ဟော… ကြည့်တော့
ညကြီး အချိန်မတော်
ခရေတွေတောင် တဖွဲဖွဲကြွေပြီ
စီစီညံညံ
ပိုးကောင်သံတို့တိတ်ဆိတ်
လှန်လှောနေမိတဲ့ အရိပ်တစ်ခု
ဘယ်ဆီ ဘယ်ဝယ်
အိပ်ကပ်ထဲမှာရှာကြည့်
ဖတ်စာအုပ်မှာရှာကြည့်
မပီေ၀၀ါး
မှင်ရည် အသွားအလာကအစ
ထိတ်ခနဲ လှိုက်စေ
လှိုက်ခနဲ ပျော်စေ
ကြည်နူးရခြင်းက
ကိုယ့်ကိုယ်ကို ပြန်ရှာဖွေနေရသလို
လွမ်းမောရခြင်းတို့ ကုဋေကုဋာ
သူ…
သိနေလျက်ကလည်း… မြင်နိုင်ပါစေ
မြင်နေလျက်ကလည်း.. ကြင်နိုင်ပါစေ
အဲဒီ အမှီသဟဲလေးနဲ့
သတိရစိတ်က
ညစဉ် ညတိုင်း
ဖွေးဖွေးလှုပ်အောင် လင်းလို့………….။
No comments:
Post a Comment