Thursday, 28 June 2012

နယ်စပ် ဒုက္ခသည် ဌာနေပြန်နိုင်ရေး ဆွေးနွေးဖို့ UNHCR အကြီးအကဲ မြန်မာနိုင်ငံ သွားမည်




နယ်စပ် ဒုက္ခသည် ဌာနေပြန်နိုင်ရေး ဆွေးနွေးဖို့ UNHCR အကြီးအကဲ   မြန်မာနိုင်ငံ သွားမည်
UNHCR လို့ခေါ်တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲ ဖြစ်သူ Antonio Guterres (အန်ထော်နီယို ဂွတ်တားရပ်စ်) ဟာ ဇူလိုင်လဆန်းပိုင်း အတွင်း မြန်မာနိုင်ငံကို သွားရောက်ပြီး အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။



ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အုပ်ချုပ်ရေးအဖွဲ့နဲ့ နိုင်ငံတကာ အစိုးရတွေကြား ဆွေးနွေးပွဲမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ကြေညာသွားခဲ့ တာ ဖြစ်ပါတယ်။

မြန်မာအစိုးရနဲ့ တိုင်းရင်းသားတွေကြား ဖြစ်ပွါးနေတဲ့ စစ်ပွဲတွေကြောင့်
မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ် တလျှောက်မှာ ဒုက္ခသည်တွေ ခိုလှုံနေကြရပြီး အဲဒီဒုက္ခသည်တွေကို မူရင်းဒေသတွေမှာ ပြန်လည်
နေရာချထားရေး အတွက် သွားရောက် ဆွေးနွေးမယ်လို့ ဆိုပါတယ်။

UNHCR နဲ့ မြန်မာအစိုးရတို့ အဲဒီကိစ္စ ဆွေးနွေးရာမှာ စဉ်းစား ဆင်ခြင် စရာတွေ ရှိနေသေးကြောင်း ဂျီနီဗာက UNHCR အစည်းအဝေးကို တက်ရောက် လေ့လာနေတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ ချင်းအမျိုးသမီး မချယ်ရီဇာဟောင်း က ပြောပါတယ်။

"ဒုက္ခသည်တွေကို ပြန်လည်နေရာချထားရေး ဒါက အခုလောလောဆယ်မှာ မဖြစ်နိုင်သေးဘူးလို့ ကျမတို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံ မှာက စစ်တပ်တွေက နေရာတကာမှာ ရှိနေသေးတယ်။ Cease Fire
လုပ်နေပေမယ့် ဟိုနေရာမှာတိုက်ပွဲ ပြန်ဖြစ်လိုက် ဟိုနေရာမှာ ပြန်ပြီးတော့ ပစ်ခတ်လိုက် အဲဒီလို ဖြစ်နေချိန်မှာ ဒီဒုက္ခသည်တွေ ပြန်ဖို့ မသင့်တော်ဘူး။
နောက်တခုက တချို့ နေရာတွေမှာ မြေမြုပ်မိုင်းတွေ ရှိနေတဲ့ နေရာတွေကို လည်း ကောင်းကောင်း မရှင်းရသေးဘူး။ နောက်တခုက ပြန်သွားလို့ရှိရင် ဒုက္ခသည်တွေရဲ့ စားဝတ်နေရေး၊ ဘ၀ ဖူလှုံရေး လုပ်ပေးဖို့ လိုတယ်၊ အဲဒါတွေကိုလည်း ကျမတို့က တင်ပြမှာပါ။"

မြန်မာနိုင်ငံကို သွားရောက်လည်ပတ်မယ့် UNHCR အကြီးအကဲ Mr. Antonio Guterres ဟာပေါ်တူဂီနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဖြစ်ပြီး ၂၀၁၀ ခုနှစ် ဧပြီလတုန်းက UNHCR မဟာမင်းကြီးအဖြစ် အရွေးချယ်ခံခဲ့ရတာ
ဖြစ်ပါတယ်။

1 comment:

  1. he should know what's situation of burma problems in the people and their living ...

    ReplyDelete