Wednesday, 18 April 2012

အစိုးရထံ လက်နက်ချသွားသူများမှာ ပြည်သူ့စစ်များဟု KIA ပြော



 ·
ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၁၈ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၅၂ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။       ။ မြန်မာအစိုးရထံသို့ လက်နက်ဖြင့် ဝင်ရောက်သွားသူများမှာ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့ဝင်များ မဟုတ်ဘဲ အရပ်သား ပြည်သူ့စစ် အဖွဲ့ဝင်များဖြစ်ကြောင်း KIA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

ဗုဒ္ဓဟူးနေ့ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် ပါရှိသည့် “ကေအိုင်အေ တပ်ဖွဲ့ဝင် ၄၂ ဦး လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်” ဟူသည့်သတင်းအား KIA မှ တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့ အမြဲတမ်းစစ်သားတွေ မဟုတ်ပါဘူး။ ကျေးရွာအုပ်ချုပ်ရေးနဲ့ တိုက်နယ် အုပ်ချုပ်ရေးဌာနမှာ ဖွဲ့စည်းထားတဲ့
ပြည်သူ့စစ် အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ သူတို့ အဖွဲ့ အချင်းချင်း၊ သူတို့ခေါင်းဆောင်နဲ့ သင်္ကြန်ကာလအတွင်းမှာ ခွင့်တောင်းတာကို ခွင့်မရလို့ စကားများကြပြီးတော့ အဲဒီနီးစပ်တဲ့စခန်းကို လက်နက်နဲ့ ဝင်သွားတာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးချုပ် ဂွမ်မော် က မဇ္စျိမကို ပြောသည်။

ကြေးမုံသတင်းစာတွင် ဧပြီလ ၁၆ ရက်နေ့က KIA တပ်မဟာ ၅ မှ တပ်ကြပ်အဆင့်ရှိ ကျော်ဆန်း ဦးဆောင်သော တပ်သား ၃၅ ဦးက လက်နက်မျိုးစုံ ၂၃ လက်နှင့်အတူ မြစ်ကြီးနားမြို့နယ် တာလောကြီးစခန်းသို့လည်းကောင်း၊ ဧပြီလ ၁၇ ရက်နေ့တွင် မြစ်ကြီးနားတပ်စခန်းသို့ ကေအိုင်အေ တပ်ဖွဲ့ဝင်နှစ်ဦးနှင့် တာလောကြီး တပ်စခန်းသို့ ကေအိုင်အေ တပ်ဖွဲ့ဝင် ငါးဦးကလည်းကောင်း လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ် ဝင်ရောက်လာခဲ့ကြောင်း ဖော်ပြ ထားသည်။

“သင်္ကြန်မှာ အထက်ကို ခွင့်တောင်းတဲ့ကိစ္စကို သင်္ကြန်ဆိုပေမယ့် လုံခြုံရေးအရ အခက်အခဲ ရှိတယ်ဆိုပြီးတော့ စကားများကြတယ်။ စကားများတာက တပ်ဖွဲ့မှူးနဲ့ ဖြစ်တယ်လို့ပြောတယ်။ စကားများပြီး အဲဒီအဖွဲ့က နီးစပ်ရာစခန်းကို ဝင်သွားတာပါ။ ကျနော်တို့ အဲဒီတပ်ဖွဲ့မှူးကို ရှာနေတာ သူကလည်း သူ့တပ်တွေ အဲဒီလို ဖြစ်တော့ စိုးရိမ်ပြီးတော့ ရှောင်နေတာနဲ့ ကျနော်တို့ ရှာလို့ မရသေးဘူး”ဟု ဗိုလ်မှူးချုပ် ဂွမ်မော် က ဆက်ပြောသည်။

KIO တွင် မြို့နယ်အဆင့် လက်အောက် ကျေးရွာအလိုက် ပြည်သူ့စစ်အင်အား ၄ သောင်းနီးပါး ဖွဲ့စည်းထားရှိသည်ဟု ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

ယခုကဲ့သို့ ပြည်သူ့စစ်တပ်ဖွဲ့များ အစိုးရတပ်များသို့ ဝင်ရောက်သွားခြင်းမှာ ပြည်သူ့စစ်ခေါင်းဆောင်ပိုင်း အုပ်ချုပ်မှု အားနည်းနေခြင်းကြောင့် ဖြစ်ပြီး အဆိုပါ ပြဿနာအား သက်ဆိုင်ရာတပ်ဖွဲ့များ စုံစမ်းရန် တာဝန်ပေးထားပြီး ဖြစ်ကြောင်း သိရသည်။

KIA တပ်မဟာ ၂၊ ၃၊ ၄၊ ၅ နယ်မြေများတွင် အစိုးရတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်ဟု KIA က ဆိုသည်။ အစိုးရဘက်မှ KIA တပ်မဟာ ၂ နယ်မြေအတွင်း ပြီးခဲ့သည့် သင်္ကြန်ရက်များအတွင်း စစ်ကိုင်းတိုင်း အခြေစိုက် နမခ မှ အနည်းဆုံး တပ်ရင်း ၃ ရင်းခန့်က ချင်းတွင်းမြစ်မှ ဝင်ရောက်လာနေသည်ဟု ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

“တိုက်ပွဲက အရင်လောက် မဖြစ်ဘူး။ ဒါပေမယ့် တပ်လှုပ်ရှားမှုတွေ များလာပြီးတော့ အခုက စစ်ကိုင်းတိုင်း နမခ တပ်တွေက ကျနော်တို့တပ်မဟာ ၂ ဂွင်ထဲကို ဝင်လာတာ ရှိတယ်။ ချင်းတွင်းမြစ် အထက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်း ဒေသ၊ ခန္တီးအထက် တနိုင်းမြို့ရဲ့ အောက်ဘက်မှာ ဗျူဟာအလိုက် ဝင်လာတာပါ။ ချင်းတွင်းမြစ်ကြောင်းကနေ ကားနဲ့ရော စစ်လှေတွေနဲ့ ဝင်လာတယ်”ဟု သူက ပြောသည်။

မြန်မာအစိုးရအနေဖြင့် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှု ပုံစံမဟုတ်ဘဲ အပစ်အခတ် ရပ်စဲရေးကိုသာ ဖော်ဆောင်ရန် အတွက် ဖိအားပေးခြင်း ဖြစ်သည်ဟု KIO က ယူဆနေသည်။ ယနေ့ထိ အစိုရး၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ ဘက်မှ ထပ်မံ ဆွေးနွေးရန် အကြောင်းကြားလာခြင်း မရှိသေးကြောင်း သိရသည်။

ဗုဒ္ဓဟူးနေ့ထုတ် ကြေးမုံသတင်းစာတွင်မူ ကချင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု ညှိနှိုင်းရေးအဖွဲ့နှင့် ကေအိုင်အို/ ကေအိုင်အေတို့အကြား ၂ဝ၁၁ ခုနှစ် ဇွန်လမှ သြဂုတ်လအတွင်း သုံးကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ကေအိုင်အို/ကေအိုင်အေတို့အကြား ကေအိုင်အို/ကေအိုင်အေဘက်မှ တောင်းဆို သည့်အတိုင်း ရွှေလီမြို့တွင် သုံးကြိမ်တိုင်တိုင် တွေ့ဆုံ၍ ထာဝရငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟုဆိုသည်။

သို့သော် ထာဝရငြိမ်းချမ်းရေး အလှမ်းကွာဝေးနေရသည်မှာ “တဖက်သတ် သဘောထားအမြင် တင်းမာကြသည့် ကေအိုင်အို/ကေအိုင်အေ ခေါင်းဆောင်ပိုင်းအချို့ကြောင့်” ဟု ကြေးမုံသတင်းစာတွင် ရေးသားဖော်ပြထားသည်။

Read more!

ဧရာဝတီ အင်တာနက် စာမျက်နှာများ ဖောက်ထွင်းခံရ



 
Print Friendly  
ဧရာဝတီ သတင်းဌာန၏ မြန်မာပိုင်းနှင့် အင်္ဂလိပ်ပိုင်း ၀က်ဘ်ဆိုက်များသို့ ဧပြီ ၁၆ ရက် ညနေပိုင်းက ဖောက်ထွင်း ၀င်ရောက်ကာ တင်သွားသည့် သတင်းများသည်နားလည်မှုလွဲမှားစေရန် ရည်ရွယ်တိုက်ခိုက်မှုဖြစ်သည်ဟု ဧရာဝတီ သတင်းဌာန တာဝန်ရှိသူများက ပြောဆိုသည်။
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIO) အနေနှင့် ရွေးကောက်ပွဲကာလ၌ ပြည်သူ လူထု အထိတ်တလန့် ဖြစ်စေမည့် ကိစ္စများမပြုလုပ်ရန် တောင်းပန်ကြောင်း သတင်း၊ ဒေါ်အောင်ဆန်းစုကြည် သားအိမ်ကင်ဆာဖြစ် နေခြင်း ဟူသော သတင်း နှင့် အဆိုတော် မေဆွိ က ခင်ပွန်းသည်နှင့် ကွာရှင်း ပြတ်စဲရန် တရားရုံးသို့ လျှောက်ထားသည် ဟူသော သတင်း ၃ ပုဒ်ကို ဧရာဝတီ အင်တာနက် စာမျက်နှာ မြန်မာပိုင်း၏ လုံခြုံရေးကို ချိုးဖောက်ဝင်ရောက်၍ တင်ခဲ့သည်။
အလားတူ ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင်လည်း ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့၊ လူရွှင်တော် ဇာဂနာတို့ နှင့် ပတ်သက်သည့် သတင်းများကို လုံခြုံရေး ချိုးဖောက်ဝင်ရောက်၍ တင်သွားခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ဧရာဝတီ အယ်ဒီတာကို ကျော်စွာမိုးက“ကျနော်ထင်တယ် အဓိက က ဧရာဝတီရဲ့ သိက္ခာ၊ စာဖတ်သူတွေရဲ့ ဧရာဝတီပေါ်ထားရှိတဲ့ ယုံကြည်မှု အစရှိတဲ့ အဲဒါတွေကို ပျက်အောင် လုပ်နေတာလို့ ကျနော်တော့ မြင်တယ်၊ ပြီး ခဲ့တဲ့ နှစ်တွေကလည်းပဲ အဲဒီလိုပဲ သတင်းမှားတွေ တင်တာတို့ မဟုတ်တဲ့ သတင်းတွေ တင်တာတို့ လုပ်သွားတယ်၊ အဲဒီ အပေါ်မှာ စာဖတ်သူတွေေ၀၀ါးကုန်တယ်၊ ဒီလို သတင်းတွေ ဧရာဝတီက တင်တယ်ပေါ့၊ သူတို့နောက်မှာ နိုင်ငံရေး ရည်ရွယ်ချက်လည်း ရှိနိုင် တယ်”ဟု ပြောဆိုသည်။
မြန်မာပြည်တွင်း၌ လက်ရှိ အပြောင်းအလဲများပြုလုပ်နေသော်လည်း လိုအပ်ချက်ရှိသည်များကို ဧရာဝတီက ဝေဖန်ထောက်ပြ ရေး သားနေဆဲ ဖြစ်ကြောင်း၊ တခြားအဖွဲ့အစည်းများ အပါအ၀င် အစိုးရအဖွဲ့ ပေါ်လစီ အမှားအမှန်ကိုလည်း ရေးသား ဖော်ပြနေကြောင်း၊ ထိုအချက်များကို မကြိုက်နှစ်သက်သူများ၊ မကျေနပ်သူများက ဧရာဝတီ၏ဂုဏ်သိက္ခာကို ဖျက်ရန် ကြိုစားနေခြင်းဖြစ်သည် ဟု ထင်မြင်ကြောင်းလည်း ကိုကျော်စွာမိုးက ဆိုသည်။
ဧရာဝတီ သတင်းဌာန မန်နေဂျာ ကိုဝင်းသူ ကလည်း“ကျနော် သိသလောက်က အင်္ဂလိပ်ပိုင်းနဲ့ မြန်မာပိုင်းကို တချိန်တည်းလိုပဲ တင်သွားတာ၊ တချိန်တည်းမှာ ဆိုက်၂ ခုစလုံးကို ၀င်သွားတာ၊ အင်္ဂလိပ်ပိုင်းကိုတော့ ကျနော် တွေ့တာနဲ့ ချက်ချင်းဖျက်လိုက်နိုင် တယ်၊ သူတို့ article အတုတွေကို အင်္ဂလိပ်ပိုင်းရော မြန်မာပိုင်းရော၂ ခုလုံး တင်သွားတယ်၊ ၁၆ ရက်နေ့ ညနေပိုင်း၂ နာရီလောက် က စပြီး ဖြစ်တာ၊၂ နာရီလောက်ကြာသွားတယ် ဆိုက်မှာ၊ အဲဒီဟာ ကတော့ ကျနော်ထင်တယ် ဧရာဝတီ နာမည် ဖျက်ချင် တာ လည်း ပါမယ်၊ ဧရာဝတီရဲ့ ယုံကြည်မှု ဂုဏ်သိက္ခာကို ထိခိုက်အောင် လုပ်တာပါ”ဟု ပြောသည်။
“ထူးခြားတာ တခုက ဧပြီ ၁၁ ရက်နေ့က ဦးခင်ညွန် ပြန်အဖမ်းခံရနိုင် ဆိုတဲ့ သတင်း တပုဒ်တင်လိုက်တယ်၊ အဲဒီ သတင်း အောက် မှာ စာတန်းခု ၀င်ရေးသွားတယ်၊ ဒီသတင်းဟာ အချက်အလက်အမှန်များအပေါ် အခြေခံထားတဲ့ သတင်းမဟုတ်ပါ ဆိုပြီး ရေးသွားတယ်၊ ဖြစ်နိုင်တာတွေကတော့ အများကြီး ရှိနိုင်တာပေါ့”ဟုလည်း ကိုဝင်းသူက ဆိုသည်။
ယမန်နှစ်ကလည်း ဧရာဝတီ အင်္ဂလိပ်ပိုင်း အင်တာနက် စာမျက်နှာကို လုံခြုံရေး ချိုးဖောက်ဝင်ရောက်၍ သတင်းမှား၂ ပုဒ် တင်သွား ခဲ့ သေးသည်။
ကိုဝင်းသူက ဆက်လက်၍ လုံခြုံရေးပိုင်းတွင် အားနည်းချက်ရှိ၍ ယခုကဲ့သို့ ၀င်ရောက်နိုင်ခြင်းဖြစ်သည်ဟု ၀န်ခံရမည် ဖြစ်ကြောင်း၊ ယင်းဖြစ်ရပ်အပေါ် သင်္ခန်းစာယူ၍ ၀က်ဘ်ဆိုက် လုံခြုံရေး ပိုမိုကောင်းရန် တည်ဆောက်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။
 

Read more!

လေသူရဲ ၃ ဦးကို အီလက်ထရွန်နစ် ပုဒ်မဖြင့် ဖမ်းဆီးထောင်ချ



 
Print Friendly  
တနင်္သာရီတိုင်း မြိတ်မြို့ တပ်မတော် လေတပ်စခန်းက ဗိုလ်ကြီး နေလင်းဒွေး အပါအ၀င် လေတပ်အရာရှိ ၃ ဦးကို အီလက်ထရွန်နစ် ပုဒ်မဖြင့် ထောင်ဒဏ် နှစ် ပေါင်း၂၀ စီဖြင့် စစ်ခုံရုံးက ဧပြီလဆန်းပိုင်းတွင် အကျဉ်းရုံး တရားစီရင်ပြီး ယခု အချိန် အထိ မည်သည့် နေရာတွင် ဖမ်းဆီးထားသည်ကို မသိရကြောင်း သတင်းရရှိသည်။
ဗိုလ်ကြီး နေလင်းဒွေး (ဓာတ်ပုံ - ကိုဇော်လင်းဒွေး၏ Facebook မှ)
D.S.A စစ်တက္ကသိုလ် အပတ်စဉ် ၃၇ ကျောင်းဆင်း လေသူရဲ ဗိုလ်ကြီး နေလင်းဒွေးသည် ပြည်ပအခြေစိုက် အင်တာနက် စာမျက်နှာတွင် တပ်မတော်တွင်းက အခြေအနေမှန်များကို ရေးသားတင်ပြ၍ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ ကတည်း က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး မည်သည့်နေရာတွင် ချုပ်နှောင်ထားကြောင်း မသိရဘဲ မိသားစုနှင့်လည်း အဆက်အသွယ် မရကြောင်း သိရသည်။
“ထောင် အနှစ်၂၀ ကျသွားတယ်ပဲ သိရတယ်လို့ သူ့ညီက ဖုန်းဆက်ပြောတယ်”ဟု ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ဧရာဝတီ ကို ပြောသည်။
ကိုယ်ပိုင်အမှတ် (လေ-၂၂၈၂) အသက် ၃၈ နှစ်ရှိ ဗိုလ်ကြီးနေလင်းဒွေးကို အီလက်ထရွန်နစ် ပုဒ်မ ၃၃ (က) နှင့် ပုဒ်မ ၅/ည တို့ဖြင့် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်လိုက်ကြောင်း၊ ထို့အပြင် လေတပ်အရာရှိ ၂ ဦးကိုလည်း ဖမ်းဆီး အပြစ်ပေးခဲ့ကြောင်း နီးစပ်သူများက ဆိုသည်။
ဗိုလ်ကြီးနေလင်းဒွေးသည် မြိတ် လေတပ်စခန်းတွင် တာဝန်ထမ်းဆောင်လျက်ရှိနေစဉ် တပ်မတော်လေတွင် ခွက်ပျောက် နေ သော လေတပ်အရာရှိ ၃၀ ကျော် ( http://photayokeking.org/specialpart/soldiers-right/179-who-loss-cup) နှင့် တပ်မတော်တွင်း ဖြစ်ရပ်မှန်များကို ပြည်ပ အခြေဆိုက် “စည်းလုံးခြင်းရဲ့ အင်အား” အမည်ရှိ အင်တာနက်စာမျက်နှာတခု တွင် ရင်ဖွင့်ရေးသား၍ ဖြစ်နိုင်ကြောင်း မြိတ် လေတပ်စခန်းနှင့် နီးစပ်သူ တဦးက ပြောသည်။
ဗိုလ်ကြီး နေလင်းဒွေးကို အဆိုပါ အင်တာနက်စာမျက်နှာမှ ဆောင်းပါးရှင်“ဝေဟင်”အဖြစ် စွပ်စွဲပြီး ဖမ်းဆီးထောင်ချခြင်းဖြစ် နိုင်ကြောင်း သူက ဆက်ပြောသည်။
“စည်းလုံးခြင်းရဲ့ အင်အား” အင်တာနက် သတင်းစာမျက်နှာသည် မြန်မာ့တပ်မတော်သားများ၏ ဘ၀ ပုံရိပ်များနှင့် တပ်တွင်း သတင်းများ၊ တပ်မတော်သားများ၏ အခက်အခဲများကို အထူးသဖြင့် ဖော်ပြလေ့ရှိသည်။ ပြည်တွင်းနှင့် ပြည်ပရောက် တပ်မတော်အရာရှိများ၏ တပ်မတော်နှင့်ပတ်သက်၍ တင်ပြရာ အင်တာနက် ၀က်ဘ်ဆိုက်လည်း ဖြစ်သည်။
ဧရာဝတီမှ လက်ခံရရှိထားပြီး အင်တာနက်စာမျက်နှာများတွင်လည်း ပျံ့နှံ့နေသည့် ဗိုလ်ကြီး နေလင်းဒွေး၏ ညီဖြစ်သူ ကိုဇော်လင်းဒွေး၏ စာတွင် “ရာထူး တိုးသင့်တဲ့အချိန်မှာ တိုးမပေးဘဲ ညစ်ထားခြင်း ခံရတဲ့သူတွေကိုယ်စား ရေးမိတာ ပြော မိတာ ပုထုဇဉ် သဘာဝပါ။ အရှိအရှိအတိုင်း၊ ဖြစ်နေတာ ဖြစ်နေတဲ့အတိုင်း မှန်ရာရေးမိ၊ ပြောမိလို့ တပ် စည်းကမ်း ဖောက် တယ်၊ ဥပဒေ ချိုးဖောက်တယ် ဆိုပြီး ထောင်ချခံရတာပါ”ဟု ဆိုထားသည်။
“ဘယ်နိုင်ငံတကာ၊ ဘယ်ပါတီ၊ အဖွဲ့အစည်း၊ အန်ဂျီအိုကိုမှလည်း အကူအညီမတောင်းပါဘူး။ ဘယ်မီဒီယာကိုမှလည်း မပြော နေပါဘူး။ ပြည်တွင်းရေး ပြည်တွင်းမှာသာ ဆိုတာကိုလည်း လက်ခံပါတယ်။ ဒါကြောင့်မို့ နိုင်ငံသားတယောက် အနေနဲ့ ရသင့်တဲ့ အခွင့်အရေးအဖြစ် နိုင်ငံရဲ့ အမြင့်ဆုံး အာဏာပိုင်အဖွဲ့ကိုတော့ဖြင့် မိသားစုက ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ တောင်းဆို သွားမှာပါ”ဟုလည်း ကိုဇော်လင်းဒွေး၏ စာတွင် ပါရှိသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ နိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်နေစဉ် ယခုကဲ့သို့ မဖြစ်သင့်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံ ရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) တွဲဖက်အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည် က ဧရာဝတီကို ပြောသည်။
“စစ်တပ်က အရာရှိ ၃ ယောက်ကို အီလက်ထရွန်နစ် အက်ဥပဒေနဲ့ ထောင်နှစ်ရှည်ချလိုက်တယ်လို့ ကြားရပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး အသေးစိပ်ကို ထပ်မံ စုံစမ်းနေဆဲဖြစ်ပါတယ်။ သေချာတာက ဒီလူတွေဟာ မျှတတဲ့ တရားစီရင်မှု မရဘူး။ စစ် ခုံရုံးမှာ အကျဉ်းနည်းနဲ့ထောင်ချတယ်၊ နောက်တခုက မိသားစုနဲ့ အဆက်အသွယ်ဖြတ်ထားတယ် ဆိုတဲ့ ပုံစုံမျိုးကို ကျနော်တို့ ကြားသိရတယ်”ဟု ကိုဘိုကြည်က ဆိုသည်။
ဧရာဝတီက အဆိုပါ တပ်မတော်လေ အရာရှိ ၃ ဦး၏ မိသားစုဝင်များကို ဆက်သွယ်ရန်ကြိုးစားသော်လည်း မရရှိခဲ့ပေ။
၎င်း အရာရှိများ၏ မိသားစုဝင်များနှင့် ဆက်သွယ်ရေး ပြတ်တောက်နေကြောင်း မကြာသေးမီက ဖမ်းဆီး ထိန်းသိမ်း ထားရာ က ပြန်လွတ်လာသူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကလည်း ပြောသည်။
ဗိုလ်ကြီး နေလင်းဒွေးအား လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလက ဖမ်းဆီးထားသည်ကို မိသားစုဝင်များ မသိရှိခဲ့ကြောင်း၊ တာဝန်ဖြင့် နယ် ခရီးသွားနေသည်ဟု သက်ဆိုင်ရာက တပ် တွင်းတွင် သတင်းလွှင့်ထားကြောင်း၊ ထို့နောက် ရာထူး ချထားသည်ဟု ဆို လာ ကြောင်း၊ နောက်ပိုင်းတွင် မိသားစုဝင် များကို လိုင်းခန်း ပြန်အပ်ခိုင်းခဲ့ကြောင်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ဆက်လက် ပြောဆိုသည်။
နောက်ဆုံးရရှိသည့် သတင်းများအရ ဗိုလ်ကြီး နေလင်းဒွေး၏ မိသားစုဝင်များက သမ္မတ ဦးသိန်းစိန် ထံသို့ အသနားခံစာ တင်ထားကြောင်း သိရသည်။

Read more!

သင်ခန်းစာများယူသင့်သည့် လားရှိုးမြို့က သက်သာဆိုင်ခန်းမီးလောင်မှု



April ,Wed,18/2012


လားရှိုးမြို့တွင် မန်ဆူဘုရားကြီး သက်သာရန်ပုံငွေဆိုင်ခန်းမှ မီးအားမြင့် စက်၏အပူလွန်ကဲမှုကြောင့် မီးလောင်မှု ဖြစ်ပြီး ဆိုင်ခန်းနေလူ ၂ ဦးသေဆုံးရမှု မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းကဖြစ်ပွား သည်။
ဖြစ်စဉ်အကျဉ်းမှာ သေဆုံးသူ ရဲလင်း  ထွန်း(ခ) ကုလား (၃၀နှစ်) နှင့် မရှိုးပန်း အိမ်(ခ) မေရှိုးတို့သည်လက်ထပ်မင်္ဂလာ ပွဲကျင်းပပြီး အိမ်ထောင်သက်(၁)လနှင့် (၃)ရက်သာရှိပြီး မန်ဆူဘုရားကြီးသက် သာဆိုင်ခန်းအမှတ် (၈)တွင် ငှားရမ်းကာ စံချိန်ဦးစားသောက်ဆိုင်ဖွင့်ဝမ်းကြောင်း နေထိုင်ကြသူများဖြစ်သည်။
မီးလောင်ကျွမ်းမှုဖြစ်ပွားသော မတ် လ ၂၀ ရက် နံနက် ၁ နာရီ မိနစ် ၄၀ (မတ်လ ၂၁ရက်)တွင် အိပ်ခန်းပြုလုပ် ထားသော အကျယ် ၁၀ပေ ရှေ့နောက် အလျား ပေ ၂၀ မှ နောက်ပိုင်းတွင် နှစ် ယောက်ကုတင်တစ်လုံးထားနိုင်ရုံမျှ အိပ် ခန်းကိုသုံးထပ်ပြားကာရံ အခန်းဖွဲ့နေသည်  ဖြစ်ရာ အိပ်ခန်းအပြင်တွင်ဆိုင်ခန်းသုံး မီးအားမြင့်စက်ထားရှိသည်။ ထိုမှမီးအား မြင့်စက်အပူလွန်ကဲပေါက်ကွဲလောင်ကျွမ်း သည်။
မီးစတင်လောင်ကျွမ်းချင်းပင် အိပ်ခန်းကာရံထားသော သုံးထပ်သားနံ ရံကိုလောင်နေပြီဖြစ်သည်။ အိပ်ခန်းအပြင် ရှိဆိုင်အတွင်း ရရာနေရာတွင် မော်တော် ဆိုင်ကယ်၊ ဟင်းလျာချက်ပြုတ်ရာတွင် အသုံးပြုသောစားသုံးဆီ၊ မီးဖိုဂတ်စ်အိုး များကြောင့် မီးလောင်မှုကိုတိုးမြှင့်အား ကောင်းစေပါသည်။
တစ်ခုတည်းသော ဆိုင်ခန်းရှေ့မျက် နှာစာမှ အလူမီနီယံအထက်/အောက်တင် ချ လိပ်တံခါးသာရှိပါသည်။ ဘယ်ညာ အခြားဆိုင်ခန်းများရှိ၍ ပြုတင်းပေါက်မ ရှိပါ။ အနောက်ပိုင်း (အိပ်ခန်းဖွဲ့ထားသော နောက်ခြမ်း)တွင်လည်း ပြုတင်းပေါက် လုံးဝမရှိ၊ လှောင်ပိတ်သောခန်းဖွဲ့မှုစနစ် ရှိနေသည်။
ဇနီးမောင်နှံနှစ်ဦးမှာ မီးလောင်ကျွမ်း မှုကို စတင်သိရှိကြသည်နှင့် အိပ်ရာကု တင်မှထက ကုတင်အခြေဒေါင့်ရှိရေသုံး ၆ လက်မခန့်သာမြင့်သည့် ရေလှောင် ကန်မှ ရနိုင်သမျှရေကိုယူကာ စောင်ကို ရေဆွတ်၍ ရေလှောင်ကန်ကို မှောက်နေ သော ဇနီးသည်အထက်မှ လွှမ်းခြုံသည်။ မီးအပူကိုရနိုင်သမျှ ကြိုးပမ်းသွားဟန်ဖြင့် မီးသတ်သူများ ဆိုင်ခန်းအလူမီနီယံတံခါး  ကိုခွင့်ဝင်ရောက်ရှိလာချိန်တွင် အသက် ရှုမွမ်းကြပ် (အောက်ဆီဂျင်ပြတ်) သေဆုံး  ကြရလေဟန် နှစ်ဦးထပ်လျက်တွေ့ကြရ သည်။ တွေ့မြင်ကြရသူများ မရှုရက်မမြင် ရက်၊ ၀မ်းနည်းဖွယ်အနိဌာရုံမြင်ကွင်းသာ ဖြစ်ရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ် (၁) ရဲစခန်းမှ ပ-၉၁/၂၀၁၂ ပြစ်မှုဆိုင် ရာဥပဒေပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့်ကာ ရဲလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။
ဝန်ထမ်းသက်သာရန်ပုံငွေဆိုင်ခန်း များ လက်ရှိကာလတွင် ၀င်ငွေကောင်း သောလုပ်ဆောင်မှုများအဖြစ်ဌာနအများ အပြားတိုးတက်လုပ်ကိုင်လာနေကြဖြစ် ရာ ရနိုင်သမျှဧရိယာကျဉ်းကျဉ်းတွင် စနစ်မကျသောခန်းဖွဲ့မှုများကြောင့် ယခု ကဲ့သို့ကြေကွဲဖွယ်ဖြစ်ရသည်ဟု အများ ပြည်သူကသုံးသပ်ပြောကြားလျက်ရှိသည်။ အခန်းဖွဲ့မှုအခြေအနေအရ ဘေးဝဲယာပြု တင်းပေါက်မရှိသော်လည်း နောက်ခြမ်း နံရံတွင်မူ ပြုတင်းပေါက် (အရေးပေါ် အပေါက်ပဲဖြစ်ဖြစ်) ရှိသင့်ပါသည်။ (အနောက်ဘက်နံရံမှာ ဌာနဆိုင်ရာဝင်း တံတိုင်းအဖြစ်အသုံးပြုထား၍ လုံခြုံမှု အရ ပိတ်ထားရခြင်းဖြစ်သည်။)
လားရှိုးမြို့တွင် (အခြားမည်သည့်မြို့ တွင်မဆို) ၀န်ထမ်းဆိုင်ခန်းများဖြင့် ဌာန ဆိုင်ရာများ ၀င်ငွေကောင်းကြပါသည်။ သိန်းရာချီရှိနိုင်ပါသည်။ ဥပမာ အား/ ကာဆိုင်ခန်း၊ ရဲစခန်းဆိုင်ခန်း၊ ယခုမီး လောင်မှုဖြစ်သော မန်ဆူဘုရားကြီးဆိုင် ခန်းများရှိနေပါသည်။ ၀င်ငွေကောင်းကြ သော ဆိုင်ခန်းများလည်းဖြစ်ပါသည်။ အလားတူမြို့တွင်းလူစည်ကားရာ အကွက်အကွင်းကောင်းရာတွင်ရှိကြသော ဌာနဆိုင်ရာရုံးခန်းများလည်း အများအပြား  ရှိနေပါသည်။
ဌာနဆိုင်ရာဆိုင်ခန်းတိုင်းသည် ရုံး ၀င် ဌာပိုင်မြေနေရာကို ၀ိုင်းပတ်စည်းခြား ထားသော တံတိုင်းနံရံများအဖြစ်တည် ဆောက်ထားကြရသည်ဖြစ်ရာ ယခုကဲ့သို့ မီးလောင်မှုများကလိုအပ်ချက်ကို မီးမောင်း  ထိုးပြသကဲ့သို့ရှိနေပါသည်။ ဥပမာဆိုလျှင်  ရဲစခန်းတိုက်တန်းဆိုပါက ဆိုင်ခန်း အနောက်ခြမ်းနံရံသည် ရဲစခန်း၏စည်းရိုး၊ အုတ်တံတိုင်းဖြစ်၍ ပြတင်းပေါက်ထား ရှိပါက လုံခြုံရေးကိုထိခိုက်မည်သာဖြစ် သည်။ မည်သည့်နည်းနှင့်မျှ ပြတင်းပေါက်   ထားရှိခွင့်ပြုမည်မဟုတ်၊ ခန်းဖွဲ့မှုပုံစံအား နည်းသည်ဟူ၍ တည်ဆောက်မှုအင်ဂျင် နီယာများကို အပြစ်ပုံချမရနိုင်ပါ။ အလုပ် အပ်နှံသူ၏လိုအင်ဆန္ဒအရ တည်ဆောက်  ကြရခြင်းကြောင့်ဖြစ်ပါသည်။
သို့ဆိုလျှင် မည်သို့လုပ်ကြပါမည်နည်း။ မသိကျိုးကျွံနေကြမည်သာဖြစ်သည်။ ၀န် ထမ်းဆိုင်ခန်းမရှိစေရဟူ၍လည်း (ယခင် ကအသံထွက်ခဲ့ဖူးသော်လည်း) ယခု အချိန်တွင် မည်သူမျှပြောကြမည်မဟုတ်၊ အဘယ်ငမိုက်သားသည်ဤကဲ့သို့ပုံမှန်ရွှေ ဥပေးသော ငန်းမကြီးကိုသတ်ကြပါမည် နည်။
သို့ဖြစ်ရာ ဤသို့မီးမောင်းကြီးဖြင့် (၀မ်းနည်းကြေကွဲဖွယ်အနိဌာရုံဖြင့်) ထိုး ပြနေသော သင်ခန်းစာကို မမြင်ယောင် ပြုကာ ““နောင် ဒါမျိုးမဖြစ်အောင်လုပ် ကြ”” ဟူ၍သာ အထက်ပုဂ်္ဂိုလ်များက ညွှန်ကြားကြရန်ရှိကြောင်းပါ။


Read more!

မလေးနယ်စပ်မှ မြန်မာ ၂ ဦး အချုပ်ကားအတွင်း သေဆုံး





  ထိုင်းနိုင်ငံမှာ တရားမ၀င်နေထိုင်မှုနဲ့ အဖမ်းခံထားရတဲ့ မြန်မာပြည်သား ၆၂ ဦးကို မနေ့က နေရပ်ရင်း ပြန်ပို့ရာမှာ သူတို့ထဲက ၂ ဦး ကားထဲမှာ သေဆုံးသွားပါတယ်။

သေဆုံးသူတွေကတော့ အသက် ၂၅ နဲ့ ၃၆ နှစ် အရွယ် အမျိုးသမီး တဦးနဲ့ အမျိုးသား တဦး ဖြစ်ပါတယ်။

သူတို့ကို ထိုင်း-မလေးရှား နယ်စပ်ကနေ ဖမ်းဆီး ခေါ်ဆောင်လာတာလို့ ဆိုပါတယ်။

အသက် ၄၃ နှစ်အရွယ် အချုပ်ကားမောင်းသူကို ရဲက စစ်ဆေးတော့ သူက “အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်သွန်မလို့ စောင်ခလာ (Songkhla) မြို့နယ်ကနေ မဲဆောက်မြို့က လ၀က အချုပ်ကို မောင်းလာတယ်၊ ဒါနဲ့ မဲဆောက်ကို ရောက်တော့ လူတွေ အားလုံး ကားပေါ်က ဆင်းတော့ ကားထဲမှာ ၂ ယောက်သေနေတာ တွေ့တော့ အာဏာပိုင်တွေကို သတင်းပို့ခဲ့ပါတယ်” လို့ ပြောဆိုကြောင်း ထိုင်း မန်နေဂျာ အွန်လိုင်း သတင်းတပုဒ်မှာ ရေးထားပါတယ်။

၂ ယောက် သေဆုံးသွားတဲ့အကြောင်း ကားတစီးထဲ စီးလာတဲ့ လူတွေ သိ၊ မသိ ဆိုတာကိုတော့ သတင်းမှာ ရေးထားတာ မတွေရပါဘူး။

မဲဆောက်ဆေးရုံ တာဝန်ရှိသူတွေကတော့ ကားထဲမှာ တင်လာတဲ့ လူတွေကများတယ်၊ ကားစီးတဲ့ အချိန်က ကြာတယ် ဆိုတော့ အပူဒဏ်ကြောင့် ဖျားနာသေဆုံးတာဖြစ်တယ်လို့ ဆိုကြပါတယ်။
  ရုပ်အလောင်း ၂ ခု မဲဆောက်ဆေးရုံမှာ ရှိနေတယ်၊ သက်ဆိုင်ရာ မိသားစု နယ်စပ်ရောက်လာရင် ဆေးရုံအာဏာပိုင်တွေကို ဆက်သွယ် ဆောင်ရွက်နိုင်ပါတယ် တဲ့။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး နယ်စပ်အခြေစိုက် KNU တပ်ဖွဲ့ဝင် တဦးက “ထိုင်းအာဏာပိုင်တွေက ပြန်ပို့မယ် ဆိုရင် ကောင်းကောင်း ပြန်ပို့ရမယ်၊ ဘာလို့လဲဆိုတော့ ပြန်ပို့ရမယ့် ခရီးက ဝေးတယ်၊ နေပူတယ်၊ ကောင်းကောင်း ကြည့်ရှုစောင့်ရှောက်မယ်ဆိုရင် ဒီလို ဖြစ်လာမှာ မဟုတ်ဘူး” ဆိုပြီးတော့ ပြောဆိုကြောင်း ဒီနေ့ dailyworldtoday အင်တာနက် စာမျက်နှာမှာရေးထားပါတယ်။

ညွှန်း - http://manager.co.th/Local/ViewNews.aspx?NewsID=9550000048120

  ဒီဓာတ်ပုံမှာ ဖော်ပြထားချက်အရဆိုရင် မြန်မာပြည်သား ၆၂ ဦး ကို ကုန်တင်ကားနဲ့ သယ်ဆောင်လာတာ ဖြစ်ပါတယ်။
  ထိုင်း-မလေးရှားနယ်စပ်က စောင်ခလာ (Songkhla) မြို့ ဆိုတာ ရနောင်း-ကော့သောင်းနဲ့ နီးပါတယ်။ ဒီလောက် ရာသီဥတု ပူပြင်းလွန်းတဲ့ အချိန်မှာ ပိုနီးတဲ့ အဲဒီ နယ်စပ်မြို့ကို မရွေးဘဲ ပိုဝေးတဲ့ မြ၀တီ မဲဆောက်ဒေသကို ရွေးတာ ဘာကြောင့်လဲ ဆိုတာ သတင်းတွေထဲမှာ ရေးမထားပါဘူး။

သေဆုံးမှုမှာ တာဝန်ရှိသူတွေ ဘယ်လို အရေးယူခံရတယ် သို့မဟုတ် မခံရဘူး ဆိုတာလည်း ရေးမထားတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။

Read more!

မလေးနယ်စပ်မှ မြန်မာ ၂ ဦး အချုပ်ကားအတွင်း သေဆုံး



သန်းထိုက်ဦး ရေးသားသည်)

  ထိုင်းနိုင်ငံမှာ တရားမ၀င်နေထိုင်မှုနဲ့ အဖမ်းခံထားရတဲ့ မြန်မာပြည်သား ၆၂ ဦးကို မနေ့က နေရပ်ရင်း ပြန်ပို့ရာမှာ သူတို့ထဲက ၂ ဦး ကားထဲမှာ သေဆုံးသွားပါတယ်။

သေဆုံးသူတွေကတော့ အသက် ၂၅ နဲ့ ၃၆ နှစ် အရွယ် အမျိုးသမီး တဦးနဲ့ အမျိုးသား တဦး ဖြစ်ပါတယ်။

သူတို့ကို ထိုင်း-မလေးရှား နယ်စပ်ကနေ ဖမ်းဆီး ခေါ်ဆောင်လာတာလို့ ဆိုပါတယ်။

အသက် ၄၃ နှစ်အရွယ် အချုပ်ကားမောင်းသူကို ရဲက စစ်ဆေးတော့ သူက “အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်သွန်မလို့ စောင်ခလာ (Songkhla) မြို့နယ်ကနေ မဲဆောက်မြို့က လ၀က အချုပ်ကို မောင်းလာတယ်၊ ဒါနဲ့ မဲဆောက်ကို ရောက်တော့ လူတွေ အားလုံး ကားပေါ်က ဆင်းတော့ ကားထဲမှာ ၂ ယောက်သေနေတာ တွေ့တော့ အာဏာပိုင်တွေကို သတင်းပို့ခဲ့ပါတယ်” လို့ ပြောဆိုကြောင်း ထိုင်း မန်နေဂျာ အွန်လိုင်း သတင်းတပုဒ်မှာ ရေးထားပါတယ်။

၂ ယောက် သေဆုံးသွားတဲ့အကြောင်း ကားတစီးထဲ စီးလာတဲ့ လူတွေ သိ၊ မသိ ဆိုတာကိုတော့ သတင်းမှာ ရေးထားတာ မတွေရပါဘူး။

မဲဆောက်ဆေးရုံ တာဝန်ရှိသူတွေကတော့ ကားထဲမှာ တင်လာတဲ့ လူတွေကများတယ်၊ ကားစီးတဲ့ အချိန်က ကြာတယ် ဆိုတော့ အပူဒဏ်ကြောင့် ဖျားနာသေဆုံးတာဖြစ်တယ်လို့ ဆိုကြပါတယ်။
  ရုပ်အလောင်း ၂ ခု မဲဆောက်ဆေးရုံမှာ ရှိနေတယ်၊ သက်ဆိုင်ရာ မိသားစု နယ်စပ်ရောက်လာရင် ဆေးရုံအာဏာပိုင်တွေကို ဆက်သွယ် ဆောင်ရွက်နိုင်ပါတယ် တဲ့။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး နယ်စပ်အခြေစိုက် KNU တပ်ဖွဲ့ဝင် တဦးက “ထိုင်းအာဏာပိုင်တွေက ပြန်ပို့မယ် ဆိုရင် ကောင်းကောင်း ပြန်ပို့ရမယ်၊ ဘာလို့လဲဆိုတော့ ပြန်ပို့ရမယ့် ခရီးက ဝေးတယ်၊ နေပူတယ်၊ ကောင်းကောင်း ကြည့်ရှုစောင့်ရှောက်မယ်ဆိုရင် ဒီလို ဖြစ်လာမှာ မဟုတ်ဘူး” ဆိုပြီးတော့ ပြောဆိုကြောင်း ဒီနေ့ dailyworldtoday အင်တာနက် စာမျက်နှာမှာရေးထားပါတယ်။

ညွှန်း - http://manager.co.th/Local/ViewNews.aspx?NewsID=9550000048120

  ဒီဓာတ်ပုံမှာ ဖော်ပြထားချက်အရဆိုရင် မြန်မာပြည်သား ၆၂ ဦး ကို ကုန်တင်ကားနဲ့ သယ်ဆောင်လာတာ ဖြစ်ပါတယ်။
  ထိုင်း-မလေးရှားနယ်စပ်က စောင်ခလာ (Songkhla) မြို့ ဆိုတာ ရနောင်း-ကော့သောင်းနဲ့ နီးပါတယ်။ ဒီလောက် ရာသီဥတု ပူပြင်းလွန်းတဲ့ အချိန်မှာ ပိုနီးတဲ့ အဲဒီ နယ်စပ်မြို့ကို မရွေးဘဲ ပိုဝေးတဲ့ မြ၀တီ မဲဆောက်ဒေသကို ရွေးတာ ဘာကြောင့်လဲ ဆိုတာ သတင်းတွေထဲမှာ ရေးမထားပါဘူး။

သေဆုံးမှုမှာ တာဝန်ရှိသူတွေ ဘယ်လို အရေးယူခံရတယ် သို့မဟုတ် မခံရဘူး ဆိုတာလည်း ရေးမထားတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။

Read more!

လာပြန်ပြီ တထောင်တန် အမှု



  ဇန်န၀ါရီလက သံဖြူဇရပ်မြို့နယ်မှာ အရက်ဆိုင်ပိုင်ရှင်တယောက်ကို ဖမ်းလိုက်ပါတယ်၊ လိုင်စင် မရှိဘဲ ဘီယာရောင်းလို့ ဖမ်းတာပါ တဲ့။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲကျော်ခိုင်က ဥပဒေရုံးကို အကြောင်းကြားတဲ့စာမှာ ဖော်ပြထားတာပါ။
ဝီစကီ ၁၁ ပုလင်းနဲ့ လက်သုံးလုံး၊ မဖွင့်ရသေးတဲ့ စည်ဘီယာ ၁၂ လုံး၊ သံဘူးဘီယာ ၃၈ ဘူး စသဖြင့် ကျပ်သိန်း ၂၀ ၀န်းကျင် တန်ဘိုးရှိတဲ့ ယမကာတွေကို သက်သေအဖြစ် သိမ်းပြီး တရားစွဲပါတယ် တဲ့။

တရားရုံးက ဆိုင်ရှင်ကို ဒဏ်ငွေ တထောင် ဆောင်ဖို့၊ မဆောင်နိုင်ရင် ထောင်ထဲ တလ သွားနေဖို့ 
စီရင်ချက် ချလိုက်တယ်လို့ ဆိုတယ်။
ဦးရဲကျော်ခိုင်ကတော့ တရားရုံးဟာ "ဟန့်တားလောက်သောပြစ်ဒဏ် ချမှတ်ခဲ့ခြင်းမရှိ" ဆိုပြီး မှတ်ချက် ပြုထားပါတယ်။

ကျပ်တထောင် ဆိုတာ ဘီယာတဘူးဖိုးတောင် မရှိ ဆိုပဲ။

"ဟန့်တားလောက်သော အပြစ်ဒဏ် ပြန်လည် ချမှတ်" ဖို့ အကြောင်းကြားတဲ့စာမှာ နိဂုံးချုပ် ရေးထားပါတယ်။

လိုင်စင်မရှိဘဲ ယမကာရောင်းတဲ့အတွက် အခွန်တွေဘာတွေ မရတာကြောင့် နိုင်ငံတော်က နစ်နာပါတယ်။

ဆိုင်ပိတ်ရတဲ့အတွက် ယမကာလုလင်များလည်း ထိခိုက်ပါတယ်။

သံဖြူဇရပ် အရက်ဆိုင်အမှု ပြန်စစ်ဖို့ 
ဦးရဲကျော်ခိုင်က ပြောတာ ဘာကြောင့်ပါလဲ?

ပိုက်ဆံမရလို့၊ အဝေအစား မမျှလို့ ဌာနဆိုင်ရာအချင်းချင်း ခွပ်ကြတာလား၊ တရားဥပဒေစိုးမိုးရေးကို အမှန်တကယ် လိုလားတာကြောင့်လား ဆိုတာတော့ သူတို့ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။

ဒီစာ ပေးပို့လာသူက သူ့ကိုယ်သူ "သာမန်အရပ်သားတစ်ယောက်ပါ" လို့ မိတ်ဆက်ထားပါတယ်။

(ဓာတ်ပုံကို http://tofuphotography.blogspot.com/2011/01/carrying-keg.html   ဘလော့က ယူပါတယ်။ ထမ်းထားတဲ့စည်က ဒဂုံတော့ မဟုတ်ပါ။ မြန်မာစည်ဘီယာ ဖြစ်ပါတယ်။ အွန်လိုင်းမှာ ဒဂုံရှာမတွေ့လို့ ဒါပဲ တင်လိုက်ပါတယ်။)


     
စာ ၁ ၊ ၂

     
၃ နဲ့ ၎


Read more!