Monday, 16 April 2012

ဦးဇင်းခင်ညွန့် လူဝတ်လဲ



ဦးဇင်းခင်ညွန့် လူဝတ်လဲပါပြီလို့ ပေါ်ပြူလာရဲ့ ဖေ့စ်ဘုတ်မှာ ပြီးခဲ့တဲ့ နာရီပိုင်းအတွင်း ဓာတ်ပုံသတင်း တက်လာပါတယ်။

ကြိုတင်ကြေညာထားတဲ့အတိုင်း သာသနာ့ဘောင်မှာ ၇ ရက်ကြာတယ်ပေါ့။

ဦးခင်ညွန့်ရဲ့ပါဝါက သူ့နည်းသူ့ဟန်နဲ့ ကြီးတုန်းပါပဲ။ သင်္ကြန်မတိုင်ခင်က သူပြောလိုက်တဲ့ သို့မဟုတ် သူ မပြောလိုက်တဲ့ စကားတခွန်းကြောင့် အစိုးရက သတင်းစာရှင်းလင်းပွဲတခု ကမန်းကတန်း လုပ်လိုက်ရပါသေးတယ်။

သူနဲ့ ဗိုလ်သန်းရွှေအကြောင်း ဆိုရင် အများက စိတ်ဝင်စားကြပါတယ်။

သူတို့နှစ်ယောက်မှာတော့ ဦးခင်ညွန့်က သတ္တိပိုရှိတယ်လို့ ဆိုရမလားပဲ။ ပြည်တွင်းစာနယ်ဇင်းသမားတွေနဲ့ တွေ့ရဲ မေးခွန်းတွေကို ဖြေရဲပါတယ်။

ဦးသန်းရွှေကတော့ မေးခွန်းတွေ ကြိုပေးရင်တောင် တွေ့ဖို့ စဉ်းစားမယ် မထင်ပါဘူး။

စစ်ဗိုလ်ချုပ်တချို့ အနားယူပြီးရင် အတွေ့အကြုံတွေ စာရေးတတ်ကြတော့ သူတို့နှစ်ယောက်လုံးလည်း အနားယူနေပြီ ဆိုတော့ကာ မှတ်တမ်းတွေ၊ ရှင်းလင်းချက်တွေ ရေးပြီး ထုတ်ကြရင် ကောင်းမှာပဲ။ ရေးဖြစ် ထုတ်ဖြစ်မယ် ဆိုရင် ဗြောင်လိမ်တာတွေပဲပါပါပေါ့လေ၊ အင်မတန် စိတ်ဝင်စားဖို့ ကောင်းမယ်လို့ ထင်ပါတယ်။

No comments:

Post a Comment