Thursday, 12 July 2012

မှုန်ဝါးနေဆဲ ပက်(စ်)ပို့ ကိစ္စများနှင့် ရွေ့ ပြောင်းအလုပ်သမားများ (၁၂၊ဝ၇၊၂ဝ၁၂)

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့ အတွင်း နေထိုင်သော ရွေ့ ပြောင်းအလုပ် သမားများနှင့် မြန်မာပြည် တွင်းမှ အလုံးလိုက် အရင်းလိုက် ဝင်ရောက်လာနေသော ဘန်ကောက်၊ မဟာချိုင် အစရှိသော မြို့ ကြီးများတွင် သွားရောက် အလုပ် လုပ်ကိုင်လိုသော အလုပ်လက်မဲ့များသည် အလုပ်လုပ်ခွင့် ဗီဇာနှင့် ပက်စ်ပို့ လုပ်ကိုင်ရာတွင် နှောင့်နှေး ကြန့်ကြာမှုများနှင့် ရင်ဆိုင်ကြုံတွေ့ နေရလျက်ရှိသည်။



တနယ်တကျေးမှ လာရောက်ခဲ့သော မြန်မာပြည်သားများအတွက် ပက်စ်ပို့၊ အလုပ်လုပ်ခွင့် ဗီဇာများ လာရောက် လုပ်ကိုင်သည့် အချိန်ကာလသည် (၂)လ ကျော် (၃) လ အထိ ကြာမြင့်ခဲ့ပြီ ဖြစ်ရာ ပက်စ်ပို့တန်ဖိုးထက် လက်တလော စားဝတ်နေရေး စားရိတ် ပို၍ ကြီးလာသောကြောင့် ငြီးညူသံများ မကြာခဏ ပေါ်ထွက်လာလေသည်။

ယခုလို ပက်စ်ပို့ ဗီဇာများ ဈေးပေါပေါဖြင့် ပြုလုပ်ပေးမည်ဟု သတင်းကြေငြာပြီး မကြာမီ ကျွန်ုပ်၏ ရွာရှိဆွေမျိုး အချို့ လည်း ဘန်ကောက၊် မဟာချိုင် စသော မြန်မာပြည်သားများအတွက် လုပ်ခလစာ ပိုမိုကောင်းမွန်သည့် နေရာများသို့ အလုပ်သွားရောက် လုပ်ကိုင်မည် “ရေကြည်ရာ မြက်နုရာ ရှာဖွေမည်” ဟု အတွေးဖြင့် မဲဆောက်သို့ တက်လာခဲ့သည်။ သို့သော်လည်း ပက်စ်ပို့ လုပ်ကိုင်သည့် အချိန်မှစ၍ ယခုအချိန်ထိ ပက်စ်ပို့ ဗီဇာနှင့် ပတ်သက်၍ အားရစရာ ဘာသတင်းမျှ ထွက်မလာသေး။

သို့သော် မကြားသေးခင် ၁၊ ၂ ရက် အကြာက ပက်စ်ပို့ လုပ်ထားသော ပွဲစားမှ ယာယီနေထိုင်ခွင့် စာရွက်အချို့ ကိုသာ လာရောက် ပေးအပ်ခဲ့ပြီး အခြားကျန်ရှိ နေသေးသော အထောက်အထားများအား ထိုင်းအာဏာပိုင် ရုံးများမှ မည်သည့် သတင်းထုတ်ပြန်ချက်မျှ မလာသေး ဟူသည့် အကြောင်းပြချက်ဖြင့် ဘူးခံကာ ပြန်သွားခဲ့လေသည်။ ယခု လုပ်ကိုင်လျက်ရှိသော ပက်စ်ပို့၊ ဗီဇာများနှင့် ပတ်သက်၍ ကုန်ကျငွေသည် တစ်ယောက် ၁၅ဝဝဝ နှုန်း ကုန်ကျမည်ဟု ပွဲစားမှ လာရောက် ပြောကြားခဲ့သော်လည်း ၁ဝဝဝဝ ကိုသာ စရံအဖြစ် ပေးကမ်းခဲ့လေသည်။

အဘယ်ကြောင့်ဆိုသော် ပက်စ်ပို့၊ ဗီဇာ မရမချင်း စိတ်မချရနိုင်သေး သောကြောင့် ဖြစ်သည်။ ပက်စ်ပို့ ဗီဇာ မိမိလက်ထဲသို့ ရောက်လာမှ လက်ကျန်ငွေအား ပေးချေမည်ဟု သတိတော့ ထားမိလေကြသည်။ ဆိုလိုသည်မှာ ပက်စ်ပို့၊ ဗီဇာများ မည်သည့်ရက်တွင် ရရှိမည်ဆိုသည်မှာ မသေချာသေးပေ သို့သော်လည်း လာရောက်လုပ်ကိုင်လျက်ရှိသော မြန်မာပြည်သားများ ဦးရေမှာ သန်းနှင့်ပင် ချီသွားပြီဖြစ်သည်။

ယင်းသန်းနှင့် ချီသော မြန်မာပြည်သားများသည် နယ်စပ်ဒေသများတွင် သောင်တင်လျက်ရှိရာ အချို့ ဆိုလျှင် အိမ်သာ တစ်ခါတက် ထိုင်းဘတ်ငွေ ၅ ဘတ်၊ ရေတစ်ခါချိုး ၅ ဘတ် စသဖြင့် ကြပ်တည်းစွာ နေထိုင်နေကြရလျက် ရှိသည်။ ဒီကြားထဲ တစ်ရိပ်ရိပ်ဖြင့် မသိမသာ ထောင်းလာသည့် စားရိတ်များကြောင့် ပက်စ်ပို့လုပ်ထားသော မြန်မာပြည်သားများ ဒုက္ခအကြီးအကျယ် ကျရောက်လျက်ရှိလေသည်။

No comments:

Post a Comment