Friday, 13 April 2012

တစ်ချိန်ကမေ့မရသည့်နာဂတောင်အလွှမ်း



( နာဂ တောင်တန်းဒေသ နေစဉ်အခါက ဖြစ်ရပ်မှန်အတွေ့အကြုံလေး တစ်ခု)
လူသားတစ်ဦးတစ်ယောက်စီတွင် ကိုယ်ပိုင်အခွင့်အရေးများ ရှိကြ၏ ။ထိုသို့ကိုယ်ပိုင်အခွင့်အရေးများရှိကြရာတွင်” ငါ့မှာလုပ်ပိုင်ခွင့်တွေအများကြီးရှိတယ်။ငါလုပ်ချင်တာကိုလုပ်မယ်“စသည်ဖြင့်အတွေးများဝင်ရောက်ပြီးစိတ်အလိုကိုလိုက်ကာ စိတ်ထင်တိုင်း မကောင်းမှု ဒုစရိုက် အကုသိုလ်တရားများကို လွန်ကျုးနေမည်ဆိုပါလျှင် ထိုပုဂိုလ်၏ အခွင့်အရေးသည် ရေတိမ်နစ်ကာ ဆုးံရူးံပျက်စီးပြီး ပစ္စုပန် သံသရာနှစ်ဖြာ ဘဝအတွက် နစ်မွမ်းသွားမည်သာဖြစ်ပါသည်။ ဘဝဟာလည်း အဓိပါယ် မေ့စေခဲ့ပေမည်။ ကောင်းသောအခွင့်အရေးများကို ကောင်းသောစိတ်ဖြင့် အသုးံချမည် ဆိုပါလျှင်ကား ပစ္စုပန် သံသရာနှစ်ဖြာ ဘဝအတွက် ကောင်းကျိုးရလဒ်များကို ခံစားကြရမည်ဖြစ်ပါသည်။ဘဝဟာလည်း အဓိပါယ်ရှိစေခဲ့ပေမည်။ လူသားတစ်ဦး တစ်ယောက်စီတွင် ကိုယ်ပိုင်အခွင့်အရေးများရှိသလို လိုလားတပ်မက် ကြိုက်နှစ်သက်ကြသော အရာများလည်းရှိကြ၏ ။ သို့သော် အများအားဖြင့် အကြိုက်ချင်းတော့ တူညီကြမည် မဟုတ်ပေ။” အကြိုက်တူလျှင် ရန်သူဖြစ်၏ “ဟု ဆိုရိုးစကားကဲ့သို့ တစ်ဦးနှင့် တစ်ဦး အကြိုက်ချင်းတူညီမှုမှာကား အလွန်ရှားပါးသည်။ အနည်းစု အားဖြင့်ကား တစ်ဦးနှင့်တစ်ဦး အကြိုက်ချင်းတူညီလျှင် တူညီကြပေလိမ့်မည်။ လုးံစုံ ဥဿုံကား တူုညီမှုမရှိသည်မှာ အမှန်ပင်။ “ အလောဘေန အာရောဂျဿ ပစ္စယော ဟောတိ “ ဟူသောဗုဒ္ဓ စကားတော်အရ အစာ အဟာရများကို သုးံဆောင်စားသုးံကြရာတွင် ကိုယ်ကြိုက်နှစ်သက်တိုင်း မသုးံဆောင် မစားသုးံဘဲ ကိုယ်နှင့်တည့်သည့် ကိုက်ညီသည့် အစာအဟာရများကိုသာ သုးံဆောင်စားသုးံပါမှ ရောဂါကင်းပြီး အသက်ရှည်ပေသည်။ တည့်မှန်းမသိ ၊ မတည့်မှန်းမသိ ကြိုက်နှစ်သက်တိုင်း စားသုးံပါလျှင်ကား ရောဂါများပြီး အသက်တိုတတ်ပါသည်။
နာဂ တောင်တန်းဒေသ အံ့ပေါ်ရွာမှ ခါးနိုး ဆိုသူသည် အရက်ကို အလွန်ကြိုက်သူတစ်ယောက် ၊ တစ်နေ့လျှင် အရက် သုးံပုလင်း ပုံမှန်သောက်၏။ အရက်သောက်သော်လည်း အလွန်အကျွန် မူးသည်ဟူမရှိ ။ သူ့ဘဝတွင် အရက်သည် ဘဝအဖေါ်၊ အိပ်ရာထပြီး မျက်နှာမသစ်ခင်မှာ အမြဲသောက်လေ့ရှိသည်။ အရက်မသောက်ရလျှင် သူမနေနိုင်၊ အရက်ကုန်သွားသည့်နေ့ဆိုလျှင် အရက်မသောက်ရ လက်ခြေများတုန်ခါနေတတ်သည်။ သူ့မိန်းမ “ မာလုံထီဒိုင်း” မှာအရက်ပြတ်လတ်သွားမှာကို စိုးရိမ် အရက်ချက်ပြီး ဝါးဘူး လေးငါးဘူးနဲ့ အမြဲ ထည့်ထားရသည်။ သူ့စရိုက်မှာ အရက်လေးပုလင်း ၊ငါးပုလင်း၊ သောက်မူးသွားပြီဆိုလျှင် မည်သူ့ကိုမျှရန်မလုပ် ၊ စကားလေးမပြောတော့ဘဲ အိပ်မြဲသာ အိပ်နေတော့သည်။ ထိုစရိုက်မှာကား သူ့ဘဝအတွက် အဆိုးထဲက အကောင်းတစ်ခုဖြစ်သည်။ ကျေးရွာအတွင်းမှာ အရက်ကို အလွန် အကျုးသောက်သောသူမှာ သူတစ်ဦးတည်းသာ ရှိသည်။ သူ့မျက်နှာ နှင့် ရင်ဘတ်တို့သည် အမြဲတမ်းနီရဲနေပြီး သူ့ကိုယ်တွင် တစ်ခါမျှ အင်္ကျီ ဝတ်သည်ကိုမတွေ့ရ ။ တစ်ခါတစ်ရံများမှာ ကျောင်းသို့ဆေးလိပ်တောင်းသောက်ရန်ေ၇ာက်လာတတ်သည်။ သူသည် ဗမာစကားကို တစ်ခွန်းစ နှစ်ခွန်းစ ပြောတတ်၏ ။ ရွာသူရွာသားများသည်လည်း ဆေးလိပ်လာတောင်းသောက်ကြသည့်အတွက် သတင်းစာ စက္ကု နှင့် ဆေးမှုန့်ထုပ်များကို အမြဲ ဝယ်ထားရသည်။
ခါးနိုး တစ်ယောက် ကျောင်းသို့လာတိုင်း စာရေးသူက အရက်မသောက်ဖို့အကြောင်းကို အမြဲပြောပြသည်။ “အရက်မသောက်ပါနဲ့”ဟုပြောလျှင်သူစိတ်မကောင်း၊ အရက်သောက်လျှင်အသက်တိုသည့်အကြောင်းကိုပြောပြ သော်လည်း နာဂ စကားဖြင့် ( ငွေးယမ်း ၊ ငွေးယမ်းလာဟု၊ ကယု ယွမော်၊ အနိုင်ယွ၊ ဆက်ကန်းကျ) “ သိတယ်၊သိတယ် ၊ မသောက်ရင်မနေနိုင်တာက ခက်တယ်” တဲ့ ။ “ အရက်သောက်တာက ၁၀ နှစ်တောင်ရှိနေပြီမို့ အသက်သေရင်လည်းသေပါစေတော့ ခုမှ အရက်ကို မဖြတ်တော့ဘူး” ဆိုပဲ ။ မကြာခင်မှာ သူ့ခန•ာကိုယ်တွင် ချောင်းဆိုးသွေးအန် ရောဂါတစ်ခုစွဲကပ်လာလေပြီ။ စာရေးသူထံဆေးလာတောင်းလျှင်လည်း ချောင်းဆိုးသွေးပါ တီဗီရောဂါကောင်းသည့်ဒေါ်ထူးထူး အဆုတ်သန့်ဆေးမှုန့်မျှကိုသာ ပေးနိုင်သည်။ ထိုဆေးသောက်လည်းသူ့ရောဂါက မသက်သာ။ ဖြစ်မြဲသာဖြစ်နေ၏။ သူသည်နွားနှင့် ဝက်များရှိသူလည်းဖြစ်၏။ “ နွားနှင့် ဝက်တွင် တစ်ခုခုကို ရောင်းပြီး လဟယ်မြို့မှာ ဆေးသွားကုရအောင် စာရေးသူ ကိုယ်တိုင်လိုက်ပြီး ဆောင်ရွက်ပေးမည် “ ဟု ပြောပြသော်လည်း ဘာတစ်ခွန်းမျှ ပြန်မပြော ၊ အမျိုးမျိုး နားလည်အောင်ပြောပြသော်လည်း သူ့စိတ်ထဲတွင် ဆေးကုသရန်စိတ်မဝင်စား၊ ရောဂါက နတ်တင်လျှင်ကောင်းမည်ဟူသော အတွေးက သူ့စိတ်ထဲတွင် ဝင်နေပြီးနတ်တင်မည့် အလုပ်ကိုသာ အားသန်နေပုံရသည်။ တစ်ရက်နှစ်ရက်အကြာတွင် ခါးနိုး တစ်ယောက် အိပ်ရာထဲမှ မထနိုင် ၊ အစာလည်းမစား ၊ ရေကိုတောင်မှ ဇွန်းနှင့် ခပ်တိုက်ရသည့် အဆင့်ထိ ရောက်နေပြီဟူသော သတင်းကြားရသည်။ စာရေးသူ သွားကြည့်သည့်အခါ ခါးနိုးတစ်ယောက် နေ့လား ညလားဖြစ်နေလေပြီ ။
သူ့အိမ်ရှေ့တွင် ရွာသားများစုဝေးပြီး လူနာအတွက် နွားကိုသတ်နတ်တင်မည့်အကြောင်းပြောနေကြသည်။ စာရေးသူက “ နွားကိုသတ်ပြီး နတ်တင်လို့ကား လူနာရောဂါ ကောင်းမှာလား? ဗုဒ• ဘာသာရွာမှာ နတ်မတင်ရဘူး” ဟု ပြောပြသည့်အခါ ရွာသားတစ်ယောက်က မတ်တတ်ရပ်ပြီး “ မင်းက လူနာရောဂါကို ပျောက်အောင် လုပ်ပေးနိုင်မှာလား ငါတို့မှာ နာဂ ဓလေ့ရှိတယ်။ နတ်မတင်လို့ မရဘူး”ဟု စိတ်တိုစွာဖြင့်ပြောကြားသည်။ စာရေးသူ ငြိမ်ငြိမ်သာနေလိုက်၏။ တကယ်လို့ နတ်မတင်ဘဲနဲ့ လူနာအသက်ဆုးံရူးံ သွားခဲ့လျှင် စာရေးသူပြောသောကြောင့် နတ်မတင်လိုက်ရသည့်အတွက် လူနာဆုးံရူးရသည်ဟု စာရေးသူခေါင်းပေါ်တွင် စုပုံကျနေမည်ဖြစ်သောကြောင့် သူတို့ သဘောဆန္ဒအရ လုပ်ချင်တာ လုပ်ပါစေတော့ဆိုပြီး ဘာမျှထပ်မပြောဘဲ နေလိုက်၏။ လူနာအခြေနေကို ကြည့်ပြီးမှ ကျောင်းသို့ပြန်လာခဲ့သည်။ သာသနာပြုရာ၌“ စိတ်ရှည၊် ဇွဲသန် သည်းညည်းခံ၊ ပြုရန် သာသနာ”ဟူသော ဆောင်ပုဒ်ကို လက်တွေ့ အသုးံချနေရတော့သည်။ ရွာသားများသည် လူနာအတွက် နွားထီးတစ်ကောင်ကို သတ်ပြီး နတ်တင်ကြ၏။
ဘုန်းကြီးကျောင်းမှ ကျောင်းသားလေး နှစ်ယောက်က သွားကြည့်ကြသည် ။ နွားထီးခမျာမှာ လည်ပင်းကို ဓါးနှင့် ခုတ်ဘေးကို လှန်နဲ့ထိုးသည့်အခါ နာကျင် အလွန်ပင် အော်ရှာသည်ဟု ပြောပြ၏။ ညည့် ၁၂ နာရီလောက်မှာ လူသေသည့် အထိမ်းအမှတ်ဖြင့် ခါးနိုး အိမ်က တူမီးသေနတ် ဖောက်သံနှင့် မောင်းထုသံများကြားရတော့သည်။ ခါးနိုး တစ်ယောက် အသက်ထွက်သည့်အခါ နွားထီးကဲ့သို့ ကယောင် ကတမ်း အမျိုးမျိုးအော်ဟစ်ပြီးမှ အသက်ထွက်သွားရရှာသည်ဟု ပြောပြကြသည်။ “ ဟေ့ စိတ် နင်ခေါ်ရာငါမလိုက်ဘူး၊ စိတ်ကိုနိုင် သေအောင် မဆင်းရဲ” ဟူသော ဆရာတော်ကြီး တစ်ပါး၏ သြဝါဒ ကို သတိရမိသည်။ ခါးနိုး တစ်ယောက်သည် စိတ်အလိုကိုလိုက်ပြီး အရက်ကို အလွန်အကျွန် သောက်မိ အယူသီးမှုကြောင့် လူ့ဘဝတွင် ကြာကြာမနေခဲ့ရဘဲ ဘဝတွင် အဓိပါယ်မဲ့စွာ အသက်ဆုးံရူးံခဲ့ရသည် မဟုတ်ပါလော့။ ( စိတ်ကိုမကောင်းမှုမှ ထိမ်းချုပ်နိုင်ကြပါစေ)

No comments:

Post a Comment