Channel တွေကိုသာ တလိုင်းပြီး တလိုင်းပြောင်းကြည့်ပေမယ့်
ရုပ်နာမ်တွေက ပီပီပြင်ပြင်ဖြစ်မလာ.. သေချာတယ်
လူဆိုတာဟာ အရောင်ခွဲခြားရခက်တဲ့ ပင်လယ်ပဲ
ဒီလိုဆိုတော့ သတ်မှတ်ချက်တခု ဖွင့်ဖြစ်တယ်
တိုက်စားတတ်တဲ့ သဘောရယ်
နက်ရှိုင်းတတ်တဲ့ ၀ိသေသတွေနဲ့ပဲ
တယောက်ကျောကို တစ်ယောက်နင်းရဲတဲ့ ဂုဏ်လည်း ရှိတယ်။
သူတထူးရဲ့ အားနည်းခြင်းမှာလည်း ယစ်မူးတယ်။
လူလျှောက်တဲ့လမ်းမှာပဲ ပျော်စေ ပျက်စေနဲ့
ချော်ရည်တွေ အထပ်ထပ် လောင်းရဲတယ်။
သဘာဝတရားကို ငွေသားခပ်များများနဲ့ သွတ်သွင်းရဲတယ်။
I Love my Nation!
I Love my Culture!
I do love our Literature!
ခလုတ်တိုက်မတတ် လွယ်တဲ့စကားတွေနဲ့
အပူအအေးညှိရခက်တဲ့ ရေဒါနဲ့
လူဆိုတဲ့ အရုပ်ဟာ
ရုပ် မြင် သံ ကြား မှာ ဖမ်းယူရခက်နေတယ်။
No comments:
Post a Comment