Friday, 20 April 2012

ရွေးကောက်ပွဲအပြီး မော်လမြိုင်ကြံ့ဖွံ့ ဆေးခန်းပိတ်ပြီ



  


မင်္ဂလာပါခင်ဗျာ

ကျွန်တော်တို့  မော်လမြိုင်မြို့ တွင် ဖြိုးမေတ္တာ အခမဲ့ဆေးကုခန်းကို သိရိမင်္ဂလာရပ်ကွက်နှင့် ဇေယျာသိရိရပ်ကွက်နှစ်ခု တွင် မြို့ခံသဌေးများက မတည်လှူဒါန်းပြီး ကြံ့ခိုင်ရေးက နာမည်ခံကာ အခမဲ့ ကုသပေးခဲ့သည်မှာ မရှိ ဆင်းရဲသားများ အခက်အခဲများစွာ ပြေလည် သည်မှာ အမှန်ပင်ဖြစ်ပါသည်။

သို့ သော် 1.4.2012 ရွေးကောက်ပွဲတွင် ခွက်ခွက်လန်အောင်ရုံးပြီးနောက်ပွဲ ကုလားမနိုင် ရခိုင်ကိုမဲ ဆိုသလို ဒေါင်းမနိုင်တဲ့ ဖွတ် ပြည်သူတွေကို မဲနေပါပြီး ရွေးကောက်ပွဲ ပြီးသည့်နောက်ရက်မှ စပြီး ဖြိုးမေတ္တာ အခမဲ့ ဆေးကုခန်းကို ပိတ်ပစ်လိုက်ကြပါသည်။

ထိုဆေးခန်းတွင် ငွေမြောက်များစွာ လှူထားသူများကို မေးကြည့်သော်လည်း သူတို့ ကိုယ်တိုင်ပင် မသိရှိကြသေးကြောင်း သိရှိရပါသည်။

အများအလှူ ဖွတ်နာမည်ယူ ပြည်သူတွေကို စေတနာထားသည်မှာ မမှန်ကန်ကြောင်း ထင်ရှားနေသည်။

ပြည်သူသာအမိ ပြည်သူသာအဖ ပြည်သူသာအရှင်သခင် ဟု အော်ဟစ်နေသော မော်လမြိုင်မြို့  မှ ဘာစာပြီး ဖြိုးလာသည် မသိသော ဖြိုးဖြိုးတို့  သိစေရန် ပုံနှင့်တကွ တင်ပြအပ်ပါသည်။

No comments:

Post a Comment