By ဧရာဝတီ on April 23, 2012 12:45 pm
NLD လွှတ်တော်တက်ရာတွင် ကျမ်းသစ္စာ ကျိန်ဆိုရမည့် စာသားပြောင်းလဲရန် တောင်းဆိုချက်နှင့်ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန် က ပြောင်းလဲရန် အစီအစဉ် မရှိကြောင်း ယနေ့ ပြောဆိုလိုက်သည်။ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည် နှင့် NLD အနိုင်ရရှိပြီး လွှတ်တော်တွင်းရောက်ရှိလာမည်ကို ကြိုဆိုကြောင်း၊ သို့သော် လွှတ်တော်တက်ရေး မတက်ရေးမှာ ကာယ ကံ ရှင်များ၏ သဘောဆန္ဒ အတိုင်းသာ ဖြစ်ကြောင်း ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော ဦးသိန်းစိန်က သတင်းထောက်များကို ပြော သည်ဟု Kyodo သတင်းဌာနက ဆိုသည်။
No comments:
Post a Comment