Wednesday, 27 June 2012

မြန်မာအစိုးရ ငြိမ်းချမ်းရေးအဖွဲ့ မဲဆောက် မယ်တော်ဆေးခန်းကိုလေ့လာ

jun, 27 ..2012 
မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့ဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က မယ်တော်ဆေးခန်းကို ဒီကနေ့ မနက် (၆)နာရီကျော်က သွားရောက်ပြီး ဒေါက်တာစင်သီယာမောင်နဲ့တွေ့ဆုံကာ ဆေးခန်းက လူနာတွေကို လိုက်လံကြည့်ရှုပြီး အကူငွေပေးအပ်ခဲ့ပါတယ်။

Read more!

ဒီမိုကရက်တစ်မြန်မာ့အသံမှ ရခိုင်ပြည်နယ်အားထပ်ဆင့်လုပ်ကြံမှုတစ်ခု

DVB သတင်းဌာနအနေနဲ့ ဘင်္ဂလားရိုဟင်ဂျာတွေဖက်က လုံးဝရပ်တည်မှာဖြစ်တယ်ဆိုတာကို ဗမာတွေမဖတ်တဲ့ ဒီလိုသတင်းမှာ ဖော်ပြလိုက်ပါတယ်။

(၁) ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးရဲ့ သုံးသပ်ပြောဆိုမှုတွေကို လျစ်လျူရှု၊ ဘာတီးလ်လင်တနာတို့နဲ့ Jihad Watch တွေက သတင်းရင်းမြစ်တွေရယ်၊ States Department က အစီရင်ခံစာ (ဝီကီလိခ်ကေဘယ်လ်မဟုတ်) တွေကိုလျစ်လျူရှုပြီး အမေရိကန်သံရုံးရန်ကုန်ရဲ့ ဝီကီလိခ်ကေဘယ်လ်မှာဖော်ပြထားချက်တွေဟာ မြန်မာစစ်အစိုးရရဲ့ အမေရိကန်နဲ့ အကြမ်းဖက်တိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်လိုခြင်းကို ပြသဟန်ရှိတယ်ဆိုတဲ့ ဟာကို အလေးအနက်ထားဖော်ပြသွားပါတယ်။

Read more!

ဘန်ကောက်ဆပ်ပလိုင်းချက် လက်နက်အများအပြား ဖမ်းမိ


(ဓာတ်ပုံများ - bangkok post)

ဘန်ကောက်မြို့မှာ ရဲတပ်ဖွဲ့က ဒီကနေ့ သတင်းစာရှင်းလင်းပွဲကြီးတခုလုပ်ပြီး လက်နက်ငယ်မျိုးစုံကို ပြသထားပါတယ်။

အဲဒါတွေဟာ ပြီးခဲ့တဲ့ ၅ ရက်အတွင်း ဘန်ကောက်မှာ ကားတွေကို ရပ်တန့် စစ်ဆေးရာကနေ ရှာဖွေ တွေ့ရှိရတဲ့ လက်နက်ပေါင်း ၂၃၄ လက်၊ ပေါက်ကွဲပစ္စည်းတွေ နဲ့ မူးယစ်ဆေးတွေထဲက ဖြစ်တယ်လို့ ဆိုပါတယ်။


Read more!

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ သမ္မတ ဦးသိန်းစိန်တို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးပြီးနောက် နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက် ၂ ရပ်နဲ့ နားလည်မှု စာချွန်လွှာ ၁ဝ ခု လက်မှတ် ရေးထိုးခဲ့တယ်လို့ သိရပါတယ်။ သဘောတူညီချက် ၂ ခုက နှစ်နိုင်ငံ လေကြောင်း ဝန်ဆောင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ အိန္ဒိယ ကာကွယ်ရေးနဲ့ သုတေသနလေ့လာရေးဌာန နဲ့ မြန်မာနိုင်ငံက မဟာဗျူဟာနဲ့ နိုင်ငံတကာရေးရာ
လေ့လာရေးဌာန အကြား ပူးပေါင်းဆောင်ရွက်ရေးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။


Read more!