Tuesday, 10 April 2012

နာဂနှစ်သစ်ကူးပွဲတော်အား နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့တွင် ကျင်းပမည

ယခင်နှစ်များက ကျင်းပခဲ့သည့် နာဂ တိုင်းရင်းသား ရိုးရာနှစ်သစ်ကူးပွဲတော် တွင် တွေ့ရသည့် မိန်းမပျိုလေးများ။ ဓာတ်ပုံ - အေအက်ဖ်ပီ
နာဂတိုင်းရင်းသား ရိုးရာနှစ်သစ်ကူး ပွဲတော်အား ဇန်န၀ါရီလ ၁၂ ရက်နေ့မှ စတင်ခါ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၏ လေရှီးမြို့တွင် ပထမဆုံး အကြိမ် ကျင်းပသွားမည်ဟု ခရီးစဉ်အား တာဝန်ယူ စီစဉ် ၀န်ဆောင်မှုပေးမည့် Diamond Palaceခရီးသွားလုပ်ငန်းမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
"ဒီနှစ်မှာတော့ နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ လေရှီးမြို့မှာ ကျင်းပမှာဖြစ်ပါ တယ်။ ခရီးစဉ်ကို နိုင်ငံခြားသားခရီးသွား ဧည့်သည် ၃၇ ဦး၊ ပြည်တွင်း က ဧည့်သည် ၁၆ ဦး၊ စုစုပေါင်း ၅၃ ဦး တက်မှာပါ။နိုင်ငံခြားသား အများစုက ဥရောပနိုင်ငံတွေက ဖြစ်ပါတယ်။ အရင်နှစ်တွေဆို ပုံမှန် ဧည့်သည် ၂၀ လောက်ပဲ ပို့ပေးရပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ နှစ်ဆ ကျော်လောက်တက်လာပါတယ်"ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
ခရီးစဉ်အရ ဇန်န၀ါရီလ ၁၂ရက်နေ့ တွင် ရန်ကုန်မြို့မှ လေကြောင်းဖြင့် ထွက်ခွာပြီး မန္တလေးမြို့တွင် ခဏ၀င်ကာ ခရီးသည်အချို့ ထပ်မံတင်၍ ဟုမ္မလင်း မြို့သို့ ဆက်သွားမည်ဖြစ်သည်။ ထိုမှ တစ်ဆင့် အမြန်ရေယာဉ်ဖြင့် ထမံသီ ကျေးရွာသို့ ခရီးဆက်ကာ ထိုရွာမှတစ်ဖန် မော်တော်ယာဉ်ဖြင့် လယ်ရှီးမြို့သို့ သွားမည်ဖြစ်သည်။
ခရီးစဉ် ဒုတိယနေ့တွင် နံနက်စာ အပြီးတွင် မိမိအစီအစဉ်ဖြင့် ကား (သို့) ခြေလျင်ဖြင့် အနီးအနားပတ်ဝန်းကျင်ကို သွားလာ လည်ပတ်နိုင်သည်။
ညပိုင်းတွင် နာဂတိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှုနှင့် ဓလေ့စရိုက်များကို ရိုက်ကူးထာသည့် ရုပ်သံဗီဒီယိုအား ဧည့်သည်များကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ခရီးစဉ် တတိယမြောက်နေ့တွင် နာဂ နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အဖြစ် ၀ါးလုံးရှည်စိုက်ထူပွဲ ကျင်းပပြီး နာဂရိုးရာ အိမ်အသုံးအဆောင်ပစ္စည်းများကို လေလံတင်ရောင်းချပေးမည် ဖြစ်သည်။
စတုထ္ထမြောက်နေ့မှာ နာဂနှစ်သစ်ကူး နေ့ဖြစ်ပြီး နာဂလူမျိုးစု ခေါင်းဆောင်က ရိုးရာအစားအသောက်၊ ခေါင်ရည်များ ဖြင့် ပွဲတော်လာ ဧည့်သည်များကို ဧည့်ခံ ပြီး နှစ်သစ်ကို ကြိုဆိုကြမည်ဖြစ်သည်။
ထိုနေ့တွင် မီးပုံးကြီးဖြင့် နာဂတိုင်ရင်း သားများက ရိုးရာအကဖြင့် ၀ိုင်းဖွဲ့ကကြ မည်ဖြစ်ရာ ပွဲတော်လာ ခရီးသွားဧည့် သည်များလည်း ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။ ခရီးစဉ်အရ ပဉ္စမမြောက်နေ့ တွင် လေရှီးမှ ရန်ကုန်သို့ ပြန်လည် ထွက်ခွာမည်ဖြစ်သည်။
နာဂနှစ်သစ်ကူးပွဲတော်အား နိုင်ငံခြားသားခရီးသွားဧည့်သည်များ အထူးသဖြင့် ဓာတ်ပုံပညာရှင်၊ သတင်းထောက်များနှင့် ပြည်တွင်းမှ ဓာတ်ပုံပညာရှင်တို့ အများဆုံး သွားရောက်ကြသည်။
ခရီးစဉ်ဈေးနှုန်းမှာ နိုင်ငံခြားသား တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁,၅၀၀ နှင့် ပြည်တွင်းဧည့်သည်တစ်ဦးလျှင် ကျပ် ၆၀၀,၀၀၀ ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment