Wednesday, 30 May 2012

လမ်းမတော်မီးလောင်မှုမှသေဆုံးသူမိန်းခလေးတွင် ဦးခေါင်းပြတ်ရှဒဏ်ရာ ၃ချက်နှင့် လည်ပင်းပြတ်ရှဒဏ်ရာ ၂ချက်တို့ တွေ့ရှိရ -

----------------------------------------------------------------
by free media ,Thailand.
-----------------------------------------------------------------
လမ်းမတော် မြို့နယ် ၇ လမ်း အမှတ်(၇၆) ၃-လွှာ(A) တွင် ယနေ့ နေ့လည် ၁၁နာရီ ၄၀ခန့်ကစတင်လောင် ကျွမ်းခဲ့ပြီး မွန်းလွဲ ၁၂နာရီ ၁၀မိနစ်တွင်မီးငြိမ်းခဲ့သည့် မီးလောင်မှုတွင် သေဆုံးခဲ့သော မိန်းခလေးတွင် ဦးခေါင်း၌ ပြတ်ရှဒဏ်ရာ ၃ချက်နှင့် လည်ပင်းတွင် ပြတ်ရှဒဏ်ရာ ၂ချက်တို့တွေ့ ရှိရသဖြင့် CID နှင့် သက်ဆိုင်ရာရဲစခန်းက ဆက်လက်စုံးစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Read more!

Monday, 28 May 2012

ဂျက်လီ ပြောပြတဲ့ ငွေတစ်ကျပ်ရဲ့ စွမ်းအား (၁)



၂၀၀၄ ခု ဆူနာမီကား ဂျက် လီကို ထာဝရ ပြောင်းလဲစေခဲ့၏။
အခုတော့ ဂျက်လီက ကမ္ဘာကြီးကို ပြောင်းလဲစေချင်နေတော့သည်။
ဂျက်လီ တစ်ယောက် သူ့ရဲ့ လေးနှစ်အရွယ် သမီးလေး ဂျိန်းကို တရိပ်ရိပ် တက်လာနေတဲ့ ရေနှင့် လွတ်အောင် ရုန်းကန်နေရစဉ် တစ်နှစ်အရွယ်သမီးငယ်လေး ဂျေဒါကို ချီပိုးထားရတဲ့ ကလေးထိန်းကို ကူညီပေးဖို့ တစ်စုံတစ်ယောက်ကို လှမ်းအော်ပြောလိုက်ပါ တယ်။


Read more!

တမိနစ်အတွင်း ဆိုက်ရောက်ဗီဇာ ထုတ်ပေးမည် .......



မြန်မာနိုင်ငံမှာတော့ ဆိုက်ရောက်ဗီဇာ (Arrival Visa) ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးမှာ လူတယောက်ကို တမိနစ်တွင်း အပြီးဆောင်ရွက်ပေးတော့မှာ ဖြစ်တဲ့ အကြောင်း ဒီကနေု့ထုတ် ကြေးမုံ သတင်းစာမှာ ဖော်ပြပါရှိလာပါတယ်။

လူဝင်မှုကြီးကြပ်ရေး (လ၀က) အရာရှိကြီးက သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ပြောရာမှာ မြောက်ကိုရီးယား အပါအ၀င် နိုင်ငံပေါင်း ၂၇ နိုင်ငံကို ဆိုက်ရောက်ဗီဇာ ပေးမှာ ဖြစ်ပါတယ်တဲ့။

အာဆီယံ ၉ နိုင်ငံနဲ့ တရုတ်၊ ဂျာမဏီ ပြင်သစ်၊ သြစတြေးလျ၊ ဒိန်းမတ်၊ အိန္ဒိယ၊ အီတလီ၊ ဂျပန်၊ နော်ဝေ၊ နယူးဇီလန်၊ ဆွစ်ဇာလန်၊ စပိန်၊ ဗြိတိန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ အမေရိကန် စတဲ့ နိုင်ငံပေါင်း ၂၇ နိုင်ငံ အတွက် ဖြစ်ပြီး စည်းကမ်း ချက် ၉ ချက်ပြည့်စုံတာနဲ့ ဆိုက်ရောက်ဗီဇာကို လူတစ်ဦး ၁ မိနစ်အတွင်း အပြီးဆောင်ရွက်ပေးမှာ ဖြစ်ကြောင်းပါတဲ့။

ယခင်ကလည်း ဆိုက်ရောက်ဗီဇာ ပေးတဲ့စနစ်ကို ကျင့်သုံး ခဲ့ပေမယ့် အဆင်မပြေတာတွေ ဖြစ်တဲ့ အကြောင်း နိုင်ငံခြားသား ခရီးသွားများက ဆိုကြပါတယ်။

Read more!

စစ်ပြေးဒုက္ခသည်များ မှတ်ပုံတင်ပြန်ထုတ်ပေး


စစ်ကြောင့် ပြည်တွင်း ရွာပုန်း/ရွာရှောင် ထွက်ပြေးနေရတဲ့ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်က ကရင်စစ်ပြေးဒုက္ခသည် တွေကို လ-ဝ-ကဝန်ကြီး ဦးခင်ရီကိုယ်တိုင် မှတ်ပုံတင်ကပ်ပြားတွေ ဒီကနေ့ညနေပိုင်းမှာ လာရောက်ပေးအပ် သွားပါတယ်။

ကျောက်ကြီးမြို့နယ်KNU ဆက်ဆံရေးရုံးမှာ ပြုလုပ်တဲ့ အဲဒီအခမ်းအနားမှာ ကရင်ဒုက္ခသည် (၃၆) ဦးအတွက် မှတ်ပုံတင် တွေ လာရောက် ထုတ်ပေးသွားတာဖြစ်ကြောင်း KNU ဆက်ဆံရေးရုံး တာဝန်ရှိသူတဦးက RFAကို ပြောပါတယ်။

ကျောက်ကြီးမြို့နယ်က ဒုက္ခသည် နောက်ထပ်(၁)ထောင်ကျော်ကိုလည်း မှတ်ပုံတင်တွေ ထပ်ထုတ်ပေး သွားမယ်လို့ သိရပါတယ်။
မှတ်ပုံတင်ပေးအပ်ပွဲ အခမ်းအနားကို လဝက-ဝန်ကြီးဦးခင်ရီနဲ့အတူ နော်ဝေ ဒု-နိုင်ငံခြားရေးဝန်ကြီး Mr. Espen Eide နဲ့ အဖွဲ့လည်း တက်ရောက်ခဲ့ပါတယ်။

နော်ဝေနိုင်ငံဟာ KNU နဲ့ အစိုးရတို့အပစ်ရပ်/ငြိမ်းချမ်းရေးကိစ္စမှာ ပြန်လည်
ထူထောင်ရေး လုပ်ငန်းစဉ်တွေ အတွက် အကူအညီပေးသွားဖို့ သဘောတူ
ထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

ပထမအစီအစဉ်အနေနဲ့ အမေရိကန်ဒေါ်လာ (၅) သန်းကို နော်ဝေအစိုးရ ကူညီသွားမယ်လို့ ကျောက်ကြီး KNU ဆက်ဆံရေးရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နော်ဝေ ဒု-နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

KNUနဲ့ အစိုးရတို့ လုံးဝ-အပစ်အခတ်ရပ်ပြီးတဲ့နောက်ပိုင်းမှာလည်း
ဒေသတွင်း မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းတွေ အတွက်
နော်ဝေနိုင်ငံက နောက်ထပ်ကူညီသွားဖို့ရှိကြောင်း သိရပါတယ်။

(Photo: Karen News)


Read more!

ကျုံပျော်က လယ်သမားတဦးရဲ့ ရုပ်သံ




ကျုံပျော်က လယ်သမားတဦးရဲ့ ရင်ဖွင့်ချက် ဖြစ်ပါတယ်။


ရုပ်သံမှာ ကြည့်ရှု နားဆင်နိုင်ပါပြီ။

မြန်မာပြည်ရဲ့ လူများစုကြီးဖြစ်တဲ့ လယ်သမားတွေ ကြုံနေရတဲ့အခြေအနေကို သိရှိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။


Read more!

အိန္ဒိယဝန်ကြီးချုပ်မန်မိုဟန်ဆင်း စာချွန်လွာ ၁၀ခုလက်မှတ်ရေးထိုး..


မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ သမ္မတ ဦးသိန်းစိန်တို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးပြီးနောက် နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက် ၂ ရပ်နဲ့ နားလည်မှု စာချွန်လွှာ ၁ဝ ခု လက်မှတ် ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

သဘောတူညီချက် ၂ ခုက နှစ်နိုင်ငံ လေကြောင်း ဝန်ဆောင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ အိန္ဒိယ ကာကွယ်ရေးနဲ့ သုတေသန
လေ့လာရေးဌာန နဲ့ မြန်မာနိုင်ငံက မဟာဗျူဟာနဲ့ နိုင်ငံတကာရေးရာ
လေ့လာရေးဌာန အကြား ပူးပေါင်းဆောင်ရွက်ရေးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

နားလည်မှု စာချွန်လွှာတွေထဲမှာ.. အိန္ဒိယ အစိုးရက မြန်မာနိုင်ငံကို အမေရိကန် ချေးငွေ ဒေါ်လာ သန်း ၅ ရာ ပေးမယ့် ကမ်းလှမ်းချက် ပါဝင်ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊
မြန်မာနိုင်ငံမှာ IT နည်းပညာ ဌာနတခု ဖွင့်လှစ်နိုင်ရေးအတွက် အကူအညီပေးဖို့၊ နေပြည်တော်မှာ စပါး ဇီဝဥယျာဉ် တည်ထောင်ရေး
အတွက် အကူအညီပေးဖို့ အပါအဝင် ဒဂုံတက္ကသိုလ်နဲ့ ကာလကတ္တား တက္ကသိုလ် အကြား ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတွေလည်း ပါဝင်ပါတယ်။

ဝန်ကြီးချုပ် မန်မိုဟန်ဆင်းဟာ မနက်ဖြန်မှာ ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့
တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပြီး မြန်မာ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့လည်း
တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။
(Photo: AFP PHOTO/PIB/SHIVRAJ)




Read more!

စမ်းချောင်းမြို့နယ်က ဆိုင်ခန်းတွေ ပိတ်ခိုင်းနေ


ရန်ကုန် စမ်းချောင်းမြို့နယ် ဟံသာဝတီအ၀ိုင်းအနီးက ဆိုင်ခန်းပေါင်း ၂၅ ခန်း ပိုင်ရှင်တွေ အနေနဲ့ လာမယ့် မေလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ပိတ်ပေးရမယ်လို့ ရန်ကုန်တိုင်း ဒေသကြီး စည်ပင်က အကြောင်းကြား
ထားကြောင်း ဆိုင်ခန်းပိုင်ရှင်တွေက အာအက်ဖ်အေကို ပြောပါတယ်။

စမ်းချောင်းမြို့နယ် ဟံသာဝတီအ၀ိုင်းအနီးက စမ်းချောင်း အထက (၁) နဲ့ အမက (၂) စမ်းချောင်း အနီးမှာ ဖွင့်လှစ်ထားတဲ့ ဆိုင်ခန်းတွေကို ပညာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့ ဆိုင်ဖွင့်ခွင့်
လိုင်စင် တွေ ပြန်ရုပ်သိမ်းမယ်လို့ အကြောင်းကြားလာတာဖြစ်ကြောင်း သိရပါတယ်။

ဒီဆိုင်ခန်းတွေကို ပိုင်ရှင်အသီးသီးဟာ လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်လောက် ကတည်းက အဲဒီအချိန်က ပေါက်ဈေး ကျပ်ငါးသိန်းပတ်ဝန်းကျင်နဲ့ ၀ယ်ထားတဲ့ ဆိုင်ခန်းတွေဖြစ်ကြောင်း သူတို့မှာ စာချုပ်စာတမ်း အပြည့်အစုံရှိကြောင်း ကားပစ္စည်း ရောင်းတဲ့ ဆိုင်ခန်းပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်ရှိ ဆိုင်ခန်းပိုင်ရှင် ၂၅ ဦးဟာ အလုပ်သမား ၂၀၀ ကျော်လောက်ကို အလုပ်ပေးထားတာ ဖြစ်တဲ့အတွက် အခုလို ဆိုင်ခန်းပိတ်ရတော့မယ်ဆိုရင် အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ရတော့မယ်လို့ ပြောပါတယ်။

အခုပိတ်ဖို့ ညွှန်ကြားချက်ဟာ ဆိုင်ခန်းတွေကို အစိုးရက အပြီးသိမ်းလိုက်တာလား၊ လက်ရှိ ပေါက်ဈေးအတိုင်း ဆိုင်ခန်းပိုင်ရှင်တွေကို လျော်ကြေးငွေ ပြန်ပေးမလားဆိုတာလည်း တိတိကျကျ ပြောဆို ညွှန်ကြားတာတော့ မရှိသေးဘူးလို့ သိရပါတယ်။
ဒီကိစ္စအတွက် ပြန်လည်စဉ်းစားပေးဖို့ ဆိုင်ခန်းပိုင်ရှင်တွေ စုပေါင်းရေးသားထားတဲ့စာကို ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်ထံ အသနားခံစာတင်ထားကြောင်းလည်း သိရပါတယ်။

Read more!

တရုတ် နယ်စပ် ကုန်သွယ်ရေးမှာ မြန်မာ အသာရပြီ


Print Friendly
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး၌ ယခင်က တရုတ်နိုင်ငံဘက်က ကုန်သွယ်မှုပိုငွေရရှိနေရာမှ ပြီးခဲ့သည့်၂၀၁၁-၂၀၁၂ ဘဏ္ဍာ ရေးနှစ်တွင် မြန်မာဘက်က ပိုငွေရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန(စီးပွား/ကူးသန်း)မှ သိရသည်။
တရုတ်-မြန်မာ နယ်စပ် ဂိတ်တခုကို တွေ့ရစဉ်(ဓာတ်ပုံ - ဧရာဝတီ)
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်တွင် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ ၃ ဘီလီယံ ခန့်ရှိသည့်အတွက် ပြီးခဲ့ သည့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေး နှစ်နှင့် နှိုင်းယှဉ်လျှင် ဒေါ်လာ ၁ ဒသမ၂ ဘီလီယံ တိုးတက်မှု ရှိလာကြောင်း စီးပွား/ကူးသန်း ၀န်ကြီး အကြံပေး စီးပွားရေးပညာရှင် ဒေါက်တာ မောင်အောင် က ပြောသည်။
နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု၌ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်တွင် မြန်မာဘက်က ပို့ကုန်မှာ ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံရှိပြီး သွင်း ကုန်မှာ ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ ရှိခဲ့ကြောင်း၊ ၂၀၁၀-၂၀၁၁ တွင် ပို့ကုန်မှာ ဒေါ်လာ သန်း ၉၃၀ ကျော်ရှိပြီး သွင်းကုန်မှာ ဒေါ်လာ သန်း ၈၆၀ ကျော် ရှိခဲ့ကြောင်းလည်း စီးပွား/ကူးသန်း စာရင်းများအရ သိရသည်။
“မြန်မာနဲ့တရုတ် နှစ်နိုင်ငံကုန်သွယ်မှုမှာ တရုတ်နိုင်ငံက ကုန်သွယ်မှုရှင်းတမ်းအရ အရင်ကဆိုရင် အမြဲတမ်းပိုငွေ ရရှိတယ်။
ဒါပေမယ့် ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှာ မြန်မာဘက်က ကုန်သွယ်မှုပိုငွေ ရရှိတာဖြစ်လို့ ခြားနားချက်က အရင်ကလို ကွာခြားချက်
သိပ်မရှိတော့ဘူး။ ဒါကြောင့် နှစ်နိုင်ငံကုန်သွယ်မှုမှာ မြန်မာနိုင်ငံအနေနဲ့ အလားအလာကောင်းတဲ့ အခြေအနေမှာ ရှိနေပါတယ်”ဟု ဒေါက်တာ မောင်အောင် က ဆိုသည်။
စီးပွား/ကူးသန်းမှ ထုတ်ပြန်သည့် စာရင်း၌ တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံ ရှိသည့်အနက် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှတဆင့် ဒေါ်လာ ၃ ဘီလီ ယံ ခန့် ရရှိခဲ့သောကြောင့် နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏ ၏ ၅၀ ရာခိုင်နှုန်းကျော် ရှိကြောင်း၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေး နှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုမှာ ဒေါ်လာ ၅ ဒသမ ၂ ဘီလီယံ ရှိသည့်အနက် နယ်စပ်ကုန်သွယ်ရေးမှ ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ ရရှိခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ ၏ ၃၀ ရာခိုင်နှုန်းကျော် ရှိခဲ့ကြောင်း ဖော်ပြထားသည်။
သို့သော် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး၌ တရားမ၀င်လမ်းကြောင်းများမှတဆင့် မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်မှုများရှိနေ သည့်အတွက် နိုင်ငံတော်အနေဖြင့် နိုင်ငံခြားဝင်ငွေ ဆုံးရှုံးမှုများရှိနေသည်ဟု သမ္မတ ၏ စီးပွားရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာ ဦးမြင့် က မေလ ၁၈ ရက်နေ့က ကျင်းပသော စီးပွားရေးဆိုင်ရာ ဟောပြောပွဲတခုတွင် ပြောဆိုသည်။
“မိုင် ၁၃၈၀ ကျော် ရှည်လျားတဲ့ နယ်စပ် ၀င်ပေါက် ထွက်ပေါက်တွေကို တကယ်တမ်းမှာ လိုက်ပိတ်ဖို့ဆိုတာကလည်း မလွယ်ပါဘူး။ ဒါကြောင့် တရားမ၀င် ၀င်ထွက်နေတာကို တရားဝင် ကုန်စီးဆင်းမှုရှိလာအောင် ပြောင်းလဲဖို့ လိုပါတယ်။ ဒီလိုမှ မလုပ်နိုင်ရင်
တရားမ၀င် နည်းလမ်းတွေနဲ့ ကုန်စည် စီးဆင်းမှုက ရှိနေဦးမှာပါ”ဟု ဒေါက်တာဦးမြင့် က ဆိုသည်။
ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုဆိုင်ရာ အဟန့်အတားများကို ဖြေလျှော့ရန် သဘော တူညီမှု ရှိထား၍ မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှုများ ရှိလာနိုင်ကြောင်း၊ ကုန်သွယ်မှုကို အဟန့်အတား ဖြစ်စေသည့် မူဝါဒ များကြောင့် လာဘ်စားမှုများ ပေါ်ပေါက်စေသည့်အတွက် မူဝါဒပိုင်း ဆိုင်ရာ၌ ပွင့်လင်းမြင်သာမှု ရှိရန် လိုအပ်ကြောင်းလည်း ၄င်းက ပြောကြားသည်။
စီးပွား/ကူးသန်းမှ အဆင့်မြင့် အရာရှိတဦးကလည်း“မြန်မာနဲ့ တရုတ် နယ်စပ်ကုန်သွယ်ရေးမှာ တရားမ၀င် ကုန်စီးဆင်းမှုရှိနေတာ တွေကို လျော့သွားဖို့ အတွက် စီးပွား/ကူးသန်း အနေဖြင့်လည်း နယ်စပ်လမ်းကြောင်းတွေမှာ နယ်စပ်ကုန်သွယ်ရေး စခန်း အသစ် တွေ ကို ထပ်မံ ဖွင့်လှစ်သွားဖို့ ရှိပါတယ်။ ဒါ့အပြင် ကုန်ပစ္စည်းတွေ စီးဆင်းတဲ့နေရာမှာ လိုအပ်တဲ့ လိုင်စင်ထုတ်ပေးရေး ကိစ္စကိုလဲ လွယ်ကူလျင်မြန်မှုရှိအောင် ဆောင်ရွက်ပေးသွားဖို့ ရှိပါတယ်။ ဒီလိုဆောင်ရွက်မှပဲ တရားမ၀င် ကုန်စည်စီးဆင်းမှုက လျော့ကျ လာမှာဖြစ်ပါတယ်”ဟု ပြောဆိုသည်။
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမှာ လက်ရှိတွင် မူဆယ် နယ်စပ် ကုန်သွယ်ရေးစခန်း၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေး
စခန်းနှင့် ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေးစခန်းတို့သာ ရှိကြောင်း သိရသည်။
နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးတွင် မြန်မာနိုင်ငံဘက်မှ အဓိက ပို့ကုန်အနေဖြင့် သစ်များကို အလုံးလိုက်တင်ပို့မှုရှိနေသည့်အပြင် ကျောက်စိမ်းနှင့် ကျောက်မျက် ရတနာ၊ လယ်ယာထွက်ကုန်၊ တွင်းထွက် ပစ္စည်းများနှင့် တိရစ္ဆာန်ထွက် ပစ္စည်းများကို တရားမ၀င် တင်ပို့မှုများရှိနေကြောင်း ဒေါက်တာဦးမြင့်က ပြောသည်။
ဒေါက်တာဦးမြင့်က ဆက်လက်၍ တရုတ်နိုင်ငံအနေနှင့် သစ်လုံးတင်သွင်းမှု မြင့်တက်ရသည့် အကြောင်းရင်းသည် ပရိဘောဂ ပြုလုပ်ရန် အတွက် ပြည်တွင်း လိုအပ်ချက် မြင့်နေခြင်း၊ ပြည်ပ ဈေးကွက်အနေနှင့်လည်း ဥရောပ၊ အမေရိကနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများသို့ ပရိဘောဂ၊ သစ်ခွဲသားနှင့် သစ်အလုံးလိုက်တင်ပို့မှုများ ရှိနေသည့်အပြင် တရုတ်အစိုးရအနေဖြင့် ၁၉၉၈ ခုနှစ်ကဖြစ် ခဲ့သော ယန်စီမြစ်တလျှောက် မြစ်ရေလျှံမှုကြောင့် နိုင်ငံတွင်းရှိ သစ်တောကဏ္ဍကို ကာကွယ်ရန်အတွက် သစ်ထုတ်လုပ်မှုကို လျှော့ချလိုက်ခြင်း ဖြစ်ကြောင်းလည်း ပြောဆိုသည်။
“ဒီအချက်တွေကြောင့် တရုတ်နိုင်ငံအနေနဲ့ တရားမ၀င် သစ်တင်သွင်းမှုက ကမ္ဘာမှာ နံပါတ် ၁ အဆင့်မှာ ရှိနေတယ်”ဟု ဒေါက်တာ ဦးမြင့် က ဆိုသည်။
မြန်မာနှင့်တရုတ် နှစ်နိုင်ငံကုန်သွယ်မှုတွင် မြန်မာဘက်က လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက် ပစ္စည်းများ၊ သစ်နှင့် တွင်းထွက် ပစ္စည်းများကို အဓိကတင်ပို့နေပြီး သွင်းကုန်အနေဖြင့် စားသောက်ကုန်နှင့်လူသုံးကုန် ပစ္စည်းများ၊ လယ်ယာ လုပ်ငန်းသုံး စက် ပစ္စည်း များနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းသုံး ပစ္စည်းများကို အဓိက တင်သွင်းမှုရှိကြောင်း သိရသည်။
တရုတ်-မြန်မာ နယ်စပ် ကချင်ပြည်နယ်တွင် ယမန်နှစ် ဇွန်လမှ စတင်၍ ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA) နှင့် အစိုးရ တပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယခုအချိန်အထိလည်း ဆက်လက် ဖြစ်ပွားမှုများ ရှိနေရာ နယ်စပ်ကုန်သွယ်ရေး ထိခိုက်မည်ကို တရုတ် အာဏာပိုင်များဘက်က စိုးရိမ်မှုများလည်း ရှိနေသည်။ ထို့အပြင် တရုတ်နိုင်ငံသား စီးပွားရေးသမားများကိုလည်း စစ်ရေး ပဋိပက္ခ ဖြစ်ပွားနေသော ကချင်ပြည်နယ်အတွင်း ခရီးသွားလာမှု မပြုလုပ်ရန် သတိပေး တားမြစ်မှုများလည်း ပြုလုပ်ထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းကို တရုတ် အာဏာ ပိုင်များက နှစ်နိုင်ငံ ရေရှည်အကျိုးစီးပွားကို ရှေးရှု၍ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးကို အလေးထားရန် ပြောကြားခဲ့သေး သည်။
အစိုးရငြိမ်းချမ်းရေး အဖွဲ့နှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO)တို့သည် ၂၀၁၁ ခု နိုဝင်ဘာလ မှစတင်၍ တရုတ်နိုင်ငံ ရွှေလီမြို့တွင် အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ရေရာသည့် ငြိမ်းချမ်းရေး သဘောတူညီချက်များ မရရှိသေးပေ။

Read more!

ဟောဒီလောကီ ဆိုတာလား...


-


ဆင်းရဲသားတွေ ဝက်မွေးတယ်၊ လူကုံထံတွေကျတော့ ခွေးမွေးတယ်။

ဆင်းရဲသားတွေ အိမ်မှာဟင်းသီးဟင်းရွက်စားတယ်၊ လူကုံထံတွေ ဟိုတယ်တက်ပြီး ဟင်းသီးဟင်းရွက်စားတယ်။

ဆင်းရဲသားတွေ လမ်းပေါ်မှာစက်ဘီးစီးတယ်၊ လူကုံထံတွေ ဧည့်ခန်းထဲမှာ စက်ဘီးစီးတယ်။

ဆင်းရဲတုန်း မင်္ဂလာဆောင်ချင်တယ်၊ ချမ်းသာတော့ လင်မယားတွေ ကွဲချင်တယ်။

ဆင်းရဲတုန်း မယားက secretary တာဝန် တွဲယူရတယ်။
ချမ်းသာတော့ secretary က မယားတာဝန် တွဲယူရတယ်။

ဆင်းရဲတုန်း ချမ်းသာချင်ယောင်ဆောင်တယ်။
ချမ်းသာတော့ ဆင်းရဲချင်ယောင်ဆောင်တယ်။

ဒီခေတ်ကြီးမှာ...ဆင်းရဲသားတွေ အသားစားတယ်၊ လူကုံထံတွေ ပုစွန်စားတယ်၊
ပါတီခေါင်းဆောင်တွေကျတော့ အလကားရတာမှန်သမျှစားတယ်။

ယောက်ျားတွေ မြင့်ချင်တယ်၊ မိန်းမတွေ ပိန်ချင်တယ်။

ခွေးတွေ အင်္ကျီဝတ်ကုန်ပြီး လူတွေကျတော့ ကိုယ်ပေါ်ကအသားတွေ ပေါ်နိုင်သလောက် ဖော်ကြချွတ်ကြတယ်။

Read more!

အမျိုးသမီး ၂ ဦး တိုက်ခန်းတွင်း မီးရှို့ခံရ


မိန်းကလေးငယ် ၂ ဦးကို တိုက်ခန်းတွင်း ဓာတ်ဆီလောင်း မီးရှို့တဲ့ဖြစ်စဉ်တခု မေလ ၂၇ ရက်နေ့ညနေပိုင်းက ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ၃ ရပ်ကွက်၊ လှည်းတန်း ၇ လမ်းက တိုက်ခန်း တခုမှာ ဖြစ်ပွားတယ်လို့ 7 Days သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။

မီးရှို့ခံရတဲ့ မိန်းကလေး ၂ ယောက်ဟာ ညီအမများဖြစ်ကြပြီး အမဖြစ်သူ မအိမြတ်မွန်ရဲ့ ရည်းစားဖြစ်သူ လွင်ဦး ဆိုသူက အချင်းများကြရာက အခုလို ဓာတ်ဆီလောင်းကာ မီးရှို့လိုက်တာလို့ သိရပါတယ်။

အသက် ၂၇ နှစ်အရွယ် မအိမြတ်မွန်ဟာ ဆေးတက္ကသိုလ် ပြီးကာစ ဆရာဝန်တဦး ဖြစ်ပြီး ယခုအခါ ရန်ကုန် ပြည်သူ့ဆေးရုံ ကြီး၊ အရေးပေါ်ဌာနမှာ ဒဏ်ရာများပြင်းထန်စွာနဲ့ သတိလစ်မေ့မျောနေပြီး ညီမဖြစ်သူ ကတော့ ခြေထောက်ပိုင်း မှာ မီးလောင်ဒဏ်ရာများ ရရှိထားတယ်လို့ဆိုပါတယ်။
မီးရှို့ခဲ့သူကို ရဲက ဖမ်းဆီးလိုက်မိပြီလို့ သိရပါတယ်။

Read more!

တာချီလိတ်တဘက်ကမ်းမှာ လက်နက်များ ဖမ်းမိ

http://www.youtube.com/watch?feature=player_embedded&v=m
မြန်မာသူပုန်တွေကို လက်နက်ရောင်းဖို့ ကြိုးစားခဲ့တယ်လို့ ယူဆရတဲ့ ထိုင်းအမျိုးသား ၂ ဦးကို စနေနေ့က ဖမ်းလိုက်တယ်၊ သူတို့ဆီက လက်နက်ငယ်မျိုးစုံ ၂၄ လက်၊ ကျည်အတောင့် ၁,၀၀၀ မိတယ် တဲ့။

မယ်ဆိုင်မြို့ စစ်ဆေးရေး ဂိတ်တခုမှာ မိတယ်လို့ ဆိုတယ်။ (မယ်ဆိုင် ဆိုတာ တာချီလိတ်မြို့တဘက်ကမ်းမှာ ရှိပါတယ်)



ဖမ်းဆီးတဲ့ရဲတွေ၊ အဖမ်းခံရသူ ၂ ဦးနဲ့ လက်နက်ခဲယမ်းတွေကို ရုပ်သံမှာ ကြည့်နိုင်ပါပြီ

ညွှန်း - http://www.dailynews.co.th/thailand/116590
C-x7BIEnmA

Read more!