DVB သတင်းဌာနအနေနဲ့ ဘင်္ဂလားရိုဟင်ဂျာတွေဖက်က လုံးဝရပ်တည်မှာဖြစ်တယ်ဆိုတာကို ဗမာတွေမဖတ်တဲ့ ဒီလိုသတင်းမှာ ဖော်ပြလိုက်ပါတယ်။
(၁) ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးရဲ့ သုံးသပ်ပြောဆိုမှုတွေကို လျစ်လျူရှု၊ ဘာတီးလ်လင်တနာတို့နဲ့ Jihad Watch တွေက သတင်းရင်းမြစ်တွေရယ်၊ States Department က အစီရင်ခံစာ (ဝီကီလိခ်ကေဘယ်လ်မဟုတ်) တွေကိုလျစ်လျူရှုပြီး အမေရိကန်သံရုံးရန်ကုန်ရဲ့ ဝီကီလိခ်ကေဘယ်လ်မှာဖော်ပြထားချက်တွေဟာ မြန်မာစစ်အစိုးရရဲ့ အမေရိကန်နဲ့ အကြမ်းဖက်တိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်လိုခြင်းကို ပြသဟန်ရှိတယ်ဆိုတဲ့ ဟာကို အလေးအနက်ထားဖော်ပြသွားပါတယ်။
(၂) ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနဲ့ သက်ဆိုင်ရာကော်မစ်ရှင်နာမင်းကြီးတို့က ဝန်ခံပြောဆိုနေတပေမယ့် "ရိုဟင်ဂျာတွေဟာ အကြမ်းဖက်သမားတွေဆိုတာ သက်သေမရှိဘူး" လို့ ခပ်ပြောင်ပြောင်ပဲ ဒီမိုကရက်တစ်မြန်မာ့အသံသတင်းဌာနရဲ့ အောက်ပါဆောင်းပါးမှာ ခုခံကာကွယ်သွားပါတယ်။
(၃)ရခိုင်အရေးအခင်းကာလအတွင်းမှာ လူဖတ်များခဲ့တဲ့ Hmuu Zaw ရဲ့စာမျက်နှာပါဖော်ပြချက်ကိုလည်း "ရိုဟင်ဂျာတွေကိုအပြတ်ရှင်းရေးစီမံချက်" အနေနဲ့ ဖော်ပြသွားပါတယ်။ သူ့ရဲ့ သက်သေပြချက်ကတော့ RFA သတင်းဌာနပါ ရဟတ်ယာဉ်များက နတ်မြစ်ပေါ်က ရိုဟင်ဂျာများကို ပစ်ခတ်တယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ ဒီသတင်းမှာ ဘယ်ဖက်က ရဟတ်ယာဉ်မှန်းမသိကြောင်းအတိအလင်းဖော်ပြခဲ့ပေမယ့် သတင်းရေးသူ Joseph Allchin ဟာ မြန်မာဖက်က ပစ်ခတ်လိုက်ကြောင်းကို ဖော်ပြခဲ့ပါတယ်။ သက်သေအတိအကျမရှိဘဲ ဒီလိုဖော်ပြခြင်းဟာ သတင်းထောက်ကျင့်ဝတ်နဲ့ ညီညွတ်ပါသလား။
(၄) DVB သတင်းဌာနအနေနဲ့ အရှက်ကင်းမဲ့စွာ တာဝန်မဲ့ဖော်ပြမှု ကတော့ ကိုမင်းကိုနိုင်ရဲ့ ဒီအရေးအခင်းအပေါ်မှာ ပေးခဲ့တဲ့မှတ်ချက်ကို ပြန်လည်ဝေဖန်မှုပဲ ဖြစ်ပါတယ်။ ကိုမင်းကိုနိုင်က "အကြမ်းဖက်မှုတွေဖြစ်လာခဲ့ရင်တော့ ဘယ်သူ့မျက်နှာမှမထောက်ပါနဲ့။ အားလုံးဝိုင်းဝန်းတာဆီးကြရပါလိ့မယ်" လို့ပြောခဲ့တာဖြစ်ပါတယ်။ နောက်ပြီး ကိုမင်းကိုနိုင်က မီဒီယာတွေကို "ဘာသာရေးပဋိပက္ခ"အသွင်မဖော်ပြဖို့ တောင်းဆိုခဲ့ပြီး အင်အားကြီးသူက အင်အားနည်းသူကို ခြိမ်းခြောက်တာမျိုးတောင် မလုပ်ဖို့ မေတ္တာရပ်ခံခဲ့တာဖြစ်ပါတယ်။ 27,jun 2012.
all of man need media...
ReplyDelete