Friday, September 19th, 2008
ဒီနေ့ဟာ ဆရာမလေး ယဉ်ယဉ်သူ အတွက် တာဝန်ကျရာ နာဂ တောရွာလေး တစ်ရွာသို့ သွားရမည့်နေ့ဖြစ်သည်။
ဆရာမလေး ယဉ်ယဉ်သူအတွက် ဒီနေ့ဟာ ပျော်ရွင်မှု၊ ၀မ်းနည်းမှုတွေကိုပါ တစ်ပြိုင်တည်း ခံစားရသောနေ့ ဘ၀အတွက် အမှတ်တရ နေ့ထူးနေ့မြတ် တစ်ရက် ပေးတည်း။
ဆရာမလေး ယဉ်ယဉ်သူသည် အရှက်အကြောက် အလွန်ကြီးပြီး ရိုးရိုးယဉ်ယဉ် နေထိုင်ကာ အလွန်မြန်မာဆန်သော မြန်မာအမျိုးသမီးတစ်ဦးဖြစ်သည်။
ဒီနေ့တော့ မိသားစုနဲ့ ခွဲကာ တာဝန်ကျရာ နာဂ တောရွာလေးသို့ ထွက်ခဲ့သည်။ နာဂ တောရွာလေးဟာ ငြိမ်းချမ်းသာယာပြီး ရိုးသားဖြူစင်မှုအပြည့် ဆရာမလေးကို ကြိုဆို ခဲ့ကြသည်။
ဆရာမလေး ယဉ်ယဉ်သူဟာ အနေအေးသူ အရှက်၊အကြောက်ကြီးသူဖြစ်ပြီး ရိုးရိုးအေးအေး နေတတ်သော ကြောင့် ရွာသူရွာသားများဟာ ဆရာမလေးကို အလွန်ချစ်ခင် ခဲ့ကြသည်။
ဒီလိုနဲ့ ဆရာမလေး ဟာ နာဂ ရွာလေးမှာ နှစ်နှစ်ခန့်ကြာသွားခဲ့သည်။ အချိန်နေ ပြောင်းလဲလာသည်နှင့် အမျှဆရာမလေးဟာ နာဂ ရွာလေးကို ဂျန ဟုခေါ်သော ခေတ်ပညာတတ် နာဂ လူငယ်တစ်ဦးနှင့် အတူ ချစ်ခင်မြတ်နိုးနေခဲ့ပါပြီ။
ဆရာမလေး နဲ့ ဂျန ဟာ တစ်ဦးကိုတစ်ဦးသိပ်ချစ်ကြပြီး အရမ်းလဲ လိုက်ဖက်မှုရှိလှ သည်။
အခုတော့ဖြင့် သိပ်ချစ်ကြသော ချစ်သူနှစ်ဦး ခွဲခွာရပေဦးမည်။ ဆရာမလေး ယဉ်ယဉ်သူ သည် နာဂရွာလေးမှ အခြားနေရာသို့ ပြောင်းရွှေ့ရပေတော့မည်။
ဆရာမလေး အပေါ်ချစ်ခင်ကြသော နာဂ ရွာသူရွာသားများဟာ လဲဝမ်းနဲကြေကွဲ စွာခံစားခဲ့ကြရသည်။ သူတို့ချစ်ခင်ရသော ဆရာမလေးအတွက် အမှတ်တရ နှုတ်ဆက် ပွဲလေးကိုဆရာမလေး မပြောင်းရွေ့မှီတစ်ညတွင် ကျင်းပခဲ့ပါသည်။
နာဂ ယဉ်ကျေးမှုအတိုင်း ဆရာမလေးကို ဂုဏ်ပြုနှုတ်ဆက်ကြည်သည်။ ဂျန အပါအ၀င် နာဂ လူငယ်များဟာ ရိုးရာဝတ်စုံကို ၀တ်စင်ကပြကြသည်။ ဆရာမလေး ယဉ်ယဉ်သူ ဟာ အရှက်တရားကြီးလေတော့ လူငယ်တွေကို ရဲရဲမကြည့်ဝံ့ပဲ စီးကျနေသော မျက်ရည်တို့ကို သုတ်ဖယ်ရင် ခေါင်းငုံ့ထားလေတော့သည်။
ညဉ့်နက်လို့အားလုံးသိမ်းလိုက်အပြီးမှာတော့ ဆရာမလေးနဲ့ ဂျန တွေ့ရာနေရာလေးမှာ ဆရာမလေးဟာ ဂျနကို နှုတ်ဆက်ဖို့အတွက် စောင့်စားနေခဲ့သည်။ ရင်တွင်း ပူလောင်နေသော ဂျန မှာလဲ လေးလံနေသောခြေလှမ်းတို့ဖြင့် တောင်ကမူလေစီသို့ လျှောက်လာခဲ့သည်။ စိတ်တွေလေးလံနေသောကြောင့် ရိုးရာဝတ်စုံကိုတောင်မလဲမိပဲ ဆရာမလေးရှိရာသို့သာထွက်လာခဲ့ခြင်းဖြစ်သည်။
ခြေသံအစုံကို သဲ့သဲ့ကြားနေရသည်။ ဆရာမလေးရင်ထဲမှာလဲ ပူဆွေးသောကတွေ အသီကြီးနဲ့ပေါ့။ ခြေသံအစုံ အနီးနားရောက်လာချိန်မှာ ဆရာမလေးယဉ်ယဉ်သူ ခြေသံ လာရာ အရမ်သို့ ခေါင်းလေး တစ်ဖြည်းဖြည်း ငဲ့ဆောင်းကြည့်လိုက်မိသည်။
မျက်ရည်အစုံကြားမှ အရိပ်တစ်ခုကိုေ၀၀ါးစွာတွေ့မြင်နေရသည်။ ဂျန ဟုတ်ပါသည် ဂျနပါ။ ဆရာမလေးမှာ မျက်ရည်တွေကို အသာအယာသိမ်းစည်း လိုက်ချိန်မှာတော့ မြင်ကွင်းတစ်ခုကို ထင်လင်းစွာတွေ့လိုက်ရတော့သည်။
ဂျန ကိုလုံးတည်းကြီးမှာ မောင်းလေးတစ်လုံးသာ အကာအကွယ်ယူထားသော ဂျန .. ဆရာမလေး ယဉ်ယဉ်သူ မျက်နှာတစ်ခုလုံး နီရဲကာ ဂျန ၏ တစ်ခုတည်းသော အကာအကွယ် ယူထားရာ မောင်းလေးကို လက်ညိုးထိုးရင် .. ပါးစပ်ကလဲ .. မောင်း … မောင်း … မောင်း … ဟု ဆိုကာ အိမ်ရှိရာသို့သာ အပြေးထွက်လာခဲ့မိတော့သည်။
ဂျန ရင်ထဲမှာလဲ ဇဝေဇ၀ါနှင့် မောင် ဟုပဲခေါ်သွားလေသလား မောင်းဟုပဲအော်သွား လေးသလား အတွေများရှာရှာလည်ကာ အိမ်သို့သာ ပြန်လာခဲ့မိသည်။
ဒီလိုနဲ့ မနက်အလင်းမှာတော့ ဂျနအနေနဲ့ ဆရာမလေးယဉ်ယဉ်သူနဲ့ ထပ်တွေ့ခွင့် မရတော့ပေး။ ဟုတ်ပါတယ် အရှက်အကြောက်ကြီးသော ဆရာမလေး ယဉ်ယဉ်သူအနေနဲ့ ကတော့ သူမ၏ အချစ်ရာဇ၀င်တွင် မောင်းနဲ့အတူ မောင့်ကိုထားရစ်ခဲ့ပါပြီ။
ဂျန သိလိုက်ပါပြီ ဆရာမလေး ယဉ်ယဉ်သူ အခုလိုဖြစ်သွားတာဟာ သူ့အပြစ်ပေပဲဆိုတာပေါ့။ တကယ်တော့ ဆရာမလေဟာ အရှက်ကြီးသူဖြစ်သောကြောင့် အဲဒီညက ဒီဝတ်စုံလှလှလေးနဲ့ သူ့ရှေ့ကိုမလာသင့်ဘူးလေ။ နောက်ပြီး မောင်းက ကြိုးတစ်ချောင်းလဲ ပြတ်နေသေးတယ်လေ။
ဒါကြောင့် သူမရာဇ၀င်ထဲမှာ မောင်းကို ထားရစ်ခဲ့ခြင်းပါ။ အခုတော့ ရာဇ၀င်ထဲမှာ မောင်းကိုထားသွားခဲ့ပါပြီလေ။
No comments:
Post a Comment