Monday, 23 April 2012

ကျမ်းကျိန် စာသား ပြောင်းရန် အစီအစဉ်မရှိဟု ဦးသိန်းစိန်ပြော



 
Print Friendly  
NLD လွှတ်တော်တက်ရာတွင် ကျမ်းသစ္စာ ကျိန်ဆိုရမည့် စာသားပြောင်းလဲရန် တောင်းဆိုချက်နှင့်ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန် က ပြောင်းလဲရန် အစီအစဉ် မရှိကြောင်း ယနေ့ ပြောဆိုလိုက်သည်။ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည် နှင့် NLD အနိုင်ရရှိပြီး လွှတ်တော်တွင်းရောက်ရှိလာမည်ကို ကြိုဆိုကြောင်း၊ သို့သော် လွှတ်တော်တက်ရေး မတက်ရေးမှာ ကာယ ကံ ရှင်များ၏ သဘောဆန္ဒ အတိုင်းသာ ဖြစ်ကြောင်း ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော ဦးသိန်းစိန်က သတင်းထောက်များကို ပြော သည်ဟု Kyodo သတင်းဌာနက ဆိုသည်။

Read more!

Sunday, 22 April 2012

ထောင်ထဲမှာ iPhone နဲ့ tablet တွေ သုံးနေပြီ




  အင်တာနက်သုံးလို့ရတဲ့ စမတ်ဖုန်း ထောင်ထဲမှာလည်း သုံးနေပြီ တဲ့ (ဓာတ်ပုံ - အောင်အောင်/ဧရာဝတီ)

ဟုတ်ပါတယ်၊ ထောင်ထဲမှာလည်း စမတ်ဖုန်းတွေ သုံးနေပါပြီ။

ထိုင်းနိုင်ငံတောင်ပိုင်း နခွန်ဆီသမာရတ် ထောင်ကြီး (Nakhon Si Thammarat)ကို ၀င်စီးရာမှာ အကျဉ်းသားတွေဆီက လက်ကိုင်ဖုန်း အလုံး ၃၀၀ ၀န်းကျင် သိမ်းဆည်းရမိတယ် လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

ဖုန်းတွေထဲမှာ iPhone တွေ၊ tablet လို့ ခေါ်တဲ့ ကွန်ပြူတာအပါးစားတွေ ပါတယ် တဲ့။

စိတ်ကြွဆေး အလုံးရေ ၁,၇၀၀ ၊ လောင်းကစားပစ္စည်း၊ လက်နက်တွေကိုလည်း ရှာတွေ့တယ်လို့ ဆိုတယ်။

မနေ့က ၀န်ထမ်း ၆၀၀ ထက်မနည်း ၀င်ပြီး ရှာဖွေရေး လုပ်ခဲ့တယ်၊ မနက် ၃ နာရီမှာ ၀င်ရှာတယ်၊ ရှာဖွေချိန်စုစုပေါင်း ခြောက်နာရီ ကြာတယ် တဲ့။

iPhone တလုံး ထောင်ထဲရောက်ဖို့အတွက် သုံးရတဲ့ငွေက ဘတ်သုံးသိန်းခွဲ (ဒေါ်လာ တထောင်စွန်းစွန်း) လို့ ဆိုတယ်။ ဒီငွေပမာဏဟာ iPhone အလုံး ၂၀ လောက် ၀ယ်လို့ရတာပေါ့။

ရှောင်တခင်စစ်ဆေးတဲ့ကာလမှာ ထောင်ပိုင်ကြီး စိတ်မသက်မသာဖြစ်နေတယ်လို့ သတင်းထောက်က ဆိုတယ်။

"ဒီလိုပစ္စည်းတွေကို တားဆီးဖို့ ကျနော် အားကြိုးမာန် ဆောင်ရွက်ခဲ့ပါတယ်။ သို့သော်လည်း ငွေအားက ပိုပြီး ကြီးနေပါတယ်" လို့ ထောင်ပိုင်ကြီး Narong Yongnarongdejkul က ဆိုသတဲ့။

ထောင်ပိုင်ကြီးကို ရာထူးကနေ ဖယ်ရှားလိုက်တယ် တဲ့။

ဒီထောင်ကြီးထဲ ဒီပစ္စည်းတွေ ရောက်နေတဲ့ ပြဿနာကို ရှင်းထုတ်ဖို့ ဆိုရင် ထောင်ဝန်ထမ်းတွေကို ရှင်းထုတ်ပစ်၊ ထောင်ပြောင်းပစ်မှဖြစ်မယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးက ဆိုတယ်။

  ဌာနပေါင်းစုံက ၀န်ထမ်း ၆၀၀ ကျော် ပါဝင်တဲ့ ရှောင်တခင် စစ်ဆေးရေး (ဓာတ်ပုံ - The Nation သတင်းစာ အွန်လိုင်း)


ဒီရှာဖွေရေး ဘယ်လို အစပြုခဲ့တာလဲ ??

မူးယစ်ဆေးအမှုတွေကို စစ်ဆေးရာမှာ ဒီထောင်ထဲကနေ မှာပြီး သုံးတာများတယ် ဆိုတာကို သိရပြီးနောက်ပိုင်းမှာ အခုလို ရှောင်တခင် ၀င်စစ်ရတာပါပဲ တဲ့၊ ခရိုင် အမှတ် ၈ ရဲတပ်ဖွဲ့ ဗိုလ်ချုပ် Santi Pensutra က ဆိုတယ်။

လအတန်ကြာ ပြင်ဆင်ခဲ့တဲ့ ဒီစစ်ဆင်ရေးကို ရဲ၊ စစ်တပ်၊ အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့က အရာရှိတွေ ပေါင်းပြီး အကောင်အထည်ဖော်ခဲ့တာလို့ ဆိုတယ်။

ဒီထောင်ကြီးထဲမှာ လက်ကိုင်ဖုန်းတလုံးရဲ့ တန်ဖိုးက ဘန် ၂ သိန်း နဲ့ ၂ သိန်းခွဲကြားမှာ ရှိတယ်လို့ သိရပါတယ်။

စမတ်ဖုန်းတွေကတော့ ပိုဈေးကြီးတာပေါ့။ အထက်မှာ ဆိုခဲ့သလို ဘတ်သုံးသိန်းကျော်ပါတယ်။ ဖုန်းမရှိတဲ့အကျဉ်းသားက ငှားသုံးရတယ်၊ ငှားရမ်းခက တကြိမ်ကို ဘတ် ၁၀,၀၀၀ ကနေ ၁၈,၀၀၀ တဲ့။ ဒေါ်လာနဲ့တွက်မယ် ဆိုရင် ၃၀၀ နဲ့ ၆၀၀ ကြားပေါ့။

ဖုန်းတွေ ဘာတွေ ထောင်ထဲသွင်းရာမှာ ပါဝင်တဲ့ ၀န်ထမ်းများကို ဖမ်းဖို့ ၀ရမ်းထုတ်တော့မယ်လို့ ဆိုတယ်။

စိတ်ကြွဆေးသွင်းရာမှာ အဓိက လှုပ်ရှားတဲ့ အကျဉ်းသား ၂ ဦး ရှိတယ်၊ သူတို့ရဲ့ လုပ်ငန်းက ထောင်ထဲ ဆေးတကြိမ် သွင်းရင် ထိုင်းဘတ်ငွေ သန်းပေါင်းများစွာ ရတယ်လို့ ဆိုတယ်။ သံတိုင်ကြားက စီးပွားရေးလုပ်ငန်းကြီးပေါ့။

တခြားအကျဉ်းသား အများအပြားလည်း ခိုးသွင်းမှုတွေမှာ ပါဝင်ပတ်သက်ပေမယ့် အလတ်စား အငယ်စား မူးယစ်ဆေးရောင်းဝယ်သူများဖြစ်တယ်လို့ ဆိုတယ်။

ရှောင်တခင် စစ်ဆေးရေးလုပ်တယ် ဆိုပေမယ့် သတင်းပေါက်ကြားခဲ့တယ် တဲ့။

"ဖမ်းမိတဲ့ ဖုန်းတလုံးမှာ စာ (message) တစောင် ပို့ထားတာ တွေ့ရတယ်၊ ၂ နာရီအတွင်း ရှာဖွေရေးလုပ်မယ်ဆိုပြီး အဲဒီစာမှာ ရေးထားတယ်။ ဒီတော့ ကျနော်တို့ ရောက်မသွားခင်
တချို့ပစ္စည်းတွေကို ရှင်းထုတ်ပစ်ပြီးသား ဖြစ်နိုင်တယ်" လို့ ခရိုင်ရဲမှူး ဗိုလ်မှူးချုပ် Ronnapong Saikaeo က ဆိုတယ်။ စိတ်ကြွဆေးတွေကို အိမ်သာထဲထည့်ပြီး ရေဆွဲချလိုက်တာမျိုးပေါ့ တဲ့။

Read more!

ဦးသိန်းစိန်၏ကတိသစ္စာ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကတိသစ္စာပြုချက်တွင် ပါဝင်သော စာသားကို ပြောင်းလဲပြင်ဆင်ရန် အစီအစဉ်မရှိကြောင်း သတင်းထောက်များကို ပြောကြား

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကတိသစ္စာပြုချက်တွင် ပါဝင်သော စာသားကို ပြောင်းလဲပြင်ဆင်ရန် အစီအစဉ်မရှိကြောင်း ယနေ့ ဧပြီလ ၂၃ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြောကြားခဲ့သည်ကို ကိုကားပြီး AFP သတင်းတွင် ဖေါ်ပြထားပါသည်။

လက်ရှိအချိန်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံသို့ (၅)ရက်ကြာ ချစ်ကြည်ရေးခရီး ရောက်ရှိနေခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိမိအနေဖြင့် နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်အား လွှတ်တော်တွင် ကြိုဆိုချင်ပါကြောင်း သို့ရာတွင် လွှတ်တော်သို့ တက်ရောက်ခြင်း မတက်ရောက်ခြင်းမှာ သူမနှင့်သာ သက်ဆိုင်ပါကြောင်း သတင်းထောက်များအား တိုကျိုမြို့တွင် ပြောကြားခဲ့သည်ဟု အဆိုပါသတင်းတွင် ဖေါ်ပြထားပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖြစ်ထွန်းရေး အကောင်အထည် ဖေါ်မှုနှင့် ပတ်သက်၍ နောက်ကြောင်းပြန်လည့်မည် မဟုတ်ကြောင်း၊ ပြည်သူများ၏ အကျိုးစီးပွားအတွက် တူညီသောလမ်းကို လျှောက်လှမ်းရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းဆောင်ရွက်လိုပါကြောင်းလည်း သတင်းထောက်များအား ပြောကြားခဲ့သည်။

Read more!

လွှတ်တော်များ အဆင့်မြင့်တော့မည်လော




  
လွှတ်တော်ထဲက တမတ်သားအင်အားစု (ဓာတ်ပုံ - ဧရာဝတီ)

လွှတ်တော် ၂ ရပ်မှာ တက်နေတဲ့ စစ်တပ်ကိုယ်စားလှယ် ၅၉ ယောက်ကို အစားထိုးတယ်လို့ ဒီနေ့ သတင်းစာများမှာ ဖော်ပြထားပါတယ်။ စာရင်းအရ ဆိုရင် လွှတ်တော်ထဲ အသစ်ရောက်လာတဲ့ စစ်အရာရှိတွေက ရာထူး ပိုကြီးနေပါတယ်။ ဗိုလ်မှူးတွေ နေရာမှာ ဗိုလ်မှူးကြီးတွေ၊ ဗိုလ်မှူးချုပ်တွေနဲ့ အစားထိုးလိုက်တာပါ။

ဒီလို ရာထူးကြီးစစ်ဗိုလ်များကို လွှတ်တော်ထဲ ပို့လိုက်တဲ့အတွက် အထက်လွှတ်တော်၊ အောက်လွှတ်တော်တို့ အရှိန်အ၀ါ ပိုကြီးသွားသလား ဆိုတာတော့ မသိရသေးပါဘူး။

စစ်ဗိုလ်တွေ လွှတ်တော်ထဲ ၀င်ထိုင်နေရတာက လွှတ်တော်မှာ စစ်တပ် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်ရမယ် လို့ 
အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားလို့ပါပဲ။ ဒါကြောင့် ဒီအုပ်စုကို တမတ်သားအုပ်စုလို့လည်း ခေါ်ကြပါတယ်။
အရပ်သားတွေ လွှတ်တော်ထဲရောက်ဖို့ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ရပါတယ်။ ဒီတမတ်သားတွေက ရွေးကောက်ပွဲဝင်စရာမလိုဘဲ ရောက်လာတဲ့အတွက် မိုးကျရွှေကိုယ်များ လို့လည်း တချို့က ခေါ်ကြပါတယ်။

နိုင်ငံတော်ကိုလည်း ကာကွယ်ရ၊ လွှတ်တော်ထဲလည်း တာဝန်ယူရ ဆိုတော့ စစ်ဗိုလ်ကြီးများ ပင်ပမ်းရှာမှာပဲ။

အစားထိုး စစ်တပ်ကိုယ်စားလှယ်စာရင်းကို အောက်မှာ လင့် ပေးလိုက်ပါတယ်။

စာမျက်နှာ ၁  
စာမျက်နှာ ၂  

Read more!

NLD ပါတီ လွှတ်တော်တက်ဖို့ ရွှေ့ဆိုင်း



နေပြည်တော်မှာ ပြန်ကျင်းပမယ့် လွှတ်တော်ကို NLD ပါတီက မတက်ဘူးဆိုပြီး သပိတ်မှောက်တာ မဟုတ်ဘဲ လွှတ်တော် တက်နိုင်မယ့် အချိန်ကို စောင့်နေတာဖြစ်တယ်လို့ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒီကနေ့ NLD ရုံးချုပ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောလိုက်တာ ဖြစ်ပါတယ်။  ညှိနှိုင်းစရာတွေ ကျန်နေသေးတဲ့အတွက်  မနက်ဖြန် ဧပြီလ ၂၃ ရက် တနင်္လာနေ့မှာ ပြန်စမယ့် လွှတ်တော် အစည်းအဝေးတွေကိုတော့ NLD ပါတီက ရွေးကောက်ခံ ကိုယ်စားလှယ်တွေ မတက်ဖြစ်သေးဘူးလို့လည်း NLD ပါတီကပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။

ရွေးကောက်ခံ ကိုယ်စားလှယ်တွေ လွှတ်တော် မတက်ခင် ကျမ်းကျိန်စဉ်အတွင်း ရွတ်ဆိုရတဲ့ ပုဒ်မ (၁၂၅) ဇယား (၄) ပါ စာသားအရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမယ် ဆိုတဲ့အစား ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပါမယ် ဆိုတဲ့ စကားရပ် ပြောင်းလဲရွတ်ဆိုနိုင်ဖို့အတွက် တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေတာ မပြီးပြတ်သေးလို့ လွှတ်တော် မတက်ဖြစ်သေးတာသာ ဖြစ်ပြီး လွှတ်တော် မတက်ဘူးဆိုပြီး သပိတ်မှောက်တာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒီကနေ့ NLD ရုံးချုပ်မှာ ပြုလုပ်နေတဲ့ လွှတ်တော် ကိုယ်စားလှယ်များအတွက် ဥပဒေရေးရာ သင်တန်းအပြီး သတင်းထောက်တွေရဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ဖြေခဲ့တာဖြစ်ပါတယ်။
“Boycott လုပ်တာ မဟုတ်ပါဘူး။ သွားနိုင်တဲ့အချိန်ကို စောင့်နေတာပါ။ အဲဒီကိစ္စက မပြီးသေးဘူးလေ။ အမေတို့ ဆုံးဖြတ်ရမှာ မဟုတ်ဘူး။”
NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ NLD ပါတီက အခုကြိုးစားနေတဲ့ စကားရပ်ပြင်ဆင်နိုင်ရေး ကိစ္စကို ဧပြီလ ၁၄ ရက်နေ့မှာ နိုင်ငံတော်သမ္မတဆီ အကြံပြု မေတ္တာရပ်ခံစာ တစောင်ပေးပိုခဲပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံး တာဝန်ရှိသူတွေက ဧပြီလ ၂၀ ရက်မှာ ဒီစကားလုံး အသုံးအနှုန်းပြင်နိုင်ရေး ကိစ္စနဲ့ ပတ်သကိလို့ NLD ပါတီကို ခေါ်ယူရှင်းပြခဲ့ပါတယ်။ ဧပြီလ ၂၁ ရက်စနေနေ့မှာတော့ NLD ပါတီက နိုင်ငံတော် သမ္မတအပါအ၀င် လွှတ်တော်နှစ်ရပ်က အကြီးအကဲတွေဆီ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးတွေဆီကို နောက်ထပ် အကြံပေးစာတွေ ထပ်ပြီးတော့ ပို့ထားပါတယ်။ ဒါကြောင့် ဒီညှိနှိုင်းချက်တွေ မပြီးပြတ်သေးလို့ မနက်ဖြန် ဧပြီလ ၂၃ မှာ ပြန်ကျင်းပမယ့် လွှတ်တော်ကို NLD ကိုယ်စားလှယ်တွေ မတက်ဖြစ်ဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“ကျနော်တို့ မနေ့က စာတွေဘာတွေ ပို့ထားတယ်။ စာက ဆိုတာကတော့ ကျနော်တို့ရဲ့ အမြင်ပေါ့နော်။ အခု ဖြစ်နေတဲ့ ဇယားလေးနဲ့ ပတ်သက်တဲ့အမြင်ကို ဘယ်လို ပြုပြင်လို့ရမလဲ ဆိုတဲ့ အကြံပြုချက် ကျနော်တို့ ပေးပို့ထားတယ်။ ဒီနေ့ထိတော့ အဖြေမသိသေးပါဘူး။ အဲဒီတော့ ဒီနေ့ ၂၂ ဆိုတော့ မနက်ဖြန် ၂၃ စမယ့် လွှတ်တော်ကိုတော့ ကျနော်တို့ အဖွဲ့ချုပ်က မတက်ဖြစ်ဘူးလို့ပဲ ပြောရမှာပါ။”
NLD ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ NLD က ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ မနက်ဖြန် လွှတ်တော် မတက်ဖြစ်ဘူး ဆိုပေမဲ့ ဧပြီလ ၁ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၃) လားရှိုး မြို့နယ်မှာ အမျိုးသားလွှတ်တော်အတွက် အနိုင်ရခဲ့တဲ့ ကျားဖြူပါတီ ခေါ် ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ က ကိုယ်စားလှယ် စိုင်းစံမင်း ကတော့ ဧပြီလ ၂၃ မှာ စမယ့် အမျိုးသား လွှတ်တော် အစည်းဝေးကို တက်ဖို့ နေပြည်တော်ကို ရောက်နေပါပြီ။
“အမျိုးသားလွှတ်တော်ကို ပေါ့လေနော်.. တက်ဖို့ အစီအစဉ်ကတော့ ကျနော် လွှတ်တော်ရုံးကို ကျနော် အကြောင်းကြားပြီးပါပြီ။ နောက် ကိုယ်စားလှယ် လက်မှတ်လည်း ဒီနေ့ပဲ ကျနော်တို့ကို ထုတ်ပေးလိုက်တယ်။ တကယ်လို့ ကျမ်းကျိန်ရမယ် ဆိုရင်လည်း ကျမ်းကျိန်ပြီးတော့ ကျနော် တခါတည်း တက်ပါမယ်။ ဒီတခေါက်တော့ အရင် စထားတဲ့ လွှတ်တော် အစည်းအဝေးက မပြီးပြတ်သေးတဲ့ အနေအထားမှာ ဖြစ်နေတော့ ဒီတခေါက်တော့ ကျနော် ကျမ်းသစ္စာ ဆိုပြီးရင် ကျနော် လေ့လာသူအဆင့်ပဲ ရှိပါမယ်။ နောက်တခေါက်မှ ကျနော် တင်ပြစရာတွေ ကျနော် ပြုစုပြီးတော့ နောက်တပတ်မှ တင်ပြရမှာ ဖြစ်ပါတယ်။”
ကျားဖြူပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းစံမင်း ဖြစ်ပါတယ်။ ဧပြီလ ၂၃ ရက်နေ့မှာ ပြန်စမယ့် လွှတ်တော်ဟာ ပထမအကြိမ် တတိယပုံမှန် အစည်းအဝေးတုန်းက မပြီးပြတ်သေးတဲ့ ကိစ္စတွေကို လွှတ်တော် ၂ ရပ်မှာ ဆွေနွေးကြဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အခု NLD ပါတီက ကျမ်းကျိန်စဉ်တွင်း ရွတ်ဆိုရတဲ့ စကားရပ် ပြင်ဆင်နိုင်ရေး ကိစ္စဟာ လွှတ်တော်ထဲမှာ ကြားဖြတ်အစီအစဉ်တွေနဲ့ ဆွေးနွေးလာနိုင်စရာ အခြေအနေတွေ ရှိတယ်လို့လည်း လွှတ်တော် ကိုယ်စားလှယ်တွေက သုံးသပ်နေကြပါတယ်။ NLD ပါတီဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၇ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၄ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ၂ နေရာနဲ့ အများစုကို အနိုင်ရထားတဲ့ပါတီ ဖြစ်ပါတယ်။

Read more!

လက်နက်ချ KIA များကို ထောက်ပံ့




  
KIA တပ်ဖွဲ့က တပ်ကြပ် ကျော်ဝင်း နဲ့ အစိုးရတပ်အရာရှိတဦး

မကြာသေးမီက "လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ခဲ့"တဲ့ KIA တပ်ကြပ် ကျော်ဆန်းနဲ့ အဖွဲ့ကို မြစ်ကြီးနားမှာ ထောက်ပံ့ငွေတွေ ပစ္စည်းတွေ ပေးတဲ့အကြောင်း ဒီကနေ့ သတင်းစာများမှာ ဖော်ပြထားပါတယ်။

ဘယ်ကာလအထိ ဆက်လက်ထောက်ပံ့မယ် ဆိုတာ ဖော်ပြထားခြင်း မရှိပါ။
သတင်းကို ရည်ရွယ်ချက်မဲ့သော စစ်ပွဲများကို ဆက်လက် ဆင်နွှဲလိုခြင်း မရှိ၍ ဆိုတဲ့ စကားရပ်နဲ့ အစပြုထားပါတယ်။

ဒီမှာ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiunMWsLDi9ln6Kxo6v6tjA75p8iQn96KCypLv9rDd2kalX6dMTlHj50ScK2G44GMSEySaRy-FDo1aEp6JmQvcrz0m-MDzuq7K3d-7z2yiZbWhZbOjaf48NONOGsVSO4yIZFPkDV-CyFno/s1600/1.jpg  ဖတ်နိုင်ပါပြီ

Read more!

မြန်မာစစ်အစိုးရ နှင့် (NSCN-K)


အစိုးရ နှင့် နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ အပစ်ရပ်ပြီး

  
အစိုးရ၏ ကမ်းလှမ်းချက် အရ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ (NSCN-K) The National Socialist Council of Nagaland – Khaplang မှ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ငြိမ်းချမ်းရေး ဆွေးနွေးရေး ဖေါ်ဆောင်ရေး အဖွဲ့တို့သည် ပြီးခဲ့သည့် ဧပြီလ (၉) ရက်နေ့ မွန်း လွဲပိုင်း (၂) နာရီတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးမြို့ တပ်နယ် ခန်းမတွင် အပစ်အခတ် ရပ်စဲရေး တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။ အဆိုပါ အပစ်အခတ် ရပ်စဲရေး တွေ့ဆုံ ဆွေးနွေးရေးတွင် အချက် (၅) ချက် ပါဝင်သော ပဏာမ သဘောတူ လက်မှတ် ရေးထိုး နိုင်ခဲ့ ပါသည်။ 

ငြိမ်ချမ်းရေးအတွက် တည်ဆောက်ရန်အတွက် ပဏာမ သဘောတူညီချက် များမှာ-
(က) တပ်မတော်နှင့် နာဂ လက်နက်ကိုင် အဖွဲ့တို့သည် ၂၀၁၂ ခုနှစ်၊ ဧပြီလ (၉) ရက်နေ့ မှစ၍ အပြန်အလှန် အပစ်အခတ် တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားရန်။

(ခ) နှစ်ဦးနှစ်ဖက် အပြန်အလှန်ပြောဆို ဆက်ဆံဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက်  နာဂလက်နက်ကိုင် NSCN-K အဖွဲ့ ၏ ဆက်ဆံရေးရုံကို နှစ်ဖက် သဘောတူညီသော ခန္တီးမြို့တွင် ဖွင့်လှစ်ရန်။

(ဂ) အပစ်အခတ် ရပ်ဆိုင်းထားစဉ် ကာလအတွင် နှစ်ဦနှစ်ဖက် သဘောတူညီထားသော နေရာများမှအပ နယ်မြေ ကျော် လွန်၍ လက်နက်ကိုင်ဆောင် သွားလာမှုများကို နှစ်ဦးနှစ်ဖက် ကြိုတင် ညှိနှိုင်းပြီးမှ ဆောင်ရွက်ရန်။

(ဃ) အပစ်အခတ်ရပ်စဲ ထားစဉ်ကာလအတွင်း နာဂ လက်နက်ကိုင် NSCN-K အဖွဲ့အား လက်နက်ကိုင်ဆောင်ခြင်း မပြုဘဲ မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ခရီးသွားလာခွင့် ပြုရန်။

(င) ပြည်ထောင်စု အစိုးရက ဖွဲ့စည်းသည့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ နှင့် နာဂလက်နက်ကိုင် NSCN-K အဖွဲ့မှ ဖွဲ့စည်း သည့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့သည် နှစ်ဦးနှစ်ဖက် သဘောတူညီသော နေရာ၊ သဘောတူညီသော အချိန်ကာလ တွင် နာဂဒေသအတွင်း တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စသည့် ကိစ္စရပ်များ ဖေါ်ဆောင်နိုင်ရေးအတွက် ဆက်လက် တင်ပြ ညှိနှိုင်းဆွေးနွေးကြရန် တို့ဖြစ်သည်။
N_02ထိုအပစ်အခတ် ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲအတွင်းသို့ စစ်ကိုင်းတိုင်း ဒေသကြီး ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ခေါင်း ဆောင်၊ တိုင်းဒေသကြီးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှုးကြီး ကြည်နိုင် ဦးဆောင်သော အဖွဲ့ဝင် (၅) ဦး နှင့် အနာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ခေါင်းဆောင် Y ဝမ်းဝာင် နာဂ ဦးဆောင် အဖွဲဝင် (၇) ဦး တက်ရောက်ခဲ့ပါသည်။

နာဂ တိုင်းရင်းသား များသည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံ အတွင်း၌ နေထိုင်ကြသည်။ အိန္ဒိယ- မြန်မာနယ်စပ် အတွင်း ခြေကုတ်စခန်း ဖွင့်လှစ်ထားပြီး အိန္ဒိယ- မြန်မာနိုင်ငံ အတွင်းရှိ နာဂဒေသများ ပူးပေါင်းပြီး သီးခြား နာဂနိုင်ငံ ထူထောင်ရန် ရည်ရွယ်ဖွဲ့စည်းထားသည်။
N_01နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီသည် ၁၉၈၈ ခုနှစ် ဧပြီလ (၃၀) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ ၂၀၁၀ ခုနှစ် ဆန်းပိုင်းမှာ အခြေခံ ဥပဒေအရ စစ်ကိုင်းတိုင်း အတွင်း၌ ဒေသတချို့ကို စုပေါင်းကာ (လေးရှီး၊ လဟယ်၊ နန်းယိမ်း (၃) မြို့နယ်ပါဝင်) နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ခဲ့ပါသည်။

Read more!

ပန်းပေးတာကျေနပ်မှာလား။ ဦးထုပ်ဆောင်းပေးတာကျေနပ်မှာလား..


ပန်းပေးတာ ကျေနပ်မှာလား၊ ဦးထုပ်ဆောင်းပေးတာ ကျေနပ်မှာလား.. ဒီနေ့ သမ္မတဦးသိန်းစိန် ဂျပန်နိုင်ငံ Tokyo Electric Power Co's (TEPCO)ကို သွားရောက်လေ့လာစဉ်မှာ ဂျပန် အမျိုးသမီးဝန်ထမ်း တဦးက ဦးထုပ်ဆောင်းပေးနေတာ မြင်မိတော့ တရုတ်က ဆောက်လုပ်ပေးပြီး ၂၀၁၁ဇန္နဝါရီလ ၂၁ရက်နေ့က ဖွင့်လှစ်ခဲ့တဲ့ တာပိန် ရေအားလျှပ်စစ်စီမံကိန်း ဖွင့်ပွဲမှာ သမ္မတကြီးကို ပန်းပွင့်လေးတပ်ဆင် ပေးတဲ့ တိုင်းရင်းသူ တဦးရဲ့ ပုံကို သွားမြင်ယောင်မိတယ်...။ တလောကတော့ နိုင်ငံရေး မိတ်ဆွေတဦးနဲ့ ဆွေးနွေးဖြစ်ခဲ့တုန်းက ဂျပန်ကုမ္ပဏီတွေ မြန်မာပြည်ကို ပြန်လည် ဝင်ရောက်မယ့်အကြောင်းအရာ တခုမှာ ကျွန်တော်အမြင်လေး ပြောပြခဲ့မိတယ်..။ ကွန်မြူနစ်စံနစ် တရုတ်နဲ့ ဒီမိုကရေစီ ဂျပန်ပေါ့။ ကျွန်တော်မြင်မိတာကတော့ ကမ္ဘာက ပစ်ပယ်ထားတဲ့ ဆင်းရဲတဲ့ အာဏာရှင် နိုင်ငံတွေမှာ ရသမျှ ဖြစ်ညှစ်ယူပြီး၊ လူ့အခွင့်အရေး လေးစားလိုက်နာမှုမရှိတဲ့ တရုတ်ထက်စာရင် နည်းပညာတိုးတက်ပြီး လူ့အခွင့်အရေး လေးစားလိုက်နာတဲ့ ဒီမိုကရေစီနိုင်ငံတွေက ရင်းနှီးမြုပ်နှံတာကို ပိုပြီးထောက်ခံသင့်တယ်လို့ ပြောခဲ့မိပါတယ်..။ ယခုလောလောဆယ်မှာပဲ ဂျပန်နိုင်ငံက မြန်မာပြည်မှ ပေးဆပ်ရန်ရှိတဲ့ အမေရိကန်ဒေါ်လာ ၃.၇၂ ဘီလျံကိုလျှော်ပစ်လိုက်ပါပြီ။ ဒီနေ့လည်း သမ္မတနဲ့အဖွဲ့ ဂျပန်က လျှပ်စစ်စီမံကိန်းတွေ သွားရောက် လေ့လာတယ်ဆိုတာ ကောင်းတဲ့ လက္ခဏာပါ။ ပန်းဆိုတာ သဘာဝအတိုင်း ကြာလေ လန်းဆန်းလေ ဆိုတာမရှိပါဘူး..။ ထို့အတူ တရုတ်ပစ္စည်းတွေလဲ ကြာလေ ဆိုးလေပေါ့..။ တရုတ်ကဆောက်လုပ်ပေးပြီး ၃နှစ်အတွင်း စက်ပစ္စည်းတွေလဲရ၊ ရေတားတမံတွေ ပျက်ဆီးနေရတဲ့ ရွှေလီရေအားလျှပ်စစ် စီမံကိန်းနဲ့ နှစ်(၆၀)ရှိပြီ ဖြစ်တဲ့ လောပိတရေအားလျှပ်စစ် နှိုင်းယှဉ်ကြည့်ပါ။ ဒီဓာတ်ပုံထဲက ဖိုင်ဘာဦးထုပ်နဲ့ ပန်းလို ကွာပါတယ်..။ ဂျပန်ပစ္စည်းနဲ့ တရုတ်ပစ္စည်း ဘယ်ဟာကြိုက်မကြိုက် ကျွန်တော်တို့ ပြည်သူတွေ စစ်တမ်းကောက်စရာမလိုပါ..။ ဒီတော့ သမ္မတကြီး အနေနဲ့ ပန်းပြပြီး အဆီကိုစား အသားကိုမျို ရသမျှယူနေတဲ့ တရုတ်စီမံကိန်းတွေကို ဒီဘဝဒီမျှသာနဲ့ ရပ်တန်းက ရပ်သင့်ပါပြီ။ ပုံ(၂)ပုံကို နှိုင်းယှဉ် ကြည့်ရသလို တရုတ်ရဲ့ အဆင်းသာရှိတဲ့ တခဏတာ ပန်းကို ယူမလား၊ ပြည်သူ့အကျိုးအတွက် နှစ်ရှည် ခံမယ့် ဦးထုပ်ကိုသာ ဆောင်းမလားဆိုတာ သက်သေပြရပါတော့မယ်..။ ထို့အတူ သမ္မတကြီးအနေနဲ့ သမိုင်းတကွေ့မှာ မှတ်ကျောက်အတင်ခံဖို့ ပြည်သူ့အကျိုးကို မျှော်ကိုးပြီး ပြည်သူ့ပါတီနဲ့ ပူးပေါင်း လက်တွဲပါဆောင်ရွက်ပါရန် တိုက်တွန်းအပ်ပါတယ်..။ ဒီမိုဝေယံ ဓာတ်ပုံ ဒီမိုဝေယံ၊ Getty Images (မှတ်ချက်... ပုံထဲမှ ဦးထုပ်နှင့် ပန်းအား ရည်ရွယ်၍ ဝင်လာသည့်အတွေးအား ရေးသားချင်း ဖြစ်ပါသည်။ ဘယ်နိုင်ငံက ဘာပဲဆောက်ဆောက် ဧရာဝတီမြစ်ဆုံနဲ့ သဘာဝဝန်းကျင်များ ပျက်ဆီးမည် ဆိုပါက ကန့်ကွက်ပါမည်) တရုတ်ကဆောက်တဲ့ ၃နှစ်အတွင်း ပြင်ဆင်နေရတဲ့ ရွှေလီရေကာတာ ပြန်ဖတ်ချင်ရင်http://www.demowaiyan.org/2012/04/blog-post_06.html မြစ်ဆုံဆည်ကို ၂၀၁၁ ဇန္နဝါရီလက သွားရောက်လေ့လာခဲ့တဲ့ သမ္မတဦးသိန်းစိန်သတင်း ပြန်ဖတ်ချင်ရင်http://www.demowaiyan.org/2011/10/blog-post_22.html

Read more!

အပူကြောင့်ဖြစ်တတ်သော ကျန်းမာရေးအန္တရာယ်များ



ရာသီဥတုက တဖြည်းဖြည်းပူပြင်းလာပါတယ်။ ခြောက်သွေ့တဲ့ နွေရာသီမှာ လူတွေကို အန္တရာယ်ပေးနိုင်တာက မီးဘေးအန္တရာယ်ဖြစ်ပါတယ်။ ဒီမီးဘေးလိုပဲ နောက်ထပ်လူတွေကို ဒုက္ခပေးနိုင်တဲ့ ပြဿနာတစ်ရပ်ရှိပါသေးတယ်။ အဲ့ဒါက အပူရှိန်ပြင်းထန်လွန်ကဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဝေဒနာ (Heat Injury) ဖြစ်ပါတယ်။

Heat Injuries

ပတ်ဝန်းကျင်အပူရှိန် ပြင်းထန်လွန်ကဲလာပြီဆိုလျှင် အမျိုးမျိုးသော ဝေဒနာများဖြစ်ပေါ်လေ့ရှီပါတယ်။ အဲ့ဒီဝေဒနာများကို အဆင့်လိုက်ပိုင်းခြားဖော်ပြပေးချင်ပါတယ်။ ဒီဝေဒနာတွေအားလုံးဟာ အပူလွန်ကဲလို့ဖြစ်တာချည်းပါပဲ။

(၁) အပူကြောင့် ဖောယောင်လာခြင်း - အင်မတန်ပြင်းထန်တဲ့အပူချိန်နဲ့ထိတွေ့ပြီးရင် လက်၊ခြေ၊ ခြေကျင်းဝတ် စတာတွေ ဖောယောင်ခြင်း ဖြစ်ပေါ်လာတတ်ပါတယ်။

(၂) အပူကြောင့်ကြွက်တတ်ခြင်း- ကြွက်တက်ခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း တို့ဖြစ်လာတတ်ပါတယ်။

(၃)အပူကြောင့် အသက်ရှုမြန်ကာ သတိလစ်ခြင်း - အပူရှိန်ပြင်းထန်လွန်းတဲ့အခါ အလွန်အကျွံ့အသက်ရှုပြီး ခြေဖျားလက်ဖျားတွေ ကွေးကုပ်ကပ်လာတာမျိုးဖြစ်တတ်ပါတယ်။

(၄) အပူကြောင့် မူးဝေ သတိလစ်ခြင်း- ကြက်သီးမွှေးညှင်းထခြင်း၊ မူးဝေအော့အန်ခြင်းနဲ့ သတိလစ်ခြင်းတို့ဖြစ်ပေါ်နိုင်ပါတယ်။

(၅)လေသင်တုန်းဖြတ်ခြင်း (Heat Stroke)- အပူဒဏ်ပြင်းထန်လွန်းတာကို ခံနိုင်ရည်အားနည်းတဲ့ လူကြီး၊ ကလေးငယ်တွေမှာ ဖြစ်တတ်ပါတယ်။ အန္တရာယ်အကြီးဆုံးဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်သွား၇င် ဒီအပူရှိန်ကြောင့်ဖြစ်တဲ့ ဝေဒနာများ ဖြစ်ပေါ်လာနိုင်ပါတယ်။ လူ့ခန္ဓာကိုယ်မှာ အဓိက အပူကို လျော့ကျစေနိုင်တဲ့ ဖြစ်စဉ်ကတော့ ချွေးထွက်၊ ချွေးပြန်ခြင်းပဲ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အပူချိန်ဟာ ၃၅ ဒီဂရီ စင်တီဂရိတ်လိုနေရာမှာ ရှိနေရင်တောင် ခန္ဓာကိုယ်ရဲ့ အပူရှိန်ကို လျှော့ချတဲ့ နည်းလမ်းကချွေးကနေ အငွေ့ပျံပြီး အရေပြားမှတစ်ဆင့် အပူလျှော့ချပေးတာဟာ ၇၅% အထိရှိပြီး Convection လို့ခေါ်တဲ့ အပူစီးကူးနည်းနဲ့ လျော့ကျသွားတာက ၁၅% အထိရှိနိုင်ပါတယ်။  

ဘယ်သူတွေမှာ အန္တရာယ်ရှိသလဲ?

အသက်ကြီးတဲ့သူတွေ၊ ကလေးငယ်တွေနဲ့ နောက်အဓိက ပါနေတာကတော့ နေပူထဲမှာ အားကစားလုပ်ရတဲ့သူတွေဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ နေပူကျဲတဲထဲမှာ အလုပ်လုပ်နေရရှာတဲ့ ပန်းရံ၊ လက်သမား တို့လို အောက်ခြေအလုပ်သမားတွေ အများအပြားရှိနေတာကြောင့် သူတို့ကိုပါ အန္တရာယ်ရှိလာနိုင်ခြေရှိသော သူများထဲမှာ ထည့်သွင်းသတ်မှတ်ရမှာဖြစ်ပါတယ်။

ဘာကြောင့်အန္တရာယ်ရှိနေတာလဲ?
လူ့ခန္ဓာကိုယ်မှာ အပူရှိန်လွန်ကဲလာလျှင် လျှော့ချပစ်မယ့်နည်းလမ်းရှီပါတယ်။ အထက်က ဆိုခဲ့တဲ့ ချွေးပြန်ပြီး အငွေ့ပျံစေတဲ့နည်းလမ်းပါ။ လူ့ခန္ဓာကိုယ်ထဲကနေ အပူချိန်ကို ထိန်းပေးတဲ့ Thermostat ဟာ ဦးနှောက်ထဲမှာ တည်ရှိပါတယ်။ ချွေးပြန်ရင် ရေဓါတ်ပါမက ဆားဓါတ်တွေပါ ဆုံးရှုံးသွားပါတယ်။ အဲ့ဒီအခါမှာ လူဟာ မူးဝေတာ၊ နွမ်းနယ်တာတွေ ဖြစ်လာတတ်ပါတယ်။ အော့အန်ခြင်း၊ ကြွက်တက်ခြင်းတွေပါ ဖြစ်လာတတ်ပါတယ်။ ခန္ဓာကိုယ်အပူချိန် 38C to 40C မှာ Heat Exhaustion လို့ခေါ်တဲ့ အပူကြောင့် မူးဝေအော့အန် နွမ်းနယ်ခြင်းတွေပဲဖြစ်တတ်ပါတယ်။ အဲ့ဒီထက် ပိုဆိုးတာက လေသင်ဓုန်းဖြတ်တဲ့အဆင့် Heat Stroke ပဲဖြစ်ပါတယ်။ အဲ့ဒီအဆင့်မှာ ဦးနှောက်ထဲက ခန္ဓာကိုယ်အပူချိန်ကို ထိန်းသိမ်းပေးတဲ့ စံနစ်ကျဆုံးသွားပြီး လူ့တစ်ကိုယ်လုံးမှာ ချွေးမပြန်နိုင်တော့ဘဲ သတိလစ်လဲကျသွားပါတယ်။ စမ်းကြည့်၇င် တစ်ကိုယ်လုံးခြစ်ခြစ်တောက်ပူနေပြီး ကိုယ်တွင်း အပူချိန်ဟာ ၄ဝ ဒီဂရီစင်တီဂရိတ်ထက်မြင့်မားနေလေ့ရှိပါတယ်။ လက်ဖျားခြေဖျားတွေကို ကိုင်ကြည့်ရင် ချွေးလုံးဝ မပျံနိုင်တော့တာမို့ ခြောက်သွေ့နေတတ်ပါတယ်။  

လက္ခဏာများနှင့် ပြုစုနည်း

အပူကြောင့် နွမ်းနယ်ခြင်းကနေ မူးဝေအော့အန်ခြင်း၊ ကြွက်တက်ခြင်းတွေအထိ ဟာ အလွန်အမင်းစိုးရိမဖို့မလိုပေမယ့် ဂရုစိုက်ရမှာတော့ဖြစ်ပါတယ်။ အဲ့ဒီအဆင့်မှာ အရည်များများ တိုက်ပေးရပါတယ်။ အအေးများများ တိုက်ပေးရပါတယ်။ ရေချည်းသက်သက် တိုက်ရုံထက် အသင့်ဖော်စပ်ထားတဲ့ ဓါတ်ဆားထုပ်တွေလည်း အလွယ်တကူ ရနိုင်တာမို့ အဲ့ဒါမျိုးတွေကို ဖျော်ပြီး များများကြီးတိုက်ပေးရပါတယ်။ ပွယောင်းယောင်း အဝတ်အစား တွေ၊ လေဝင်လေထွက်ကောင်းမယ့် ချည်သားတွေကို ဝတ်ဆင်ပေးသင့်ပြီး လေအေးစပ်တပ်ထားတဲ့အခန်းထဲမှာ ထားရှိပေးရမှာဖြစ်ပါတယ်။ လေအေးစက်မရှိလျှင် ပန်ကာ ကို အသုံးပြုနိုင်ပါတယ်။ လေသင်ဓုန်းဖြတ်ခြင်းကတော့ အသက်အန္တရာယ်အထိရှိပါတယ်။ အဆင်မသင့်ရင် ကိုမာ (သတိပြန်လည်မလာတော့ခြင်း) အထိဖြစ်သွားနိုင်တာမို့ အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ အပူကြောင့် လေသင်ဓုန်းဖြတ်တယ်လို့ ယူဆရင် ချက်ခြင်း ခန္ဓာကိုယ်ပေါ်က တင်းကြပ်စည်းနှောင်ထားတဲ့ အင်္ကျီအဝတ်အစားမျိုးတွေကို ဖြေလျော့ပေးဖို့လိုအပ်ပါတယ်။ ပြီးရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး ပို့ဆောင်ပေးဖို့အရေးကြီးလှပါတယ်။ အရိပ်ထဲကို ချက်ခြင်းသယ်ဆောင်သွားပြီး ရေခဲရေမဟုတ်ဘဲ ရိုးရိုးရေကို ဖြန်းပေး၊ ရေပတ်တိုက်ပေးဖို့လိုပါတယ်။ ရေခဲကို သုံးချင်ရင် အပူဆုံးနေရာတွေဖြစ်တဲ့ ချိုင်းကြား၊ ပေါင်ကြားတို့မှာ ရေခဲဝတ်ထည့်ပေးနိုင်ပါတယ်။ ဆေးရုံမှာဆိုလျှင်တော့ဖြင့် Circulatory failure ရသွားတာမို့ အကြောဆေး (Intravenous fluid) ကိုရွေးချယ်လျှင် အေးမြတဲ့ Crystalloid ကိုရွေးချယ်သင့်တယ်လို့ ဆိုပါတယ်။ ဒီလေသင်ဓုန်းဖြတ်တာဟာအချိန်မီကုသမှု ခံယူလိုက်လျှင် တစ်နာရီ နှစ်နာရီအတွင်း ပြန်ကောင်းလာပေမယ့် ကုသမှုမခံယူမိလျှင် အသည်းပျက်စီးခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ ကြွက်သားများ လောင်ကျွမ်းခြင်းကနေ လုံးဝ သတိလစ် အသက်ဆုံးရှုံးတဲ့ အထိ ဖြစ်စေနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ?

အထက်ပါေ၇းထားတဲ့ စာများကို ဖတ်မိရင် လေသင်ဓုန်းကော အပူကြောင့်ဖြစ်တဲ့ဝေဒနာအများစုဟာ ခန္ဓာကိုယ်က ပြင်ပအပူဒဏ်ကို မတွန်းလှန်နိုင်တဲ့အခါမှာ ဖြစ်တာကိုသတိထားမိမှာပါ။ ပြင်ပအပူဒဏ်ကို တွန်းလှန်ခြင်းနည်းက ချွေးပျံခြင်းပါ။ ဒါကြောင့် ရေနဲ့ ဆားဓါတ်ကုန်ခန်းမသွားအောင် အရည်မျာများ သောက်ပေးဖို့၊ ဓါတ်ဆားရည်များသောက်ပေးဖို့ လိုအပ်ပါတယ်။ နေပူထဲ သွားလာရင်လည်း နေပူရှိန်ပြင်းလွန်းတဲ့နေရာကို ရှောင်သင့်ပါတယ်။ မရှောင်နိုင်လျှင်လည်း ထီး၊ ဦးထုပ် စတာတွေကို သုံးသင့်ပါတယ်။ အဲ့ဒါမျိုးတွေမသုံးနိုင်လျှင်လည်း အဝတ်အစားကို အပူမစုပ်သော အရောင်ဖျော့ဖျော့ ပွပွ ချည်သားများကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ နေပူအောက်မှာ ကိုယ်လက်ပြင်းထန်စွာ လေ့ကျင့်ခန်းအားကစားလုပ်ခြင်းကို လုံးဝရှောင်ကြဉ်ရမှာဖြစ်ပါတယ်။ နေပူထဲ လုပ်ရတဲ့အလုပ်သမားများအတွက်လည်း သက်ဆိုင်ရာ အလုပ်များမှာ ဓါတ်ဆားထုပ်များ ဆောင်ထား သင့်ပြီး အလုပ်သမားများကို ဝေငှပေးသင့်ပါတယ်။ ဒီလို အပူရှိန်ပြင်းထန်လွန်းတဲ့ကာလမှာ ဖြစ်တတ်တဲ့ အန္တရာယ်မျိုးကို ထိုကဲ့သို့ အန္တရာယ်ကြီးတဲ့နေရာမှာလုပ်နေရတဲ့အလုပ်သမားတွေကို ကာကွယ်နိုင်ဖို့ ပညာပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းတို့ လုပ်ဆောင်သင့်ပါတယ်။


Ref: Davidson's Principles and Practice of Medicine 21st Ed
Oxford Handbook of Clinical Speciality
BBC Heat Stroke
Medicine.net Heat Stroke
Wikipedia: Heat Illness


Read more!

Saturday, 21 April 2012

ထိုင်းမှာ ရောင်းစားခံရတဲ့ မြန်မာတချို့ လွတ်မြောက်



ထိုင်းနိုင်ငံ၊ ချွန်ဘူရီ ခရိုင်မှာ လှေလုပ်သားတွေအဖြစ် အလုပ်လုပ်ဖို့ ရောင်းစားခံရတဲ့ မြန်မာနိုင်ငံက ကလေး သုံးယောက် အပါအဝင် မြန်မာ နိုင်ငံသား အယောက် ၂၀ ကို ထိုင်းနိုင်ငံမှာ သောကြာနေ့က ကယ်တင်နိုင်ခဲ့ ပါတယ်၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းနဲ့ ထိုင်း၊ လူကုန်ကူးမှု တိုက်ဖျက်ရေးရဲတွေ ပေါင်းပြီး ကယ်တင်နိုင်ခဲ့တဲ့ အကြောင်း အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက စုံစမ်းမေးမြန်းတင်ပြထားပါတယ်။

တလခွဲကြာ သတင်းအချက်အလက်တွေ စုဆောင်းခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံသား ၂၀ ကို အခက်အခဲတွေ ကြားက ကယ်တင်နိုင်ခဲ့တာ ဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်းရဲ့တာဝန်ခံ ဦးကျော်သောင်းက ရှင်းပြပါတယ်။

“လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်မှာက အကျိုးရှိတာက ထိုင်းလူမျိုး၊ ကျွန်ပြုခံနေရ တာက ဗမာပဲ-ဆိုတော့ အကျိုးရှိနေတဲ့ထိုင်းကို တာဝန်ရှိတဲ့ ထိုင်းအာဏာပိုင်တွေက စောင့်ကြည့်အရေးယူဖို့ နေရာမှာ ကျနော်တို့ တရားမဝင် ဖွဲ့စည်းထားရတဲ့ လူမှုအဖွဲ့ သေးသေးလေးက အချိန်၊ အသက်၊ ငွေကြေး အများကြီးရင်းပြီး ပေးခဲ့ရပါတယ်။ ဥပမာတစ်ခုပြောရရင် အဲဒီအချက်အလက်တွေ ပြည့်စုံမှ သူတို့ အလုပ် လုပ်ပါတယ်။ ဒီလူက ဘယ်ရွာက၊ မိဘက ဘယ်သူဆိုတဲ့ အချက် အလက်တွေကို ကျနော်တို့နည်း၊ ကျနော်တို့ဟန်နဲ့ တိုင်ကြားတဲ့သူတွေဆီက အချက်အလက်တွေ ယူတယ်၊ အဲဒီလို အချက်အလက်တွေ အကုန်လုံးကို ဘာသာပြန်ပြီးတော့မှ သူတို့ရဲ့စားပွဲပေါ်ကို သွားတင်ရပါတယ်။”

ပထမဦးဆုံး ထွက်ပြေးလွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသားတဦးကတော့ သူက မဲဆောက်ကနေ သားဖြစ်သူက ဘန်ကောက်ကို တက် အလုပ် လုပ်ဖို့ ပွဲစားနဲ့ ခေါ်တာကို လိုက်လာခဲ့တာမှာ ဘန်ကောက် မရောက်ခင် မဟာချိုင်ကနေ လူပွဲစားက လှေပေါ်ကို ရောင်းစား လိုက်တာ ဖြစ်ကြောင်း ပြောပြပါတယ်။

“အောက်ပွဲစားကိုလည်း ဘတ်၂၅၀၀ ပေးခဲ့ရတယ်။ မဟာချိုင်ကို နှစ်ညအိပ်၊ သုံးရက် ကြာတော့ ရောက်လာပါတယ်။ ကျနော့်သားနဲ့လည်း ကျနော် ဖုန်းပြောရတယ်ခင်ဗျ။ အဲဒီမှာပဲ မင်းအောက်ကားခ မပြေလည်သေးဘူး-တဲ့။ ငါ့ကို ပိုက်ဆံလွှဲပေးအုံး-တဲ့။ ပွဲစားက ပြောပါတယ်ခင်ဗျ။ အဲဒီမှာ သားလုပ်တဲ့သူကလည်း ယုံပြီးတော့ လာပို့ပေးမယ် ဆိုပြီးတော့မှ ပိုက်ဆံတသောင်း လွှဲလည်း လွှဲပေးပြီးသွားရော ည ရှစ်နာရီထိုးလောက် ကျတော့ ချွန်ဘူရီက အချောင်ရွာကို ရောင်းထည့် လိုက်တာပါပဲ။ ဘယ်လောက်နဲ့  ဘယ်နည်းနဲ့ ရောင်းလိုက်တယ်တော့ မသိဘူး။ အဲဒီကနေ အချောင် ရွာကို ရောက်ခါမှပဲ လှေတွေကို မြင်ခါမှပဲ မျက်ရည်တွေကျပြီး ကျနော့်သားကို ဖုန်းခိုးပြောပါတယ်။ 'ငါ့သား-အဖေတို့တော့ လှေထဲ ရောင်းစားခံလိုက်ရပီ' - လို့"

သူကတော့ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇလုပ်ကြီးကျေးရွာကဖြစ်ပြီး လှေပေါ်ကနေ လွတ်မြောက်ပြီး တဲ့နောက်မှာ ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအသင်းကို ဆက်သွယ် အကူအညီတောင်း ခဲ့ပြီး လှေပေါ်ကလူ ၂၀ ကူညီနိုင်ဖို့အတွက် လုပ်ဆောင်ခဲ့သူတဦး ဖြစ်ပါတယ်။ ချွန်ဘူရီ ခရို်င်၊ အချေုာင် ဆိုတဲ့လှေဆိပ်မှာ သူတို့တွေဟာ အိမ်ထဲမှာပိတ်လှောင်ခံရပြီး လှေပေါ်တက် အလုပ်လုပ်လုပ်ချိန်ကျမှ ထွက်ကြရတာပါ။ လှေ ကပြန်လာတာနဲ့ ပြန်ပြီးတော့ ပိတ်လှောင်ခံထားရတယ်လို့ ဆိုပါတယ်။ သူက ကမ်ဖဲ ဆိုတဲ့နေရာမှာ ငပိတင်တဲ့အချိန် လှေကနေ ထွက်ပြေး လွတ်မြောက်လာခဲ့သူပါ။ ဒီ့နောက်မှာတော့ လှေပေါ်မှာရောင်းစားခံရသူတွေကို ကယ်တင်နိုင်ဖို့အတွက် ကြိုစားခဲ့ ပါတယ်။

အခုလို မြန်မာနိုင်ငံသားတွေကို ချွန်ဘူရီခရိုင်က ငါးဖမ်းလှေတွေမှာ အများအပြား တွေ့ခဲ့ရပေမဲ့ အချက်အလက်အထောက်အထားတွေ ပေးနိုင်တဲ့သူတွေကိုသာ ကယ်ထုတ်နိုင်ခဲ့တာလို့ ဦးကျော်သောင်းကလည်း ပြောပြပါတယ်။

“အကုန်လုံးက ရောင်းစားခံရတဲ့သူတွေချည့်ပဲ။ ၁၆ နှစ်အရွယ် ကလေး သုံးယောက်ပါတယ်။ ကျန်တာတွေကတော့ ၁၀၊ ၂၀ ဝန်းကျင်ပါပဲ။ တယောက်မှ လူကြီးတွေ မပါဘူး၊ ကလေးတွေချည့်ပဲ။ အဝတ်လဲစရာ မရှိဘူးခင်ဗျ။ ညှင်းပန်းနှိပ်စက်၊ သန့်ရှင်းရေးဘောင်းဘီနဲ့ နောက် အင်္ကျံတစ်ထည်ပဲရှိတယ်။ အဲဒီနေရာက  မြင်သမျှ လက်ညှိုးထိုး မလွဲလောက်အောင် လှေတိုင်း လှေတိုင်းက လူဝယ်ထားပြီး ခိုင်းနေတာဖြစ်တဲ့အတွက်တချို့ ရှောင်သွားတယ်။ တချို့ လူတွေအကုန်လုံးကို မမြင်ရအောင် အတွင်းထဲမှာ ဝပ်နေခိုင်းတယ်။”

ရောင်းစားခံရသူတွေဟာ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် ဇလုပ်ကြီးကျေးရွာကများပြီး တခြားနေရာဒေသက လူငယ်တွေလည်း ပါဝင်ပါတယ်။ ဒီ ထဲမှာ အသက်ဆယ့်ခြောက်နှစ် အရွယ် ကုလားကြီး (ခေါ်) ဇင်ကိုနိုင်၊ အရုပ်(ခေါ်) ကရင်လေးလို့ခေါ်တဲ့ ထန်းတပင် မြို့နယ်က ကလေးတွေလည်းပါဝင်ပြီး  ဘန်ကောက်ကနေ မဟာချိုင်ကိုအလည်သွားတဲ့ ယာယီပတ်စပို့ ကိုင်ဆောင်ထားတဲ့ ကိုစိုးနို်င်ဆိုတဲ့ လူငယ်တဦးလည်း ရောင်းစားခံတဲ့ အထဲမှာ ပါဝင်တယ်။

Read more!