Thursday, 12 April 2012

နာဂလူမျိုးများအတွက် ရင်ဖွင့်စာ

နာဂလူမျိုးများသည် စစ်အစိုးရအဆက်ဆက်လက်ထက်တွင် လူ့အခွင့်ရေးချိုးဖောက်ခံရဆုံးနှင့် အဆင်းရဲ
ဆုံးဘဝ အဖြစ်နေထိုင်လာခဲ့ရသည်။ပညာရေး၊စီးပွားရေး၊ကျန်းမာရေးနှင့်လူနေမှုအဆင့်တန်းအနိုမ့်ကျဆုံး
ဖြစ်ပြီးအခြားတိုင်းရင်းသားများ ထက်အဆဆအရာရာ နှောင့်နှေးကျန်ခဲ.သည်မှာ စစ်အစိုးရရဲ့သရုပ်ဖေါ်ရုပ်
လုံးသာဖြစ်သည်။မျိုးနွယ်စုများအကြား သွေးခွဲတပ်လျှိုခြင်း၊ဘာသာရေးနှင့်မျိုးနွယ်စုများရဲ့ဘာသာစကား
ကွဲပြားမှုကိုအခွင့်ကောင်းယူပြီးနာဂလူမျိုးများကိုကောက်ကျစ်စင်းလဲစွာနှင့် အချင်းချင်းမဟာရန်သူအဖြစ်
အမြင်လွှဲမှားစေခဲ့သည်။အန`္ဒိယနိုင်ငံမှာနေထိုင်နေကြသော ကိုယ့်နာဂလူမျိုများနှင့်လည်းတွေ့ဆုံမှုများကို
ပင်ပိတ်ပင်တားမြစ်ပြီး နာဂတွေအချင်းချင်းကို.မိခင်ဘာသာ စကားနှင်.ဘုံဘာသာစကားပြောဆိုရာတွင်
လည်းသူပုန်ဟုစွပ်စွဲကာနှိပ်ဆက်သတ်ဖြတ်ခဲ့သည်။ထို့ကြောင့်နာက်ဆုံးတွင်နာဂလူမျိုးများသည်မိမိ
ဘာသာစကားကိုပင်မပြောရဲဝံ့လောက်အောင်ပင်တုံးအ ခဲ့သည်။၎င်းအချိန်မှစပြီး ယခုဦးသိန်းစိန်အစိုးရ
လက်ထက်မှာလည်းနာဂလူများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အမည်ခံအောက်မှာ ဆင်းရဲစွာပင်ရုန်းကန်
နေရရှာသည်။ပြည်နယ်ပေးရာတွင်လည်း အထူးပြည်နယ်များဖြစ်သော ဟုမ္မလင်းနှင့်ခန္တိ ကိုတော့ကိုယ်
ပိုင်အုပ်ချုပ်ခွင့်ဒေသမှချန်လှပ်ထားသည်မှာတိုင်းရင်းသားပြည်သူများအားလုံးအသိဖြစ်သည်။
ယခုလက်ရှိအုပ်ချုပ်နေသောနာဂကိုယ်ပိုင်အုပ်ချုပ်ရေးဆိုင်ရာ အရာရှိလူကြီးများမှာလည်း အတိတ်
ရဲ့အိပ်မက်ဆိုးများကို သင်ခန်းစာယူပြီးကိုယ့်နိုင်ငံနှင့်လူမျိုးများအပေါ်တိုးတက်ရာတိုးတက်ကြောင်း
ဆောင်ရွက်နေမည့်အစား နာဂမျိုးနွယ်စုများအကြား စာပေ ၊ ယာဉ်ကျေးမှု နှင့်ဘာသာရေး ကိုအခွင့်
ကောင်းယူပြီး မိမိတို့မျိုးနွှယ်စုတစ်စု၏အကျိုးအတွက်သာလုပ်ဆောင်နေကြသည်မှာ အင်မတန်ပင်ဝမ်
နည်းဖွယ်ကောင်းပြီးရွှံစရာပင်ဖြစ်ပေသည်။ဤကဲ့သို့ဆက်လက်တည်ရှိနေမည်ဆိုလျှင် ၄င်းလူတစ်စု
၏လုပ်ရပ်သည်နာဂသမိုင်းတွင် ကြေကွဲစရာများနှင့်နိဂုံးချုပ်ရပေမည်။ထို့ကြောင့်ကိုယ့်လူမျိုှးနှင့်တိုင်း
ပြည်ကိုအမှန်တကယ်ချစ်မြတ်နိုးပြီးနာဂလူများအပေါ်ကျေားသားရင်သားမခွဲခြားဘဲစည်းစည်းလုံးလုံးနှင့်
ဖခင်ကောင်းများအားဖြင့်နာဂလူမျိုးနှင့်သမိုင်းစာမျက်နှာသစ်ဖွင့်လှစ်ပေးစေလိုကြောင်း ။
                                                                    14 April 2012          by free media.

Read more!

ဒြပ်မဲ့ သက်ရှိ


Channel တွေကိုသာ တလိုင်းပြီး တလိုင်းပြောင်းကြည့်ပေမယ့်
ရုပ်နာမ်တွေက ပီပီပြင်ပြင်ဖြစ်မလာ.. သေချာတယ်
လူဆိုတာဟာ အရောင်ခွဲခြားရခက်တဲ့ ပင်လယ်ပဲ
ဒီလိုဆိုတော့ သတ်မှတ်ချက်တခု ဖွင့်ဖြစ်တယ်
တိုက်စားတတ်တဲ့ သဘောရယ်
နက်ရှိုင်းတတ်တဲ့ ၀ိသေသတွေနဲ့ပဲ
တယောက်ကျောကို တစ်ယောက်နင်းရဲတဲ့ ဂုဏ်လည်း ရှိတယ်။
သူတထူးရဲ့ အားနည်းခြင်းမှာလည်း ယစ်မူးတယ်။
လူလျှောက်တဲ့လမ်းမှာပဲ ပျော်စေ ပျက်စေနဲ့
ချော်ရည်တွေ အထပ်ထပ် လောင်းရဲတယ်။
သဘာဝတရားကို ငွေသားခပ်များများနဲ့ သွတ်သွင်းရဲတယ်။
I Love my Nation!
I Love my Culture!
I do love our Literature!
ခလုတ်တိုက်မတတ် လွယ်တဲ့စကားတွေနဲ့
အပူအအေးညှိရခက်တဲ့ ရေဒါနဲ့
လူဆိုတဲ့ အရုပ်ဟာ
ရုပ် မြင် သံ ကြား မှာ ဖမ်းယူရခက်နေတယ်။

Read more!