စစ်ပြေးဒုက္ခသည်များ မှတ်ပုံတင်ပြန်ထုတ်ပေး
စစ်ကြောင့် ပြည်တွင်း ရွာပုန်း/ရွာရှောင် ထွက်ပြေးနေရတဲ့ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်က ကရင်စစ်ပြေးဒုက္ခသည် တွေကို လ-ဝ-ကဝန်ကြီး ဦးခင်ရီကိုယ်တိုင် မှတ်ပုံတင်ကပ်ပြားတွေ ဒီကနေ့ညနေပိုင်းမှာ လာရောက်ပေးအပ် သွားပါတယ်။
ကျောက်ကြီးမြို့နယ်KNU ဆက်ဆံရေးရုံးမှာ ပြုလုပ်တဲ့ အဲဒီအခမ်းအနားမှာ ကရင်ဒုက္ခသည် (၃၆) ဦးအတွက် မှတ်ပုံတင် တွေ လာရောက် ထုတ်ပေးသွားတာဖြစ်ကြောင်း KNU ဆက်ဆံရေးရုံး တာဝန်ရှိသူတဦးက RFAကို ပြောပါတယ်။
ကျောက်ကြီးမြို့နယ်က ဒုက္ခသည် နောက်ထပ်(၁)ထောင်ကျော်ကိုလည်း မှတ်ပုံတင်တွေ ထပ်ထုတ်ပေး သွားမယ်လို့ သိရပါတယ်။
မှတ်ပုံတင်ပေးအပ်ပွဲ အခမ်းအနားကို လဝက-ဝန်ကြီးဦးခင်ရီနဲ့အတူ နော်ဝေ ဒု-နိုင်ငံခြားရေးဝန်ကြီး Mr. Espen Eide နဲ့ အဖွဲ့လည်း တက်ရောက်ခဲ့ပါတယ်။
နော်ဝေနိုင်ငံဟာ KNU နဲ့ အစိုးရတို့အပစ်ရပ်/ငြိမ်းချမ်းရေးကိစ္စမှာ ပြန်လည်
ထူထောင်ရေး လုပ်ငန်းစဉ်တွေ အတွက် အကူအညီပေးသွားဖို့ သဘောတူ
ထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
ပထမအစီအစဉ်အနေနဲ့ အမေရိကန်ဒေါ်လာ (၅) သန်းကို နော်ဝေအစိုးရ ကူညီသွားမယ်လို့ ကျောက်ကြီး KNU ဆက်ဆံရေးရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နော်ဝေ ဒု-နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
KNUနဲ့ အစိုးရတို့ လုံးဝ-အပစ်အခတ်ရပ်ပြီးတဲ့နောက်ပိုင်းမှာလည်း
ဒေသတွင်း မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းတွေ အတွက်
နော်ဝေနိုင်ငံက နောက်ထပ်ကူညီသွားဖို့ရှိကြောင်း သိရပါတယ်။
(Photo: Karen News)
No comments:
Post a Comment