| Friday, 20 August 2010 |
ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် အမိန်ကြော်ငြာစာအမှတ် ၃၂၊ ၃၃၊ ၃၄/၂၀၁၀ တို့ ကို သြဂုတ်လ ၂၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်း ယနေ့ညနေပိုင်းတွင် နိုင်ငံပိုင်ရုပ်သံမီဒီယာမှ တစ်ဆင့်ကြေညာခဲ့သည်။ အမိန့်ကြော်ငြာစာ ၃၂/၂၀၁၀ အပြည့်အစုံမှာ တိုင်းဒေသကြီးများ ခေါ်ဝေါ်သုံးစွဲရန် သတ်မှတ်ခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၃ အရ ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည်နေ့ မတိုင်မီ နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အကောင်အထည်ဖော်ရေးအတွက် ကြိုတင် ဆောင်ရွက်သင့်သည့် လုပ်ငန်းရပ်များကို ကြိုတင်ဆောင်ရွက်ထားရန် ပြဌာန်းချက်နှင့်အညီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၉ ပါ ပြဌာန်းထားသည့်အတိုင်း(က) စစ်ကိုင်းတိုင်းကို စစ်ကိုင်းတိုင်းဒေသကြီးအဖြစ်လည်းကောင်း၊ (ခ) တနင်္သာရီတိုင်းကို တနင်္သာရီတိုင်းဒေသကြီးအဖြစ်လည်းကောင်း၊ (ဂ) ပဲခူးတိုင်းကို ပဲခူးတိုင်းဒေကြီးအဖြစ်လည်းကောင်း၊ (ဃ) မကွေးတိုင်းကို မကွေးတိုင်း ဒေသကြီးအဖြစ်လည်းကောင်း၊ (င) မန္တလေးတိုင်းကို မန္တလေးတိုင်းဒေသကြီးအဖြစ်လည်းကောင်း၊ (စ)ရန်ကုန်တိုင်းကို ရန်ကုန်တိုင်းဒေသကြီးအဖြစ်လည်းကောင်း၊ (ဆ)ဧရာဝတီတိုင်းကို ဧရာဝတီတိုင်းဒေသကြီးအဖြစ်လည်းကောင်း ခေါ်ဝေါ်သုံးစွဲရန် သတ်မှတ်လိုက်ကြောင်းဟု ဖော်ပြပါရှိပါသည်။ ဆက်လက်၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် အမိန့်ကြော်ငြာစာ အမှတ် ၃၃/၂၀၁၀ ကိုလည်း ထုတ်ပြန်ကြေငြာခဲ့ပါသည်။ အဆိုပါကြော်ငြာစာတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ရုံးစိုက်ရာမြို့များသတ်မှတ်ခြင်း၊ (၁) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံပုဒ်မ ၅၆ အရကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို အောက်ပါအတိုင်းသတ်မှတ်ထား ကြောင်း ဖော်ပြထားပါသည် (က) ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ် နှင့် ပန်ဆန်း(ပန်ခမ်း)မြို့နယ် ခြောက်မြို့နယ်တို့ကို စုစည်းပြီး "၀"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ (ခ) စစ်ကိုင်းတိုင်းရှိ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့ကို စုစည်းပြီး "နာဂ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (ဂ)ရှမ်းပြည်နယ်ရှိ ရွာငံမြို့နယ် နှင့်ပင်းတယမြို့နယ်တို့ကို စုစည်းပြီး "ဓနု"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ (ဃ)ရှမ်းပြည်နယ်ရှိ ဟိုပုန်းမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်တို့ကိုစုစည်းပြီး "ပအိုဝ်း"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ။ (င)ရှမ်းပြည်နယ်ရှိ နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ်တို့ကိုစုစည်း ပြီး "ပလောင်"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ။ (စ) ရှမ်းပြည်နယ်ရှိ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်တို့ကို စုစည်းပြီး "ကိုးကန့်"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ။ ၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၃ အရ ဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်သည့်နေ့ မတိုင်မီ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အကောင်အထည်ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်သင့်သည့် လုပ်ငန်းရပ်များကို ကြိုတင်ဆောင်ရွက်ထားရန် ပြဌာန်းချက်နှင့် အညီ အပိုဒ်(၁)ပါအတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအဖြစ် သတ်မှတ်လိုက်ကြောင်းနှင့် ၎င်းတို့၏ရုံးစိုက်ရာမြို့များကို အောက်ပါအတိုင်း သတ်မှတ်လိုက်ကြောင်း သိရသည်။ (က) "၀"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအတွက် ဟိုပန်မြို့၊ (ခ) "နာဂ"ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသအတွက် လဟယ်မြို့၊ (ဂ) "ဓနု"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွက် ပင်းတယမြို့၊ (ဃ) "ပအိုဝ်း"ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသအတွက် ဟိုပုန်းမြို့။ (င) "ပလောင်"ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအတွက် နမ့်ဆန်မြို့၊ (စ) "ကိုးကန့်"ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအတွက် လောက်ကိုင်မြို့တို့ဖြစ်ကြောင်း ကြေညာချက်တွင်ပါ ၀င်ပါသည်။ ထို့ပြင် နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် အမိန့်ကြော်ငြာစာအမှတ် ၃၄/၂၀၁၀ ကို ယနေ့ရက်စွဲဖြင့် ထပ်မံထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါ ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော်တွင် ခရိုင်နှင့် မြို့နယ် များသတ်မှတ်ခြင်း။ (၁)ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၈၄ တွင် ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော်အုပ်ချုပ်ရေးနယ်မြေနှင့်ပတ်သက်၍ သတ်မှတ်ပြဌာန်းဖော်ပြထားပါသည်။ (၂)ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ် မ ၄၄၃ အရ ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည့်နေ့မတိုင်မီ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အကောင်အထည်ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်သင့်သည့် လုပ်ငန်းရပ်များကို ကြိုတင်ဆောင်ရွက်ထားရန် ပြဌာန်းချက်နှင့်အညီ အောက်ပါခရိုင်နှင့်မြို့နယ်များကို ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်လိုက်သည်။ (က) ခရိုင်၊ ၁။နေပြည်တော်ခရိုင် (ခ)မြို့နယ်များ ၁။ ဇေယျာသီရိမြို့နယ် ၂။ ဇမ္ဗူသီရိမြို့နယ် ၃။ ဒက္ခိဏသီရိမြို့နယ် ၄။ ဥတ္တရသီရိမြို့နယ် ၅။ ပုဗ္ဗသီရိမြို့နယ် ၆။ ပျဉ်းမနားမြို့နယ် ၇။ လယ်ဝေးမြို့နယ် ၈။ တပ်ကုန်းမြို့နယ် တို့ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။ အဆိုပါအမိန်ကြော်ငြာစာ သုံးခုစလုံးတွင် အမိန့်အရ ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး အတွင်းရေးမှူး (၁) နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဟု ဖော်ပြပါရှိကြောင်း သိရသည်။ |
Friday, 13 April 2012
တိုင်းခုနစ်တိုင်းကို တိုင်းဒေသကြီးများအဖြစ် လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ ရုံးစိုက်ရာ မြို့များကို လည်းကောင်း ပြည်ထောင်စုနယ်မြေတွင် ခရိုင်နှင့်မြို့နယ်များကို လည်းကောင်း သတ်မှတ်ကြေညာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment