကို မြင်နေရပြီး လူအများကလည်း တချိန်က မပြောမဆိုဝံ့သည့်ကိစ္စ နိုင်ငံရေးကို စိတ်ဝင်တစား ပြောဆို ဆွေးနွေးလာကြသည်။

ယခု ဖြစ်ပေါ်နေသမျှ အပြုသဘောဆောင်သည်ဟု ဆိုနိုင်သည်။ သို့သော်လည်း ပို၍ထင်သာမြင်သာသည့် အပြောင်းအလဲများ လိုအပ်နေသေးသည်။ ဥပမာအားဖြင့်- နိုင်ငံ၏ ဘတ်ဂျက်ဘဏ္ဍာ ရာခိုင်နှုန်း အများစုကို ကျန်းမာရေး၊ ပညာရေး ကဏ္ဍများအတွက် သုံးစွဲနိုင်ရေး၊ အစိုးရ ၀န်ထမ်းများနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး ယန္တယားကို အဓိပ္ပါယ်ရှိရှိ ပြင်ဆင်ဖွဲ့စည်းရေး သာမက တရားရေး မဏ္ဍိုင်ကို ပြင်ဆင် ပြောင်းလဲရေး ကိစ္စများကို လူအများ မြင်တွေ့လိုနေသေးသည်။

ဤကိစ္စများကို အချိန်တိုအတွင်း ဆက်လက် ဆောင်ရွက်နိုင်ပါက သမ္မတ ဦးသိန်းစိန် အစိုးရအဖို့ အသည်းစွဲ ဖြစ်ကြမည်မှာ မလွဲသလို ယခင် စစ်အစိုးရ အပေါ်တွင်ပင် ခွင့်လွှတ်စိတ် မွေးနိုင်ကြလိမ့်မည် ဖြစ်သည်။ အကယ်၍ နောက်ထပ် အရေးပါသည့် အပြောင်းအလဲများကို မဆောင်ကြဉ်းနိုင်ပါက သဘာဝ ပတ်ဝန်းကျင် ကိစ္စ၊ မြေယာ သိမ်းပိုက်ထားမှုများ၊ အကျင့်ပျက် ခြစားမှု၊ နောက်ဆုံး တိုင်းရင်းသား ဒေသများတွင် ဆက်လက် ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများ စသည့် အကြောင်းပေါင်းစုံကို အခြေပြု၍ လူထု ဆန္ဒပြပွဲကြီးများလည်း ကြုံတွေ့ရဖွယ် ရှိသည်။

အစိုးရအတွင်း သဘောထား တင်းမာသူများထံမှလည်း တုံ့ပြန်မှု၊ နောက်ပြန်ဆွဲမှုများလည်း ဖြစ်ပေါ်လာနိုင်ခြေ ရှိနေပါသေးသလော။ မဖြစ်နိုင်ပါဟုတော့ ဆိုရမည်။ စိတ်ဝင်စားဖွယ် အချက်တခုမှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်စဉ်တွင် ယခု လွတ်ငြိမ်း ချမ်းသာခွင့် ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှာ လူ ၁၁ ဦး ပါဝင်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး ကိစ္စများတွင် နောက်ဆုံး ဆုံးဖြတ်ချက် ပေးရမည့် အဖွဲ့အစည်းလည်း ဖြစ်သည်။ ဤထူးခြားချက်ကို ကြည့်ခြင်းအားဖြင့် ကာ/ချုပ် ရှိမနေလျှင်တောင် မြန်မာပြည် ပြိုကွဲ ချောက်ထဲကျရမည့် အနေအထား မဟုတ်တော့ပေ။

Read more!