အိန္ဒိယဝန်ကြီးချုပ်မန်မိုဟန်ဆင်း စာချွန်လွာ ၁၀ခုလက်မှတ်ရေးထိုး..
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ သမ္မတ ဦးသိန်းစိန်တို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးပြီးနောက် နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက် ၂ ရပ်နဲ့ နားလည်မှု စာချွန်လွှာ ၁ဝ ခု လက်မှတ် ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
သဘောတူညီချက် ၂ ခုက နှစ်နိုင်ငံ လေကြောင်း ဝန်ဆောင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ အိန္ဒိယ ကာကွယ်ရေးနဲ့ သုတေသန
လေ့လာရေးဌာန နဲ့ မြန်မာနိုင်ငံက မဟာဗျူဟာနဲ့ နိုင်ငံတကာရေးရာ
လေ့လာရေးဌာန အကြား ပူးပေါင်းဆောင်ရွက်ရေးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
နားလည်မှု စာချွန်လွှာတွေထဲမှာ.. အိန္ဒိယ အစိုးရက မြန်မာနိုင်ငံကို အမေရိကန် ချေးငွေ ဒေါ်လာ သန်း ၅ ရာ ပေးမယ့် ကမ်းလှမ်းချက် ပါဝင်ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊
မြန်မာနိုင်ငံမှာ IT နည်းပညာ ဌာနတခု ဖွင့်လှစ်နိုင်ရေးအတွက် အကူအညီပေးဖို့၊ နေပြည်တော်မှာ စပါး ဇီဝဥယျာဉ် တည်ထောင်ရေး
အတွက် အကူအညီပေးဖို့ အပါအဝင် ဒဂုံတက္ကသိုလ်နဲ့ ကာလကတ္တား တက္ကသိုလ် အကြား ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတွေလည်း ပါဝင်ပါတယ်။
ဝန်ကြီးချုပ် မန်မိုဟန်ဆင်းဟာ မနက်ဖြန်မှာ ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့
တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပြီး မြန်မာ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့လည်း
တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။
(Photo: AFP PHOTO/PIB/SHIVRAJ)
No comments:
Post a Comment