အသောက်၊ လေ့ ကျင့်ခန်း မှသည် အမျိုးသမီးများ အတွက် မိတ်ကပ် အထိ ပါဝင် သည်။
သင့် အနေ အထိုင်၊ အစား အသောက်၊ အမူအကျင့် များက မျက်စိ ကျန်းမာ ရေးအတွက်
အထောက် အကူပြုပါ သလား။ အောက် ဖော်ပြပါ စားသောက် နေထိုင်မှုပုံစံက သင့်မျက်စိ
အမြင် အာရုံ အတွက် အများကြီး အထောက် အကူပြု ပါလိမ့်မည်။
ကန်စွန်းဥစားပေးပါ
ကန်စွန်းဥပြုတ်နှင့် လှော်ထား သည့် မုန်လာဥချို စားပေးပါ။ ကန် စွန်းဥမှာ ညအမြင်အာရုံ
ထက်မြက် စေတဲ့ ဗီတာမင် A ကြွယ်ဝစွာပါဝင် သည်။ မုန်လာဥချိုမှာက anthocyanins
ဓာတ်ပစ္စည်း များ ပါဝင် တယ်။ ယင်းဓာတ်ပစ္စည်းများက မျက်စိမြင်လွှာရောဂါ
(retinopathy)) မဖြစ်ရအောင် ကာကွယ်ပေး တယ်။ မျက်စိထဲရှိ ဆံချည်မျှင်သွေး
ကြောလေးများ သွေးယို စိမ့်မှုမဖြစ် အောင် ကာကွယ် ပေးတယ်။
အပူဓာတ်ကို လျော့ပါ
အပူဓာတ်က အခန်းတွင်းရှိ လေနှင့်သင့်မျက်စိများကို ခြောက် သွေ့စေပါတယ်။
စိုထိုင်းမှုရအောင် အပင်ငယ်အချို့ကို စုစိုက်ထားပေးပါ။
လေ့ကျင့်ခန်းမှန်မှန်လုပ်
ကိုယ်လက်လှုပ်ရှား လေ့ကျင့် ခန်းများကို မှန်မှန်လုပ်ခြင်းက ရေ တိမ်ရှိဝေဒနာရှင်များကို
အထောက် အကူပြုပါသည်။ မျက်စိ မှန်ဘီလူး နှင့် မျက်ကြည်လွှာ (cornea) အကြားရှိ
အရည်၏ ဖိအားကို လျှော့ ချပေးပါသည်။ လေ့လာမှုတစ်ခုတွင် ရက်သတ္တတစ်ပတ်လျှင်
လေးကြိမ်၊ တစ်ကြိမ်လျှင် မိနစ် လေးဆယ်ကြာ လမ်းလျှောက်သည့် ရေတိမ် ဝေဒနာ
ရှင်တို့က ဆေးသောက် ဆေးစားမှု မလိုတော့ကြောင်း တွေ့ရသည်။
နံနက်စာအတွက် ဘလူးဘယ်ရီသီးစား
ဘလူးဘယ်ရီသီးများ (blueberries) မှာ အင်တီအောက်ဆီဒင့် များ ကြွယ်ဝစွာ ပါဝင်သည်။
ယင်း အသီးများက အသက်ငါးဆယ်ကျော် လူကြီးများတွင် ဖြစ်လေ့ရှိသည်။
အသက်အရွယ်ကြောင့် မာကျူလာ ယိုယွင်းခြင်း (Age-related Macular
Degeneration, AMD) ကို ရှောင်ကွင်းနိုင်စေသည်။ AMD သည်
အသက်ငါးဆယ်ကျော်သူများ တွင် မျက်စိကွယ်ခြင်း၏ အဓိက အကြောင်းရင်းများထဲမှ
တစ်ခုဖြစ် သည်။ ကျန်းမာရေးအတွက် အင် အားတိုးစားသောက်စရာအဖြစ် ဒိန် ချဉ်နှင့်
ဘလူးဘယ်ရီကို ရောစပ် သောက်နိုင်သည်။
အမြင်အာရုံထက်မြက်စေဖို့ အနံ့အာရုံကိုသုံး
စံပယ်ဆီမွှေးကို ရေရောပြီး သင့်လက်မောင်းပေါ် တို့ပြီးရှူရှိုက် ပါ။ ယင်းအနံ့က
သင့်ဦးနှောက်ထဲ ရှိ “ဘီတာလှိုင်း” အရေအတွက်ကို တိုးမြှင့်ပေးသည့်အတွက် သင့်စူး စိုက်မှု
အမြင် အာရုံကို ပိုမို ထက်မြက် စေသည်။
သင့်သွေးပေါင်ချိန်ကို လစဉ် စစ်ဆေးပါ
သွေးတိုးခြင်းနှင့် ဆီးချိုသွေး ချိုရောဂါ (diabetes)နှစ်မျိုးစလုံး က မျက်စိကွယ်ခြင်းနှင့်
ဆက်စပ် မှုရှိသည်။ ယင်းတို့နှစ်မျိုးစလုံးက သွေးကြောများကို ထိခိုက်ပျက်စီး စေသည်။
ထို့ကြောင့် ဆေးခန်းများ တွင် သွေးပေါင်ချိန်ကို သွားရောက် စစ်ဆေးပါ။
အဆီများ“ငါး” ကို စားပေးပါ
အိုမီဂါ-၃ အဆီအက်ဆစ် ပမာဏ မြင့်မားစွာပါဝင်ပြီး အိုမီဂါ- ၆ အဆီအက်ဆစ် နည်းပါးစွာ
ပါ ဝင်သည့် အစားအသောက် စားသူ များက AMD ဖြစ်ပွားခြင်းနည်းပါး သည့် အလား
အလာ ရှိကြောင်း လေ့ လာမှုများက ပြသထား ပါသည်။ အိုမီဂါ-၆ အဆီအက်ဆစ်ကို အသင့်
ချက်ပြီး ဟင်းလျာများနှင့် ပါဆယ် ဖြင့်ဝယ်ယူသည့် အစားအစာများမှာ ပါရှိသည်ကို
တွေ့ရသည်။
မီးခိုးရောင်နေကာမျက်မှန်ကိုသုံး
မီးခိုးရောင်နေကာမျက်မှန် များက ပယင်းရောင်နေကာမျက်မှန် များထက် အရောင်ကွဲထွက်မှု
ပုံပျက်ခြင်းပိုနည်းသည့်အတွက် နေကာမျက်မှန်တပ်လျှင် မီးခိုးရောင်ကို ပိုတပ်ဆင်သင့်ပါသည်။
မျက်တောင်ခြယ်ဆေး သုံးလ တစ်ကြိမ် စွန့်ပစ်ပါ
သင်သုံးနေသည့် မျက်တောင် ခြယ်ဆေးကို တတ်နိုင်လျှင် သုံးလ ကြာလျှင် စွန့်ပစ်ပါ။
ထို့အတူ အခြား မျက်စိနှင့်ပတ်သက်ပြီး အသုံးပြု သည့် မိတ်ကပ်များကို ခြောက်လ ကြာလျှင်
စွန့်ပစ် ပါ။ ယင်းတို့က မျက်စိကူးစက်ရောဂါများကို ဖြစ် ပွားစေသည့် ဘက်တီးရီးယားများ
ပေါက်ပွားရာ နေရာကောင်းများဖြစ် ခြင်းကြောင့် ဖြစ်ပါသည်။
No comments:
Post a Comment